သူမကောင်းလည်း ကိုယ်ကောင်းပါ
သူမကောင်းလည်း ကိုယ်ကောင်းပါ
❖ မြတ်စွာဘုရားက . . . လောကမှာတဲ့ ….
❖ တစ်ချို့လူတွေက . . .
ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က ကောင်းလို့
ကိုယ်ကကောင်းနေတာ ။
ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့
သူတော်ကောင်း ဖြစ်နေရတာ။
❖ တစ်ချို့ကျတော့ . . .
ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။
ပတ်ဝန်းကျင်က ကိုယ့်အလိုအတိုင်းပြည့်နေတော့
သဘောကောင်းလိုက်တာ။
ပတ်ဝန်းကျင်အဆိုးနဲ့ တွေ့ရတဲ့အခါမှာ . .
သဘောကောင်းသလား၊ မကောင်းဘူးလား?
ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။
❖ တစ်ချို့ကျတော့လည်း . . .
တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့
သဘောကောင်းနေတာလည်းရှိသေးတယ်။
ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း
ရှိတတ်ပါတယ်။
❖ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး
မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကောင်းနေတာကြောင့်ဆိုရင်
တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
” နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
” ဥပသန ္တ” စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
❖ ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုးတတ်တာလား ?
စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား ?
စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား ?
❖ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။
တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာ
ငါကောင်းအောင်နေနိုင်ရဲ့လား ?
ကိုယ့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားမှာ
ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ။
မြတ်စွာဘုရားက လောကမှာတဲ့ …
ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်က ကောင်းနေတာ ။ ဆိုလိုတာက သူများတွေက တော်နေလို့ ကိုယ်က ကောင်းနေတဲ့ သူတော်ကောင်း ဖြစ်နေရတာ ။
တစ်ချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့ သဘောကောင်းနေတာ ။ အဲလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ။
” နိဝါတ ” – ဘယ်တော့မှ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့ ။
“ဥပသန္တ ” – စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ။
ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ ။
– ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
– ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား ?
– စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား ?
– စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား ?
– ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ? ဆိုတာ စဉ်းစားကြည့်ပါ။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစ ရှေ့ပိုင်းမှာ သာဝတ္ထိပြည်မှာတဲ့ . . . .။ ” ဝေဒေဟိကာ ” ဆိုတဲ့ အိမ်ရှင်သူဌေးမကြီး တစ်ယောက် ရှိတယ်။ အဲဒီသူဋ္ဌေးမကြီးမှာ ” ကာဠီ ” ဆိုတဲ့ အိမ်စေ တစ်ယောက်ရှိတယ် ။
ကာဠီဟာ အရမ်းတော်တယ် ။ အိမ်ရှင်သူဌေးမကြီး ဘာမှ ပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။
အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာ မရှိဘူး ။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ် ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။
အဲဒါကို ကာဠီဆိုတဲ့ ကျွန်မက စဉ်းစားတယ် ။ ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက
ကောင်းနေတာလား ? ငါမလုပ်ပဲထားရင် ငါ့အပေါ် သူကောင်းနိုင်ပါ့မလား ဆိုပြီး သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ် ။
နောက်တနေ့မနက်ကစပြီး ကာဠီဟာ အိပ်ယာမထဘူး။ သူဌေးမကြီးက နေမကောင်းလို့ အိပ်နေတာလား မေးတော့ မထချင်လို့ လို့ ပြန်ဖြေတယ် ။ သူဌေးမကြီး ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံမာလာတယ်။ အဲဒီတစ်နေ့တော့ ဒီတိုင်း ထားလိုက်တယ် ။
နောက်တစ်နေ့ကျပြန်တော့လဲ မထပြန်ဘူး။ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ် ။ ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ် ။ ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကို လှည့်ပြီး . . .
” ဒီမှာ ကြည့်ကြပါဦး , အရမ်းသဘောကောင်းပြီး စိတ်ထား ကောင်းတဲ့ , အရပ်က
ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကို ကြည့်ပါ ” ဆိုပြီး အော်တယ် ။
ဒီနေရာမှာ အဋ္ဌာကထာဆရာကြီးက ရေးထားတာ မှတ်သားစရာ ကောင်းတယ် ။
၁ – ” ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ ”
ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။
၂ – ” ဒေါသော ခဏေနေဝ ပတ္တယတိ”
မကောင်းသတင်းကျတော့ ချက်ချင်း ပြန့်တယ် တဲ့ ။
ဂုဏ်တစ်ခုရဖို့ ဆိုတာ အချိန်အများကြီး လိုတယ် ။ လူတစ်ယောက် ဂုဏ်တက်လာဖို့ ” ဝုန်း ” “ဒိုင်း ” ဆိုပြီး တက်မလာဘူး ။
သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။ အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာ လို့ ဖြစ်လာတော့တာပဲ ။
ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲ ဆိုရင် သူများတော်နေလို့ , ကောင်းနေတဲ့ အကောင်း မျိုး မဖြစ်စေနဲ့တဲ့ ။ ပင်ကိုယ်က ကောင်းအောင်ကျင့်ပါ . . .လို့ ဒီလို ဟောတယ် ။
ပင်ကိုယ်က ကောင်းနေလို့ရှိရင် ဒီလို ရိုက်နှက်သည်အထိ ဘယ်ဖြစ်မလဲ ။အဲဒီနောက်မှာ မြတ်စွာဘုရားက – လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံကြတဲ့အခါ
– မဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ် ။
– ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံရမယ် ။
– ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောတာတွေ ကြုံရမယ်။
– အဲလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို
ဘာနဲ့ ခံယူမလဲတဲ့ ။
– ” မေတ္တာ ” နဲ့ ခံယူပါ တဲ့။
– အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော် ။
“ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ”
( မေတ္တာနှလုံးအစဉ်သုံး ၊ စာ- ၁၈- ၂၄ ) မှ ကောက်နုတ်ပူဇော်ပါ၏
No comments