ဖက်ငိုသူများအထူးသတိပြုရန် နှင့် သေသူ၏အကြားအာရုံ (မရဏာနုဿတိ)
ဖက်ငိုသူများအထူးသတိပြုရန် နှင့် သေသူ၏အကြားအာရုံ (မရဏာနုဿတိ)
သေခါနီး လူတစ်ယောက်သည် နောက်ဆုံးထွက်သက်၌ အကြားအာရုံ (ကြားစိတ်) သည် နောက်ဆုံးဖြစ်ပါ၏။
သေခါနီး လူတစ်ယောက်သည် ကျန်သည့် အာရုံတွေ ချုပ်ဆုံးပြီး အကြားအာရုံဘဲ နောက်ဆုံးကျန်ခဲ့ပါ၏။
- သေခါနီးလူတစ်ယောက်သည် အခြားသူတွေက အနားကနေ ကြည့်နေကြတဲ့အခါ၌ အသက်လည်း မရှူတော့ပေ။ နှလုံးလည်း မခုန်တော့ပေ။ လက်ကောက်ဝတ်၌ သွေးစမ်းကြည့်တော့ သွေးလည်းမတိုးတော့ပေ။
- ယင်းအချိန်၌ အများအားဖြင့် နောက်ဆုံးထွက်သက်၏ အဖော်ဖြစ်သည့် ကြားစိတ် ရှိနေပါသေး၏။
- သေခါနီးလူတစ်ယောက် အခြားအာရုံတွေ ချုပ်သွားသော်လည်း (အခြားသူတွေကသေပြီဟု ယူဆထားသည့် အချိန်၌) ကြားစိတ်က မချုပ်သေးပေ။
- ကြားစိတ်ဟာ အချိန်အားဖြင့် အများဆုံး မိနစ် (၂၀) ခန့်ထိ ရှိနေတတ်ပေ၏။ (မိနစ် (၁၀) အောက်၊ (၁၀) မိနစ်၊ (၅) မိနစ် အမျိုးမျိုးဖြစ်နိုင်သည်ဟု ဆိုလိုပါ၏)
- လူနာရှင်တွေဟာ ဒီကိစ္စကို သိထားရမည့် အရေးကြီးကိစ္စဖြစ်ပေ၏။
- အသက်ထွက်ခါနီးမှာ အလွန်အရေးပါတယ်။ ဘဝ၏နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရတာ အလွန်ကြောက်စရာ ကောင်းလှပါ၏။
- တစ်ချက်ကလေး အာရုံလွဲလိုက်တာနှင့် အပါယ်ကျသွားလျှင် "ဘွာတေးလုပ်၍" မရတော့ပေ။
- အကုသိုလ် အစွဲအလန်းတွေနှင့် သေခါနီး အသက်မထွက်၊ ဝိညာဉ်မချုပ်နိုင်ဘဲ ဆန့်ငင် ဆန့်ငင် ပုဂ္ဂိုလ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
- အချိုကြတော့လည်း အကုသိုလျစတေနာ ၊ ကုသိုလျစတေနာ ကြီးမားစွာမရှိ၊ ဝိပဿနာဉာဏ်တရား အခြေခံကလည်း မရှိတော့ သူရဲ့ကံက သူ့ကို ဘယ်ပို့ရမှန်း မသိဘဲ စိတ်က ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ကြာနေတတ်ပါ၏။ ဒါကို ဘေးကလူတွေက သားကို စောင့်နေသလိုလို
သမီးကို စောင့်နေသလိုလို ထင်နေတတ်ကြ၏။
- မျှော်နေသူက ရောက်လာတော့ "အမလေး ... ရောက်လာပြီလေ ... ထကြည့်ပါဦး" ဟု ဘေးကများ ကုန်းအော်လိုက်ရင် အသက်ထွက် သေမည့် လူက "အပါယ်" ငရဲအိုး တိုက်ရိုက်ပါဘဲ။
- လောဘနှင့်သေ ပြိတ္တာပြည်။
- ဒေါသနှင့်သေ ငရဲပြည်။
- မောဟနှင့်သေ တိရစ္ဆာန်ပြည်။
တောင်အောက်ကို ကျခါနီးလူကို ဆောင့်ကန်ချသလို ဖြစ်သွားမယ်။ သေခါနီး၌ ဖက်ငိုသည့် သူတွေဟာလည်း သေသည့်သူကို အယူမှားစေ၏။
ကျေးဇူးတော်ရှင် ဆရာတော်ပညိန္ဒ
No comments