New Artical

ခံတွင်းကို Detox လုပ်ခြင်း

ခံတွင်းကို Detox လုပ်ခြင်း 

ယ္ခုအခါမှာ လူတွေက ရောဂါတွေ တအားဖြစ်ကြတယ်။ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ အူလမ်းကြောင်း၊ ဆီးချို၊ နှလုံးသွေးကြော၊ ဦးနှောက်၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ ကင်ဆာရောဂါမျိုးစုံ၊ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းတို့ဟာ ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယား ရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့ အဆိပ်တွေကြောင့် အများဆုံးဖြစ်နေကြပါတယ်။

ခံတွင်းမသန့်လေ ရောဂါထူလေပဲ ဖြစ်ပါတယ်။ ပါးစပ်နံလေ ရောဂါများလေ အသက်တိုလေပဲဖြစ်ပါတယ်။ သွားဖုံးအရင်းမှာ အစိမ်းရောင် အဝါရောင်ရှိတဲ့ ပြည်တွေထဲမှာ အလွန်အဆိပ်ပြင်းတဲ့ ရောဂါပိုးတွေပါတယ်။

ဒါကြောင့်ခံတွင်းထဲက ဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်း ပေးဖို့လိုပါတယ်။ ခံတွင်းကရောဂါပိုးနဲ့ အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း ပဲဖစ်ပါတယ်။ ဆီက အဆိပ် စုပ်အားကောင်းတယ်။ သွားတွေ အကြားနဲ့သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့ အဏုဇီဝ ရောဂါပိုးတွေကို ဆီက ဆွဲထုတ်ပေးနိုင်တယ်။

မနက်စောစော အိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို (၁၀) မိနစ်လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါ။ ရောဂါပိုးတွေ ထွက်သွားလိမ့်မယ်။ ပြီးမှ သွားတိုက်ပါ။ ပလုတ်ကျင်းဖို့ အကောင်းဆုံး ဆီကတော့ မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အုန်းဆီဖြစ်ပါတယ်။ သံလွင်ဆီ၊ နှမ်းဆီတွေနဲ့ ပလုတ်ကျင်းလို့လည်း ရပါတယ်။ နေ့စဉ်မလုပ်နိုင်ရင်တောင် တစ်ပတ်ကို၂ခါ ၃ခါ လောက် လုပ်ပေးသင့်ပါတယ်။ အိန္ဒိယနိုင်ငံကပေးတဲ့နည်းလို့ ပြောပါတယ်။ တကယ်ကို ကောင်းတဲ့ နည်းပါပဲ။ လူဆိုတာကခံတွင်းသန့်ဖို့ သိပ်အရေးကြီးတယ်။ ခံတွင်းသန့်ရင် စိတ်လည်းကြည်လင်လန်းဆန်းတယ်။ မျက်လုံးကိုလည်း ကြည်စေတယ်။ နေ့စဉ် လူမှုဆက်ဆံရေးတွေမှာ ပါးစပ် နံရင်  အလွန် အမင်း အထင်သေး ခံရတတ်တယ်။ ခံတွင်းသန့်ရင် ရုပ်ရည်လည်းသန့်ပါတယ်။ ယောက်ကျားခံတွင်း သန့်ရင် မိန်းမတွေသိပ်ကြိုက်တယ်။ ယောက်ကျားကလည်း မိန်းမခံတွင်းသန့်ရင်သိပ်ကြိုက်တယ်။ ပြီးတော့ရောဂါကင်းပြီး အသက်လည်း ရှည်တယ်။

ဒါကြောင့် ... အချိန်တိုင်း ခံတွင်းသန့်နေအောင် လုပ်ကြဖို့လိုပါတယ်။

Credit

No comments