New Artical

ပန်းသေ ပန်းညိုးရောဂါအတွက် ဖလံတောင်ဝှေးဥ

Magic Mirror


 သားသမီးမရသော စုံတွဲများ ပိန်လှီသူများ သွေးအားနည်းသူများ အတွက် ဖလံတောင်ဝှေးဥ

ဟော်မုန်းအားနည်းသူများ၊အားနည်း ပိန်လှီသူများ သွေးအားနည်းသူများ အဖေါအရောင် ဝေဒနာရှင်များအတွက် အလွယ်ကူဆုံး အကောင်းဆုံးတွေထဲက အကောင်းဆုံး ဆေးနည်းလေးတစ်ခု မျှဝေလိုက်ပါတယ်။

ဒီဆေးနည်းတွေဟာ လက်တွေ့စမ်းသပ်ပြီးသားဆေးနည်းမူမှန်တွေဖြစ်သည့်အတွက် မည်သူမဆို ဘေးကင်းစိတ်ချစွာ ဖေါ်စပ်သုံးဆောင်နိုင်ကြပါသည်။

ယနေ့ခေတ်မှာ ဆေးပညာထက်ဆေးနည်းကိုသာ အလွယ်တကူယူလိုသူများကြပါသည်။ ဆေးဆရာလုပ်သူတွေက မဟုတ်မှန်တင်ပါက အများအတွက်ဘေးဖြစ်နိုင်သည့်အပြင် အကုသိုလ်များလှပါလိမ့်မည်။ ဒါကြောင့် ဆေးစစ် ဆေးမှန်များကိုသာ
တင်ပြပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။

လူ ၁၀၀ တွင် ၈၀ လောက်တည့်သော အကျိုးရှိသောဆေးဖြစ်ပါက ထိုဆေးသည် ကောင်းမြတ်သောဆေးဖြစ်ပါသည်။ ဒါကြောင့် လူတိုင်းနှင့်သင့်တော်သော ဤဆေးနည်းကို တင်ပေးလိုက်ပါသည်။

ဆေးနည်း

၁။ ဖလံတောင်ဝှေးဥ ၁၀ သား

၂။ နွယ်ချို ၁၅ ကျပ်သား

၃။ ထောပတ် ၅ကျပ်သား

၄။ ပျားရည် ၈ ကျပ်သား

၅။ ဇာတိပ္ဖိုလ်သီး ၁ ကျပ်သား

ဆေးဖေါ်စပ်ပုံ

နွယ်ချိုနှင့် ဇာတိဖို သီးကိုအမှုန့်ပြုထားပါ။ ဖလံတောင်ဝှေးဥ (အစို) ပါးပါးလှီး၍ ညက်စွာထောင်းထားပါ။

ထောပတ် +ပျားရည်+ ဖလံတောင်ဝှေး ၃ မျိုးကို မီးပျော့ပျော့ဖြင့် ဦးစွာချက်ပါ။

ဖလံတောင်ဝှေးဥမှထွက်သော အရည်များခမ်းလုနီးပါးဖြစ်သောအခါ

နွယ်ချိုမှုန့် နှင့် ဇာတိဖိုသီး အမှုန့်ကိုထည့်ပါ။

ဖလံတောင်ဝှေး အရေခမ်းသည်အထိ ဆက်ပြီးချက်ပါ။
( ဖလံတောင်ဝှေးဥသည် အစိုဖြစ်သည့်အတွက် ကျိုချက်သောအခါ အရည်ထွက်ပါလိမ့်မည်။
ရေထည့်စရာမလိုပါ)

ကျက်သောအခါ အအေးခံ၍ ဖန်ပုလင်းနှင့်ထည့်၍ လေလုံစွာထားပါ။

တစ်ခါသောက် လဖက်စားဇွန်း ၁ ဇွန်း သောက်ပါ။
နံနက်/ ည ၂ကြိမ်သောက်ပါ။

ကျား မ အားအင်ကုန်ခမ်းခြင်း ဟော်မုန်းဓာတ်လျှော့နည်းခြင်း
မောပန်းလွယ်ခြင်း အာရုံကြော အားနည်းခြင်း ပန်းသေ (ကျား/မ)
လိင်စိတ်နည်းပါးခြင်း။သွေးအားနည်းခြင်း ဖေါရောင်ခြင်း အသားအရည်ပွခြင်း တို့ကို ဆေးတစ်ဖုံမကုန်မီပျောက်ကင်းကြောင်းဆေးက သက်သေခံပါလိမ့်မည်။

(Jerryarbar ဟော်မုန်းဆေးသည် ဖလံတောင်ဝှေးဥမှထုတ်သည်)

မှတ်ချက်။ ။ ယောကျ်ားတွင်သာမက အမျိုးသမီး ပန်းသေရောဂါဆိုတာ ရှိပါတယ်။
ကျားမ အားလုံးသုံးစွဲနိုင်ပါသည်။

 

အားလုံးကျန်းမာကြပါစေ။

Credit to { ဆရာကျော်လင်းအောင် }

No comments