New Artical

"ကိုယ့်စိတ်ကိုယ် ပြန်အားပေးပါ"


 

"ကိုယ့်စိတ်ကိုယ် ပြန်အားပေးပါ"

ဘဝမှာ ဖြစ်ခြင်တဲ့ ဆန္ဒနဲ့ဖြစ်သင့်တာနဲ့ချိန်ဆရင်း ဖြစ်ခြင်တဲ့ စိတ်ကူးတွေ အကြိမ်ကြိမ် လွဲချော်ခဲ့ ဖူးတယ် 
ဘဝမှာ မျှော်လင့်ထားတဲ့ အတွေးနဲ့လက်တွေ့ကို ဆင်ခြင်ရင်းမျှော်လင့်ထားခဲ့သမျှ အကြိမ်ကြိမ်ပျောက် ကွယ်ဖူးခဲ့တယ်
ဘဝမှာ လိုခြင်တောင့်တမိတဲ့ အရာကို မတရားမယူချင်လို့ ဆန္ဒတွေချိုးနှိမ်ပြီး လက်လျော့ခဲ့ရတာလည်း
အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်
ဘဝမှာ စိတ်နာအောင်လုပ်သွားသူကို လက်တုန့်ပြန်လိုက်ချင်ပေမယ့် ငရဲကိုမယူရဲလို့အရှုံးပေးပြီးနောက် ဆုတ် ပေးလိုက်ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်
ဘဝမှာ နာကျင်စေသူကို လက်တုန့်ပြန်ရင်း အနိုင်ရမှန်းသိပေမယ့် နောက်ထပ် ရေစက်မဆုံချင်တော့လို့
ဥပေက္ခာပြုခြင်းနဲ့သာ လက်တုန့်ပြန်လိုက်တာတွေလည်းရှိခဲ့ပါတယ်
ဘဝမှာ မချစ်သင့်တော့မှန်း သိနေတဲ့ လူတစ်ယောက်ကို ဦးနှောက်က တားစီးနေပေမဲ့ နှလုံးသားရဲ့ခံစား ချက်ကိုမလွန်ဆန်နိုင်တဲ့အခါ စိတ်အဆင်းရဲခံပြီးလည်းချစ်ခဲ့ဖူးပါတယ်
ဘဝမှာ အသက်မက ချစ်ခဲ့ရပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမို့ မမုန်းရက်ပဲ ရင်နာနာ စွန့်လွှတ်ခဲ့ရသူ လည်း ရှိခဲ့ဖူးပါတယ်
ဘဝမှာ ကိုယ့်ကိုယ် အချစ်ဆုံးလို့ခံယူထားသူက အနာကျင်ဆုံး စိတ်ဒဏ်ရာတွေပေးပြီး စွန့်သွားတာ လည်းရင်ဆိုင်ခဲ့ဖူးပါတယ်
ဒီလောက်ဆို လူတစ်ယောက်ရဲ့ ဘဝအေတွေ့အကြုံနဲ့ လုံလောက်ပါပြီ နောက်ထပ် ဘယ်အပူမှမရချင် တော့ဘူး
ဒီလောက်ဆို လူတစ်ယောက်မှာ လက်ခံနိုင်တဲ့ စိတ်ဒဏ်ရာတွေ လုံလောက်ပါပြီ နောက်ထပ် ဘယ်အရာ ကိုမှ စိတ်နစ်ပြီး မခံစားချင်တော့ဘူး ရင်ဆိုင်ခဲ့ရတဲ့ အဆိုးတွေကို သင်ခန်းစာအဖြင့် အသုံးချရင်း
~ အမှားတွေနည်းအောင် နေထိုင်မယ်.
~ ပျော်စရာတွေကိုသာ ရွေးချယ်ပြီး ဘဝကို
ပျော်ပျော်လေးပဲ ဖြတ်သန်းတော့မယ် .
~ ငိုစရာတွေကြုံလာရင် အရင်ကငိုခဲ့ရတာတွေကို
ပြန်တွေးပြီး ရယ်မောပစ်လိုက်မယ် .
~ စိတ်ညစ်စရာတွေ ကြုံလာရင် တစ်ချိန်က နာကျင်မှုတွေကိုပြန်တွေးပြီး ဟာသလုပ်ပစ်လိုက်မယ် .
လူဆိုတာ ကိုယ့်ဘဝတိုးတက်အောင်လုပ်ဖို့လည်း ကိုယ့်တာဝန် ပျော်အောင်နေဖို့လည်း ကိုယ့်တာဝန်
ပြိုလဲကျအောင်လုပ်တာလည်း ကိုယ့်စိတ်ပဲ
ဒါကြောင့် ကိုယ့်ဘဝအတွက် တာဝန်အရှိဆုံးသူကိုယ်က တစ်ချိန်က ဘယ်လိုအမှားတွေလုပ်ခဲ့မိပါစေ
ဒီနေ့မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ် တစ်ချိန်က ဘယ်လိုငိုကြွေးခဲ့ပါစေ ဒီနေ့မှာအလှဆုံးပြုံးထားမယ် တစ်ချိန်က ဘယ်လောက်နာကျည်းစရာတွေရှိခဲ့ပါစေ
ဒီနေ့နောင်တကင်းကင်းနဲ့စိတ်ချမ်းသာအောင် နေမယ် တစ်ချိန်က ဘယ်လောက်အခက်ခဲတွေ ရှိခဲ့ပါစေ
ဒီနေ့အခက်ခဲမှန်သမျှကို အားသစ်တွေနဲ့ရင်ဆိုင်မယ် တစ်ချိန်က မုန်းတီးမိခဲ့သူတွေရှိခဲ့ပါစေ
ဒီနေ့လူတိုင်းနဲ့ချစ်ချစ်ခင်ခင်နေထိုင်မယ် တစ်ချိန်က အကြိမ်ကြိမ်ပြိုလဲ ခဲ့ပေမဲ့
ဒီနေ့စိတ်သစ်လူသစ်နဲ့အရာရာကို အေးဆေးစွာ ဖြေရှင်းပြီး ကျော်လွှားမယ်
လူတိုင်းမှာ အတိတ်ဆိုတာရှိတယ် အဆိုးတွေလည်းရှိခဲ့သလို ကောင်းတာတွေလည်းရှိခဲ့ကြပါတယ် ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူး အဆိုးတွေ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရလေ ဘဝသင်ခန်းစာတွေ ပြည့်ဝ လာစေပါတယ် ရရှိလာတဲ့ ဘဝသင်ခန်းစာတွေနဲ့ကိုယ့်ဘဝကိုယ် အကောင်းဆုံးပြုပြင်ရင်း နေ့သစ် တိုင်းမှာ ကိုယ့်စိတ်ကိုယ် ပြန်အားပေးရင်း အားအင်အသစ် အတွေးအသစ်တွေနဲ့နောင်တမဲ့စွာ
ရှင်သန်နေထိုင်လိုက်ပါတယ်။
 
Credit
 

No comments