New Artical

အတုယူတတ်ပါစေ


ထိုင်း လေဆိပ် အဝင် လမ်းဘေးမှာ ပေ 60 လောက် ရှည်တဲ့ ဘီလ်ဘုတ်ကြီး ထောင်ထားပါတယ်။
တစ်နှစ်၊ တစ်နှစ်ကို သန်းနဲ့ ချီဝင်ရောက်လာတဲ့ ကမ္ဘာ တစ်လွှားက ဘာသာပေါင်းစုံ ခရီးသွားတွေကို ထိုင်းအစိုးရက သတိပေးထားတာ ဖြစ်ပါတယ်။  " ဗုဒ္ဓ ဆိုတာ အလှဆင်ဖို့ မဟုတ်ပါ။  လေးစားမှု ဆိုတာ လူလိုသိရမှာ...." ဆိုတဲ့ ဘီလ်ဘုတ်ကြီးကို စိုက်ထူထား တာ ဖြစ်ပါတယ်။  ဗုဒ္ဓ ပုံ နဲ့ ပွဲ မလုပ်ပါနဲ့...၊ နိုက်ကလပ်တွေမှာ မသုံးပါ နဲ့ တက်တူး မထိုးပါနဲ့...စတာတွေကို တားမြစ်ထားတာပါ။  သူတစ်ပါး ကိုးကွယ်ယုံကြည်မှုကို ကိုယ့်ရဲ့ ဖျော်​ဖြေ​ရေး အတွက် အသုံးမချပါနဲ့...လေးစားမှု ရှိပါလို ့ .. ထိုင်းနိုင်ငံက သူ့ဆီလာတဲ့ ဧည့်သည်တွေကို  ကြိုပြောထားတာပါ...။  တစ်ကမ္ဘာလုံးက ခရီးသွားတွေ ပျော်ရွှင်ရအောင် ထိုင်း အစိုးရက ကြိုက်တာလုပ်ခွင့် ပေးထားပေမယ့် .. သူတို့ အကဲဆတ်တာကိုတော့ " လာမထိပါနဲ့ " လို့ ​လေဆိပ် အဝင်မှာ ကတည်းက ဧရာမ ဘီလ်ဘုတ်ကြီး  ထောင်ပြီး သတိပေးထားတာ ဖြစ်ပါတယ်။  အတုယူသင့်တာ အတုယူကြဖို့ပါပဲ...။ 

No comments