New Artical

ဗုဒ္ဓဆင်းတုတော်နှင့်ကျောက်သားလမ်းကလေး ( ပုံပြင်)

 ဗုဒ္ဓဆင်းတုတော်နှင့်ကျောက်သားလမ်းကလေး

ဟိုးရှေးရှေးတုန်းက အလွန်ဝေးတဲ့နေရာတစ်နေရာရဲ့ လူသိများကျော်ကြားတဲ့ တောင်ကြီးတစ်လုံးပေါ်မှာ ဘုရားကျောင်း ဆောင်တစ်ခုတည်ထားခဲ့ပါတယ်။ ဘုရားကျောင်းဆောင်မှာ လက်ရာအလွန်ပြောင်မြောက်လှတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ရှိနေပါတယ်။ 

နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သော ပါရမီဖြည့်တင်းရန် အမျိုးသား၊ အမျိုးသမီးများသည် ဗုဒ္ဓဘုရား ရုပ်ပွားတော်ကြီးအား အလေးအမြတ်ထား ရိုသေမှုကိုပြသရန် ရာချီသော ကျောက်တုံးလမ်းကြောင်းလေးများကို ဘုရား ရုပ်တုတော်ကို ဦးတည်ပြီး သယ်ယူခဲ့ကြပြီး ဆုတောင်းခြင်း မေတ္တာပို့သခြင်းများပြုလုပ်ခဲ့ကြပါသည်။ ဘုရားရုပ်ပွားတော် တည်ရှိရာ ကျောင်းတော်ကြီးသို့ ဆုတောင်းဝတ်ပြုလာကြသူများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါသည်။

တစ်ညမှာတော့ ဘုရားရုပ်ပွားတော်ကြီးနဲ့ ကျောက်တုံးလေးတွေက တစ်ဖက်ကိုတစ်ဖက် ငြိမ်သက်စွာ ကြည့်နေခဲ့ကြပါ တယ်။ ကျောက်တုံးလေးတစ်တုံးက ထပ်ပြီး မတင်ဖို့ အားမရှိတော့တာကြောင့် စတင်ပြီး ရင်ဖွင့်ပါတော့တယ်။


ဘုရားရုပ်ပွားတော်ကြီးဘုရား၊ အရှင်ဘုရားနဲ့တပည့်တော်တို့တွေက ကျောက်တုံးတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကျတော့ အနင်းခံရပြီး အရှင်ကျတော့ ဘုရားကျောင်းတော်ထဲမှာ ထီးထီးကြီး ရှိနေပါတယ် ပြီးတော့ ရိုသေလေးစားမှုကို ခံရပြီး ရှိခိုးဦးချမှုကို ခံရပါတယ်

ဒီကျောက်တုံးလေးရဲ့ ဥပမာပေးမှုကြောင့် အခြားသောကျောက်တုံးများပါ စုပေါင်းစိတ်တိုလာကာ ဘုရားရုပ်ပွားတော်ကြီးကို ဝိုင်းပြီး ဆူပူပြစ်တင်ပါတော့တယ်။

ဘုရားဆင်းတုတော်ကြီးက ပြုံးတော်မူလိုက်ပြီး ကျောက်တုံးလေးကို သနားကရုဏာ တရားကြီးမားစွာဖြင့် အသင်တို့ကို ကျောက်တုံးကြီးပေါ်ကနေ အုတ်ခဲလေးဖြစ်အောင်လုပ်တဲ့အချိန်မှာ သင့်မှာ ခြောက်ခါပဲဖြတ်တောက်ခံရတယ်။ ကြှနျုပျ အဖြစ် တည်ရှိနေဖို့ကိုတော့ဖြင့် ထောင်ချီတဲ့ ဖြတ်တောက်မှုတွေရယ် ပုံဖော်မှုတွေရယ်နဲ့ မှုတ်ခါမှုတွေပြုလုပ်ခဲ့ရတယ်

အပူချိန်မြင့်မားမှုမှ တဆင့်၊ အချိန်၊ ဖိအား တွေကနေ ကျောက်အပိုင်းအကြမ်းတွေကနေ စိန်တွေကို ပြုလုပ်ရသလိုပင် မြတ်စွာဘုရား ရုပ်ပွားတော်ဖြစ်များစွာ ဆောက်ဖြင့်ထွင်းထုကာ ဖြစ်တည်လာရခြင်း ဖြစ်ပါသည်။ ထို့အတူပင် ကျွန်ုပ်တို့ အားလုံးသည်လည်း မိမိကိုယ်တိုင် ကောင်းမွန်သော ပုံသဏ္ဍာန်ရရှိနိုင်ရန်အတွက် အခက်အခဲ ဘေးဒုက္ခ အစုံအလင်ကို ဖြတ်ကျော်ပြီး အောင်မြင်နိုင်ရန် ကြိုးပမ်းအားထုတ်မှု လိုအပ်ပါသည်။

Credit

No comments