New Artical

ပြုံးလိုက်တိုင်းလှစေဖို့ သွားချိုးတွေကွာကျစေမယ့် အထိရောက်ဆုံးနည်းလမ်းများ


ပြုံးလိုက်တိုင်းလှစေဖို့ သွားချိုးတွေကွာကျစေမယ့် အထိရောက်ဆုံးနည်းလမ်းများ

 ၁။ မုန့်ဖုတ်ဆိုဒါ (Baking soda) 

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း ဆားအနည်းငယ်အထက်ပါနှစ်မျိုးကိုရောပြီး သွားတိုက်ဆေးအဖြစ် အသုံးပြုပါက သွားပေါ်ကပ်နေတဲ့ချိုးတွေ အမြန်ဆုံးကွာကျသွားမှာပါ။

၂။ ရှားစောင်းလက်ပပ်နဲ့ ဂလစ်ဆရင်း(Glycerine) 
ရေတစ်ဖန်ခွက်  မုန့်ဖုတ်ဆိုဒါဖန်ခွက်တစ်ဝက် ရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း  ဂလစ်ဆရင်းလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ သံပယိုရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း အားလုံးကိုရောနှောပြီး သွားတိုက် ဆေးအဖြစ်အသုံးပြုပါက မိန စ်ပိုင်းအတွင်း သွားတွေ ပိုမို သန့်ရှင်းကျန်းမာပြီး ဖြူဖွေးတောက်ပ လာမှာပါ။

၃။ လိမ္မော်ခွံ 
လိမ္မော်ခွံနဲ့သွားတွေကို တိုက်ပေးခြင်းက သွားချိုးတွေကို ကွာ ကျသွားစေသလို သွားပိုးစားစေတဲ့ ဘက်တီးရီးယားပိုးတွေကို လည်း တိုက်ခိုက်ပေးပါတယ်။

၄။ နှမ်းစေ့ 
နှမ်းစေ့တွေကို မိနစ်အနည်းငယ်ကြာအောင် ဝါးပြီး ပြန်ထွေးထု တ်လိုက်ပါ။ ပြီးရင် ခြောက်သွေ့တဲ့သွားတိုက် တံနဲ့ ကျန်နေတဲ့နှ မ်းစေ့တွေကို ဖယ်ရှားပစ်လိုက်ပါ။ သွားတွေကို သန့်ရှင်းသွား စပြီး သွားချိုးတွေကိုလည်း ကွာကျသွားစေပါတယ်။ 

၅။ ဗီတာမင် C ပါဝင်တဲ့သွားဖြူဆေး 
အာလူး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးလိုမျိုး ဗီတာမင် C ပါဝင်တဲ့ အသီးအရွက်တွေကို ထု ထောင်းပြီး သွားတိုက်ဆေးအဖြစ် အ သုံးပြုခြင်းက သွားချိုးတွေမဖြစ်ပေါ်အောင်ကာကွယ်ဖို့ အမြန် ဆုံး နဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၅ မိနစ်ခန့် ကာရင် ရေနဲ့ဆေးချပါ။ ဒီနည်းလမ်းဟာ ခံတွင်းထဲက ဘယ်လို ဘက်တီးရီးယားပိုးတွေကိုမဆိုသေစေပြီး အသက်ရှူလမ်းကြော င်းကို ကောင်းမွန် စေပါတယ်။

၆။ ရှာလကာရည် 
ရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း ဆားတစ်ဇွန်း  ရေ ၉ အောင်စ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး အာ လုတ်ကျင်းပါ။ မကြာခဏပြု လုပ်ပေးရင် သွားချိုးတွေကွာ ကျပြီး သွားတွေဖြူဖွေးတောက်ပ လာမှာပါ။

ကဲ  သင့်မှာလည်း ကျန်းမာရေးကိုမထိခိုက်စေဘဲ သဘာဝအ တိုင်း သွားလေးတွေ ဖြူစင်လှပစေတဲ့ နည်းလမ်းလေးတွေရှိရင် | Comment box မှာ မျှဝေခဲ့ပါဦးနော်။

Crd:

No comments