New Artical

ခေတ်စားလာတဲ့ Frugal Living


 သူများနိုင်ငံသားတွေတော့ စတိုင်ပြောင်းပြီ  ဒီနေ့ သတင်း ဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေး တစ်ပုဒ်  ဖတ်ဖြစ်ပါတယ် ။

အင်္ဂလန်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ် စားတဲ့ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်းတွေဝယ်ပြီးနေတဲ့ လူနေမှု ပုံစံကနေ ..

တော်သင့်သလောက် အိမ်လေးရယ် မရှိမဖြစ်လိုမှ ဝယ်တဲ့ ဂျပန်ကားလေးကို စီးပြီး အကြွေးမထူ လူမပူရဘဲ ခပ်အေးအေး နေတဲ့ ပုံစံကို ပြောင်းလဲလာပါတယ် တဲ့ ။

အဲ့ဒီလို ကြွားဝါရမယ့်ကိစ္စတွေမှာ ငွေမသုံးပဲမရှိမဖြစ်တာလေးကို စီစစ်ပြီး သုံးတာကို အင်္ဂလိပ်လို Frugal Living လို့ခေါ်ပါတယ် ။

စားစရာဝတ်စရာ စတာတွေမှာ ငွေကုန်ကြေးကျများတဲ့ ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊ ဝါသနာအရ ဝယ်တာကိုလျှော့ပြီး သင့်တင့်မျှတအောင် နေတာပါ ။

အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ လောဘ အလျှောက်အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ အကျင့်ကနေ ရှိတာလေးနဲ့ လှအောင်ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ နေလာကြပါတယ် ။

ဒီလို နေကြည့်တော့ ဘာသွားတွေ့သလဲ ဆိုတော့..ဘဏ်တွေကနေ အကြွေးယူရတာ အတိုးပေးရတာနည်းသွားပြီး သူတို့နိုင်ငံက လူတွေ အတွက်ဆို အသက်၄၀လောက်မှာ ငွေကြေး စုမိဆောင်းမိ ဖြစ်သွားပြီး ပင်စင်ယူ ကိုယ်ဝါသနာပါရာ လုပ်နေနိုင်သွားပါတယ် ။

ဒါ့အပြင် အလုပ်ရဲ့ ကျေးကျွန်၊ လောဘရဲ့သားကောင် မဖြစ်တော့ပဲ မိသားစုအတွက် အရေးပါတဲ့ တစ်ဦးပေါ်တစ်ဦး အချိန်ပိုပေးလာနိုင်ပါတယ် ။ 

ဂျပန်မှာဆိုလည်း  Frugal living ဟာ အလွန် ခေတ်စားပြီး အိမ်တစ်အိမ်မှာ မလိုတဲ့ ပစ္စည်းတွေ အမှိုက်သရိုက်တွေကို ရှင်းပြစ်ပြီး အိပ်ရာကိုတောင် ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေးကြမ်းပေါ်ခင်းအိပ် မနက်တိုင်း နံရံကပ် ဘီရိုထဲ ထည့်သိမ်းကြပါတယ် ။

မလိုအပ်တဲ့ အရာဆို သွားပွတ်တံထားတဲ့ ခွက်တောင် မထားပဲ ရေချိုးခန်းနံရံစောင်းမှာ စီထားတဲ့ အထိပါ ။

အဝတ်အစားဆိုလည်း ရှိတာကို သပ်သပ်ရပ်ရပ် ဝတ်ကြပြီး စားပွဲတစ်လုံံးထဲရှိတဲ့ ကြမ်းပြင်မှာ စုပြီး စားကြသောက်ကြ စာဖတ်ကြပါတယ်။

အရင်က ချမ်းသာတာကို ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာနဲ့ တိုင်းတာ ကြပေမယ့် .. အခုခေတ်မှာတော့ ချမ်းသာတာကို .. ဘယ်လောက် တင်းတိမ်ရောင့်ရဲ နိုင်သလဲ ဆိုတာနဲ့  တိုင်းတာပါတယ် ။

အလို နည်းခြင်းဟာ ချမ်းသာခြင်း အကြောင်းဆိုတာကို သူတို့ သိလာကြပါပြီ ။


No comments