New Artical

ကြက်သွန်ဖြူ အဟောင်းနဲ့ အသစ် ဘယ်ဟာက ပိုကောင်း


ကြက်သွန်ဖြူ အဟောင်းနဲ့ အသစ် ဘယ်ဟာက ပိုကောင်း 


ကြက်သွန်ဖြူ အဟောင်းနဲ့ အသစ် ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်ပါသလဲ?
 
အညှောက်စိမ်းလေးတွေ ထွက်လာတဲ့ ကြက်သွန်ဖြူဥအဟောင်းတွေက ရာသီထွက် လတ်လတ်ဆတ်ဆတ် ကြက်သွန်ဖြူထက် နှလုံးကျန်းမာရေးကို ပိုကောင်းစေပါတယ်တဲ့။
ဒါပေမယ့် အဲဒီအချက်ကို လူတွေက မသိကြတော့ အဟောင်းထက် အသစ်ထွက်လာတဲ့ ကြက်သွန်ဖြူတွေကို လတ်လတ်ဆတ်ဆတ် စားရတယ်ဆိုပြီး ကျေနပ်စွာ ဝယ်ယူလေ့ရှိကြတယ်။
ကြက်သွန်ဖြူအဟောင်းမှ အပင်အညှောက်လေးတွေ ထွက်လာတဲ့အခါ ဓာတ်ပေါင်းအသစ်တွေ များစွာထုတ်လုပ်လာကြပြီး အပင်အသစ်လေးတွေ ရှင်သန်လာစေရန် ရောဂါပိုးမွှားများရန်ကို ပိုပြီးကာကွယ်ပေးကြပါတယ်တဲ့။
ကြက်သွန်ဖြူဥမှ အပင်အညှောက်ထွက်ပြီး (၅) ရက်မြှောက်တဲ့အခါ အင်တီအောက်စီးဒင့် ဂုတ်သတ္တိတွေ ပို၍ မြင့်မားစွာ လုပ်ဆောင်လာနိုင်ပါတယ်။ 
ထို့ပြင် ထိုအပင်အသစ်လေးများမှာ ထူးခြားကွဲပြားတဲ့ ဇီဝရုပ်ဓာတုပစ္စည်းများ ရှိလာပါတယ်။ ထိုဇီဝရုပ်ဓာတုပစ္စည်းများက ကွဲပြားတဲ့ ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးပါတယ်။
အညှောက်ထွက်လာတဲ့ ကြက်သွန်ဖြူဥမှ ထုတ်ယူလိုက်တဲ့ အဆီအနှစ်က ဓာတ်ခွဲခန်းတစ်ခုမှာ ထုတ်ထားတဲ့ အဖျက်အဆီးလုပ်နိုင်တဲ့ ကလာပ်စည်းများကိုတောင် တိုက်ဖျက်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကြက်သွန်ဖြူ အညှောက်ပေါက်ထွက်လာရင် အင်တီအောက်စီးဒင့် ပါဝါအစွမ်း ပိုတက်လာပြီး နှလုံးကျန်းမာရေး ကောင်းစေတာဖြစ်ပါတယ်တဲ့။

 Crd:

No comments