New Artical

ဝ ငါးလုံး ဆောင်ထားပါ



ဝ ငါးလုံး ဆောင်ထားပါ

ရှင်သန်တက်ခြင်း ဘဝနေနည်းတစ်ခု

(၁) ဝ အောင်စားပါ

အစားကို ပုံမှန်စားပါ စိတ်ညစ်နေလို့ ပင်ပန်းနေလို့ဆိုပြီး မစားဘဲမနေပါနဲ့ စိတ်ခွန်းအားရှိဖို့လိုသလို ကိုယ်ခွန်အားလဲ ရှိဖို့လိုတယ် ဒါမှ သန်မာစွာ ဘဝခရီးကို ဆက်နိုင်မှာပါ တစ်ခုတော့ သတိထားပါ အစားအစားကြောင့် ခွန်အားဖြစ်ရသလို အစားအစားကြောင့်ဘဲ ဘေးရောဂါတွေဖြစ်တက်ပါတယ် ဒါကြောင့် ကိုယ်နဲ့မတည့်တဲ့ ဘေးဖြစ်မယ့်ဟာတွေကို ရှောင်ပြီး အာဟာရဖြစ်စေမယ့်အစာတွေကို ဝအောင်စားပါ။

(၂) ဝ အောင်အိပ်ပါ

အိပ်ရေးဝတဲ့အခါ ကိုယ်ခံအားကောင်းတဲ့အတွက် တစ်ချို့ရောဂါတွေကို  ကာကွယ်ပြီးသားဖြစ်စေတယ် အိပ်ရေးတွေ ပျက်တာများလာရင် မှတ်ဥာဏ်တွေရော လုပ်ဆောင်နိုင်စွမ်းတွေရော စိတ်ဓာက်ပိုင်းဆိုင်ရာ တွေရောတစ်ဖြည်း ဖြည်းနဲ့ ထိခိုက် ကျဆင်းလာနိုင်ပါတယ် အဲ့ဒီအခါ အောင်မြင် ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ဖို့ဆိုတာ ခဲယဉ်သွားပါပြီး အ ချိန် နဲ့ တ ပြေး ညီ အလုပ် လုပ်နေရတဲ့ခေတ်ကြီးမှာ အိပ်ရေးဝအောင်အိပ်ရဖို့ အခွင့်ရေးနည်းပါတယ် ဒါပေမယ့် အတက်နိုင်ဆုံးတော့  အားလပ်ချိန်မှာ ဖုန်းကြည့်တာတွေ  fbသုံးတာတွေကိုလျော့ပြီး ကောင်းမွန်စွာ အိပ်စက် အနားယူပါ ။

(၃) ဝေးဝေးနေပါ

သူ မကောင်းဘူးထင်ရင်ကိုယ်က ခပ်ဝေးဝေးမှာ နေလိုက်ပါ တကယ်လို့ တစ်ခုခုကြောင့် မကင်းနိုင်သေးရင် ကိုယ့်ဘက်က ကောင်းအောင်နေပေးလိုက်ပါ ။ သင် သိ  မှာ ပါ။ ဘယ်လိုလူတွေ , ဘယ်လိုဆက်ဆံရေးတွေ ဘယ်လိုအတိတ်တွေ, ဘယ်လိုပတ်ဝန်းကျင် ဘယ်လိုအချစ်တွေ, ဘယ်လိုတွယ်တာမှုတွေက သင့်ကို စိတ်ဒုက္ခပေးစေတယ်ဆိုတာ သင့်နဲ့ သဟဇာတမဖြစ်စေဘူးဆိုတာ သင့်ကို နာကျင်စေတယ်ဆိုတာ အဲ့ဒီ အရာတွေနဲ့ ဝေးဝေးသာနေလိုက်ပါ ။

