New Artical

မြန်မာနိုင်ငံတော်သမိုင်း

 မြန်မာနိုင်ငံတော်သမိုင်း

 Author - ဗန်းမော်တင်အောင်


📖မြန်မာနိုင်ငံတွင် မဟာရာဇဝင်တော်ကြီးမှ အစပြုလျက်၊ ရာဇဝင်လတ်၊ ရာဇဝင်ချုပ်၊ မှန်နန်းရာဇဝင်တော်ကြီးနှင့် ကုန်းဘောင်ဆက်ရာဇဝင်အထိ အစောင်စောင်သော ရာဇဝင်ကျမ်းများရှိကြသော်လည်း အများစုသည် လူမျိုးစုတစ်စု၏ အမြင်နှင့် ရှုထောင့်များမှ ရေးသားထားသည့် မော်ကွန်း၊ ဘုန်းတော်ဘွဲ့၊ အရေးတော်ပုံ၊ ရွှေနားတော်သွင်း ဧချင်း၊ အုပ်ချုပ်ပုံစာတမ်းများ ဖြစ်သည့်အတွက် အခြားသော လူမျိုးစုကို အဆိုးချ၍သော်လည်းကောင်း၊ အပြစ်ဖို့ရှုံ့ချ၍သော်လည်းကောင်း ရေးသားထားသည်ကို တွေ့ရသည်ဟု စာရေးသူကဆိုသည်။ 


ယခုသမိုင်းစာအုပ်သည် ထိုသို့မဖြစ်စေဘဲ ဟိုဘက် သည်ဘက် နှစ်ဖက်မျှ၍ ချင့်ချိန်ကာ ပြုစုထားခြင်းဖြစ်သည်။ 


ပုဂံခေတ်မတိုင်မီ မြန်မာနိုင်ငံ၊ ပုဂံခေတ် မြန်မာနိုင်ငံ၊ အင်းဝနှင့် ဟံသာဝတီခေတ် မြန်မာနိုင်ငံ၊ တောင်ငူ - ညောင်ရမ်ခေတ် မြန်မာနိုင်ငံ၊ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံ၊ ကိုလိုနီခေတ် မြန်မာနိုင်ငံဟူ၍ အခန်း ၇ ခန်း ခွဲဖော်ပြပေးထားသည်။ 


စာအုပ်ကို လေ့လာခြင်းအားဖြင့် တိုင်းရင်းနွယ်ဖွား လူမျိုးစုများနှင့် အမျိုးသားညီညွတ်ရေး သွေးစည်းမှု မတည်ဆောက်နိုင်ဘဲ စစ်လက်ရုံးတစ်ခုတည်းဖြင့် တိုင်းပြည်ထောင်ခဲ့ကြသောကြောင့် ပထမ, ဒုတိယ, တတိယမြန်မာနိုင်ငံတော်ကြီး မည်သို့ ပြိုကွဲပျက်စီးခဲ့ရပုံကိုပါ သမိုင်းသင်ခန်းစာအဖြစ် ရယူနိုင်ကြမည် ဖြစ်သည်။



👇 စာအုပ်ဖတ်ရန်နှင့်ဒေါင်းယူရန် 👇

📖စာအုပ်ဖတ်ရန်📖  📂စာအုပ်ရယူရန်📂

No comments