New Artical

အရိုးပါးရောဂါကို တိုက်ဖျက်ပေးမဲ့ အာဟာရဓာတ်များ


အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အရိုးတွေပါးလာပြီး ချော်လဲတာ၊ နည်းနည်းပါးပါးထိခိုက်မိတာနဲ့တင် ကျိုးသွားတတ်ပါတယ်။ ဒါကြောင့် အရိုးပါးရောဂါ မရအောင် ဖြည့်စွက်စားပေးရမဲ့ အာဟာရဓာတ်များကို ဖော်ပြပေးလိုက်ပါတယ်။

#ကယ်လ်စီယမ်ဓာတ်

အရွယ်ရောက်ပြီး လူကြီးတစ်ဦးအတွက် တစ်နေ့တာအတွက် ကယ်လ်ဆီယမ် လိုအပ်ချက်က ၁၂၀၀ မီလီဂရမ် ဖြစ်ပါတယ်။

ဒါကြောင့် အဆီထုတ်ထားတဲ့ နွားနို့ ၂ ခွက် (တစ်ခွက်လျှင် ၃၀၀ မီလီဂရမ်ပါဝင်) နှင့် ကယ်လ်စီယမ်ဓာတ် ဖြည့်စွက်ထားတဲ့ ဖျော်ရည် ၃၀၀ မီလီဂရမ် တစ်ခွက် (သို့မဟုတ်) အဆီနည်း ဒိန်ချဉ် ဖန်ခွက် ၄ ပုံ ၃ ပုံ (၄၅ဝ မီလီဂရမ် ) သောက်ခြင်းဖြင့် လိုအပ်တဲ့ပမာဏရနိုင်ပါတယ်။

ဗာဒံစေ့ ကြိုက်ပါက ၂၄ စေ့ စားလျှင် ကယ်လ်စီယမ် ၇၀ မီလီဂရမ် နှင့် ပိုတက်စီယမ် ၂၀၆ မီလီဂရမ် ရရှိနိုင်ပါတယ်။

 

#ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်

အသီးအရွက်များစားခြင်းနှင့် အရိုးသန်စွမ်းမှုကြား ဆက်နွယ်မှုရှိတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။ နွားနို့ကဲ့သို့ပင် အသီးနှင့်အရွက်များက ကလေးတွေမှာ အရိုးကျိုးတဲ့အခါ အရိုးပြန်ဆက်ရန် အကူအညီပေးပါတယ်။ အသီးအရွက်များမှာ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ် ပြည့်ဝစွာ ပါရှိပါတယ်။

ပိုတက်စီယမ်က ငှက်ပျောသီး၊ အာလူး၊ လိမ္မော်သီးနှင့် ဆီးသီးခြောက်တွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထို့အတူ မဂ္ဂနီစီယမ်တွေလည်း ပါရှိပါတယ်။ အစေ့အဆန်များ၊ ပဲများမှာလည်းပါရှိပါတယ်။

#ဗီတာမင် C

အရိုးနု၊ အရိုး နှင့် သွားများကို ခိုင်မာစေသော ကိုလက်ဂျင်ဓာတ် တည်ဆောက်ရန် ဗီတာမင် C ဓာတ် လိုအပ်ပါတယ်။

ဗီတာမင် C ကို ချဉ်တဲ့အရသာရှိတဲ့ အသီး နဲ့ အရွက်များက ရရှိနိုင်ပါတယ်။

#ဗီတာမင် D

အရေပြားနှင့် နေရောင်ခြည် ထိတွေ့လိုက်ပါက
ဗီတာမင် D ဓာတ်ကို ရရှိစေပါတယ်။

ဗီတာမင် D ကို အစားအစာများမှလည်း ရနိုင်ပါတယ်။ (ဥပမာ – နွားနို့)

** သုတေသီများက လက်ဖက်ရည်သောက်တဲ့အမျိုးသမီးများဟာ လက်ဖက်ရည်မသောက်တဲ့ အမျိုးသမီးများထက်ပို၍ အရိုးသန်မာကြောင်း တွေ့ရှိထားပါတယ်။ လက်ဖက်ခြောက် အချိုခြောက် နှင့် အဖန်ခြောက် နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အင်တီအောက်စီးဒင့်များက အရိုးကိုကာကွယ်စောင့်ရှောက် ပေးနိုင်ပါတယ်တဲ့။

Ref : healthdigest

No comments