(၄) ဝင် မ ရှုပ် နဲ့

တစ်လောကလုံးမှာရှိတဲ့ ပြဿနာတိုင်းက သင့်ပြဿနာ မဟုတ်ပါဘူး လူတိုင်းရဲ့ ကောင်းခြင်း ဆိုးခြင်းကလဲ သင်နဲ့ တိုက်ရိုက် မသတ်ဆိုင်ပါဘူး ကိုယ်က စေတနာထားပြီး ပြောလိုက်ပေမယ့် တစ်ဖတ်လူက နားမလည်တဲ့အခါမျိုးမှာ ထွက်လာတဲ့ အကျိးရလဒ်က ထင်သလောက် ကောင်းမလာနိုင်ဘူး မပြောသင့်တဲ့ နေရာတွေမှာဆိုရင် ဆွံ့အ သလိုသာ နေလိုက်ပါ မကြားသင့်တဲ့ စကားတွေကြားရတဲ့အခါကန်းချင်ယောင်သာ ဆောင်နေလိုက်ပါ ကိုယ့်စိတ်နဲ့ကိုယ် အေးချမ်းအောင်နေပါ ဘယ်သူ့ကြားထဲမှ ဝင်မရှုပ်တာအကောင်းဆုံးဘဲ။

(၅) ဝိပဿနာ ပွားပါ

ဘ ဝ တစ် ခု ကို ထိုက်သင့်သလောက်ဖြတ်သန်ပြီးတဲ့အခါမှာ တစ်ချို့ကိစ္စတွေက ထင်သလောက်အရေးမကြီးမှန် သိလာပါလိမ့်မယ်။ တကယ်အရေးကြီးတာက ကိုယ့်စိတ် အေးချမ်းစေဖို့နဲ့ သေတဲ့အခါ ဘဝကူးကောင်းစေဖို့ပါဘဲ အဲ့အတွက်လဲ ကောင်းမှု ကုသိုလ်တွေကို တက်နိုင်သလောက် ကြိုးစား ပြုဖို့လိုပါတယ်။ မိမိစွမ်းနိုင်သလောက် လှူဒါန်းပေးကမ်းပါ ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းပါ နေ့စဉ်နဲ့အမျှ ဘုရားရှစ်ခိုးခြင်း ပန်း ဆီမီး ရေချမ်းကပ်လျှူခြင်း ဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်း မိ မိ နှင့် တစ် ကွ အားလုံးသော ဝေနေယျသတ္တဝါတွေ နှလုံးစိတ်ဝမ်း အေးချမ်းစေပြီးတော့ ဘေးရောဂါ အန္တာရာယ်အမျိုးမျိူးတို့မှ လွတ်မြောက် ကင်းစင်ပါစေလို့ အာရုံပြုပြီး မေတ္တာတွေ ပို့သမျှဝေပေးခြင်းနှင့် နောက်ဆုံးတစ်ခုကတော့ မြတ်ဗုဒ္ဓသာသနာရဲ့ အနှစ်သာရဖြစ်တဲ့ ရုပ်နမ် ဓမ္မသင်္ခါရတရားတွေအပေါ်ကို အနိစ္စ ဒုက္ခ အနတ္တ ဝိပရိဏာမဓမ္မဆိုပြီး မမြဲခြင်း ဆင်းရဲခြင်း ကိုယ့်အလိုသို့မလိုက်ခြင်း ပြောင်းလဲဖောက်ပြန်တက်ခြင်းတွေပါလားလို့ ရုပ်ခန္ဓာကိုယ်ပေါ်ကို သတိနဲ့ပညာဥာဏ်ကပ်ပြီး ဝိပဿနာ ပွားများရှုမှက်ကြဖို့ကိုဘဲ လေး စား စွာ ဖြင့် တိုက်တွန်းမျှဝေ ရေးသားလိုက်ရပါတယ်။

အကျဉ်းပြန်ချုပ်ရရင်

၁ ။  ဝအောင်စားပါ

၂ ။ ဝအောင် အိပ်ပါ

၃ ။ ဝေးဝေး နေပါ

၄ ။ ဝင် မ ရှုပ် ပါ နဲ့

၅ ။ ဝိပဿနာ ပွားပါ 


အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ။


No comments