New Artical

ကိုယ်ခန္ဓာအနေအထားမှန်ကန်ခြင်း

 ကိုယ်ခန္ဓာအနေအထားမှန်ကန်ခြင်း



ခေါင်းမော့၍ ရင်ကော့ကာ တင့်တယ်ဖျတ်လတ်စွာ လမ်းလျှောက်လာသူတစ်ဦးကို အများပင် ဂရုထား၍ ကြည့်မိကြ ပေမည်။ ထိုကဲ့သို့ လမ်းလျှောက်တတ်သူသည် မြင်ရသူများ၏ မျက်စိတွင် ခန့်ညားတင့်တယ်သည် သာမက တီဘီရောဂါ စသည့် ဝေဒနာမျိုးတို့လည်း သူ့အား လွယ်ကူစွာ မကပ်ရောက် နိုင်ပေ။ ထိုင်သည့်အခါတွင်ဖြစ်စေ၊ ရပ်နေသည့်အခါတွင် ဖြစ်စေ၊ လေကို မှန်⁠မှန်ရှူသွင်းနိုင်စေရမည်ဖြစ်၍ အသက် မှန်⁠မှန်ရှူနိုင်မည့် အနေအထားမျိုး ရှိရန်လိုသည်။ ကိုယ်ခန္ဓာကို တည့်မတ်စွာ မထားသူ၏အဆုတ် စသည့်အင်္ဂါတို့မှာ ပွင့်ကား သင့်သလောက် မပွင့်ကားဘဲ နေထားတကျ မရှိနိုင်သောကြောင့် အဆုတ်နှင့်ဆိုင်သည့် ရောဂါများ စွဲကပ်တတ်သည်။ ကိုယ်ခန္ဓာ ကို ခါးနှင့် ဒူးတို့၌သာ ကွေးညွတ်သင့်လေသည်။ လမ်းလျှောက်သည့်အခါတွင် ခေါင်းပေါ်၌ တစ်စုံတစ်ခု ရွက်ထားရသကဲ့သို့ ခေါင်းကို မတ်⁠မတ်ထားကာ လက်ပြင်ကို ဖြန့်လျက် ရဲဝံ့တည်ကြည်စွာ လျှောက်သင့်၏။ လေးလံသော ဝတ္ထုပစ္စည်းကို လက်ဖြင့် သယ်ဆောင်လာလျှင် တစ်ဖက်မှ တစ်ဖက်သို့ ကူးပြောင်းကာ တစ်လှည့်စီ ယူဆောင်သင့်ပေ သည်။ လက်တစ်ဖက်တည်း အားပြု၍ သုံးဖန်များလျှင် ပခုံးများ ပုံပန်းသဏ္ဌာန် ပျက်သွားတတ်လေသည်။


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments