New Artical

ကိုဗစ်ကာကွယ်ဆေး လေယာဉ် ရောက်/မရောက် ကျန်းမာရေးဝန်ကြီးဌာနဘာပြောသလဲ

 


အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအသုတ်အနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရောက်ရှိမည်ဟု တပ် မတော် အာဏာသိမ်းယူခြင်း မပြုခင်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ရာ ဖေဖော်ဝါရီလ ၂ ရက် (ယမန်နေ့)က ရောက်ရှိလာသော်လည်း လေယာဉ် ဆင်းသက်ခွင့် မရသဖြင့် လှည့်ပြန်သွားရသည်ဟု လူမှုကွန်ရက် တွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။

သို့ဖြစ်ရာ ကာကွယ်ဆေးများ ရောက်ရှိခြင်း ရှိ/မရှိနှင့် ပတ်သက်သည့် လက်ရှိအခြေအနေကို သိရှိနိုင်ရန်အတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာ ဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကာကွယ်ဆေး ထပ်မံရရှိဖို့က ဒီရက်ထဲမှာ ဖြစ်နေတော့ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကာကွယ်ဆေးက ရက်အတိအကျတွေတော့ မသိပါဘူး။ သို့သော် ကျမတို့ သိထားတဲ့အရဆိုရင် ကာကွယ်ဆေးက အိန္ဒိယက၂ သန်းသည် ဖေဖော်ဝါရီ ၁၀ ရက် ရောက်မယ်လို့ ကျမတို့ သိထားတာ ဖြစ်ပါတယ်။ ကျမတို့ ဝယ်တဲ့သန်း ၃၀ ထဲက ၂ သန်း ရောက်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ဖေဖော်ဝါရီ ၂၉ လောက်မှာတော့ WHO (COVAX) အဖွဲ့ကနေပြီးတော့ ကာကွယ်ဆေး ပထမအသုတ်ရောက် မယ်လို့ ဒီလိုပဲ သိထားပါတယ်။ အဲဒါပဲ သိပါတယ်။ ကျန်တဲ့ရက်တွေမှာ ရောက်တဲ့ ကိစ္စတွေ မသိပါဘူး။

မေး။ ။ အိန္ဒိယက ကာကွယ်ဆေးတွေ လာပို့ပေမယ့် လေယာဉ်ဆင်းခွင့် မရလို့ ပြန်လှည့်သွားရတယ်လို့ သတင်းတွေ ပျံ့နေတာလည်း တွေ့ရတော့ အဲဒီအခြေအနေကိုရော ဘယ်လိုကြားမိ၊ သိထားပါလဲရှင့်။

ဖြေ။ ။ ဘာမှမကြားမိပါဘူး။ ကျမတို့ နဂိုသိတဲ့ စာရင်းထဲမှာလည်း ဒီနေ့ ကာကွယ်ဆေးရောက်မယ် ဆိုတာ မပါပါဘူး။

 Ref : irrawaddy

No comments