New Artical

တရုတ်တွင် COVID-19 ပိုးရှိ၊ မရှိ စအိုမှ စစ်ဆေးမှု စတင်ပြုလုပ်နေပြီ


Covid-19 ရှိ၊ မရှိ နှာခေါင်းနဲ့ လည်ချောင်းတွင်း ချွဲစယူ၍ စစ်ဆေးမှု ခံယူရသည်မှာ မသက်မသာဖြစ်တယ်လို့ ထင်မိကြမှာပါ။ 
 
Covid ရောဂါဖြစ်ပွားမှု လှိုင်းသစ် ခံစားနေရသော တရုတ်နိုင်ငံသည် COVID-19 ကိုစစ်ဆေးရန် စအိုကိုထိုး၍စစ်ဆေးသည့်ကိရိယာ (anal swabs) များကို အသုံးပြု၍ စစ်ဆေး​ပေးနေပါတယ်။ ဒေသတွင်းကျွမ်းကျင်သူများကအဆိုပါနည်းလမ်းမှာ ရောဂါပိုးရှိ၊ မရှိ ရှာဖွေဖို့ ပိုမိုတိကျသောနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
 ဒါပေမဲ့ စအိုမှစမ်းသပ်မှုကို ပြီးခဲ့တဲ့နှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ရှန်ဟိုင်းကဲ့သို့သောနေရာမှာ နေထိုင်သူများအတွက် သီးသန့်ထားရှိ အသုံးပြုတာဖြစ်ပါတယ်။
 
 နှာခေါင်းနဲ့ လည်ချောင်းမှ ချွဲစယူခြင်းက အဆင်ပြေလွယ်ကူတာကြောင့် လူကြိုက်အများဆုံးနည်းလမ်းဖြစ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
 
"ဟုတ်ပါတယ်။ စအိုမှ ချွဲစယူစစ်ဆေးခြင်းက လည်ချောင်းမှ ချွဲစယူစစ်ဆေးခြင်းကဲ့သို့အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဓိကကူးစက်သော ဒေသများမှ လူများအပေါ်သာ အသုံးပြုနေပါတယ်" ဟု ဘေဂျင်း You'an ဆေးရုံမှ Li Tongzeng ကပြောပါတယ်။ "ဒါက အဖြေမှားယွင်းမှုကိုလည်း လျှော့ချနိုင်လိမ့်မယ်။" လို့ဆိုပါတယ်။
 
အဆိုပါ စမ်းသပ်မှုက စအိုဝအတွင်းသို့ ၃ မှ ၅ စင်တီမီတာ (၁.၂ မှ ၂ လက်မ) အထိ
ထည့်သွင်းရတာဖြစ်တယ်လို့ သိရပါတယ်။
 
Tongzeng မှပြောကြားသည်မှာ " ဒီနည်းလမ်းက ရှာဖွေတွေ့ရှိမှုနှုန်းကိုမြင့်တက်စေပြီး ရောဂါရှာဖွေရေးရာမှာ မှားယွင်းအဖြေထုတ်မှု (ရောဂါပိုးရှိလျှက်နှင့် မရှိဟု ပြသမှု) ကို လျှော့ချနိုင်လိမ့်မယ်" ဟုပြောကြားခဲ့ပါတယ်။
 
"ကျွန်‌တော်တို့ တွေ့ရှိခဲ့တာက ရောဂါကူးစက်ခံရတဲ့လူနာတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ သူတို့ရဲ့အသက်ရှူလမ်းကြောင်းမှာထက် အစာခြေလမ်းကြောင်း ဒါမှမဟုတ် မစင်ထဲမှာ အချိန်ကြာရှည်စွာရှင်သန်နေပါတယ်" ဟု Tongzeng ကပြောကြားခဲ့ပါတယ်။
 
Ref; New York Post , healthdigest

No comments