New Artical

ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓဘာသာနိုင်ငံများ၏ သမိုင်းအကျဉ်း"


ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓဘာသာနိုင်ငံများ၏ သမိုင်းအကျဉ်း"


မည်သူမဆို ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ သမိုင်းဟူသည် လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့မရပါ။ ယနေ့ ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံသည် ဘာကြောင့် သာသနာကွယ်ခဲ့ရသနည်း။ ရဟန်းတို့ စာပေမသင်ကြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို လေ့လာအားထုတ်မှုမရှိ၍လော အစားအစာရှားပါး၍လော၊ အနာရောဂါဘေးကြောင့်လော၊ ထေရဝါဒ၊ မဟာယန ဂိုဏ်းဂဏကွဲပြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ သားတော် ရဟန်းတော်များ အချင်းချင်းခိုက်ရန် ဒေါသဖြစ်၍လော၊ အထက်ပါ အကြောင်း အရာများကြောင့် မဟုတ်ပါဘဲ မွတ်ဆလင်များ၏ နှစ်ရှည်လများ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ကျောင်းတိုက်တွေကို မီးရှို့ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရလေသည်။
 
မြန်မာနိုင်ငံမှာ အချို့သော ပြက္ခဒိန်များသည် နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာပုံဟူ၍ အုတ်ရိုးမျှသာရှိသောပုံကို မကြာခဏထုတ်ဝေတာရှိပါတယ်။ ထိုနာလန္ဒာတက္ကသိုလ်ကျောင်းတိုက်ကြီးသည် စာသင်သားရဟန်းနှစ်သောင်းကျော်ရှိပါတယ်။ အခြားသော ဝိက္ကမသီလာတက္ကသိုလ်၊ ဇဂန္ဒလတက္ကသိုလ် ကြီးများလည်း အများအပြားရှိခဲ့ပါသည်။ မဂိုဘုရင်အော်ရန်ဇစ်ဟာ ယင်းတက္ကသိုလ်ကြီးများကို မြင်းစစ်သည်များနှင့် ဝိုင်းဝန်းတိုက်ခိုက်ပြီး ရဟန်းတွေကို အရှင်လတ်လတ် မီးရှို့သတ်ကြပါတယ်။ ကျောင်းတိုက်ကြီးတွေကို မီးရှို့ ဖျက်ဆီးခြင်းကြောင့် ရဟန်းတော်တွေအားလုံး သေပွဲဝင်ခဲ့ရတာပါ။
သမိုင်းသုတေသီတို့ အဆိုအရ ယင်းတက္ကသိုလ်ကြီးများ ပိဋကတ်စာပေများကို မီးရှို့ဖျက်ဆီးရာတွင် လနှင့်ချီ၍ ကြာညောင်းခဲ့ရကြောင်း သိရပါတယ်။
 
အင်ဒိုနီးရှား မလေးရှားစတဲ့နိုင်ငံတွေသည် ကျွန်းငယ်သုံးထောင်ကျော်ဖြင့် ဝိုင်းရံထား၍ လွန်စွာ သာယာလှပါတယ်။ အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ တံခါးပေါက်လည်းဖြစ်၍ ကမ္ဘာ့ကုန်သွယ်ရေကြောင်း၏ သော့ချက်လည်းဖြစ်၍ စည်ပင်ဖွံ့ဖြိုးပါတယ်။ ၄င်းနိုင်ငံတို့သည် တစ်ချိန်က သီရိဓမ္မာသောကမင်းကြီး၏ သာနာပြုမှုကြောင့် (၃)ရာစုမှစ၍ ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့ပါတယ်။ (၇)ရာစုတွင် လင်းတန်းမြို့နန်းတည်သော သီရိဝိဇယမင်းလက်ထက်မှ ဗုဒ္ဓသာသသနာ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။သီရိဝိဇယ တက္ကသိုလ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ စာသင်ရဟန်းတော်များ သိန်းနှင့်ချီ၍ ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိခဲ့ရပါတယ်။ 
 
ကမ္ဘာ့အကြီးဆုံး အနုပညာလက်ရာအမြောက်ဆုံး ဗောဓေါဗုဒ္ဓေါ စေတီကြီးကိုလည်း တည်ထားကိုးကွယ် ခဲ့သည်။ ဗုဒ္ဓသာသနာထွန်းကားပြီး နှစ်ပေါင်း(၁၅၀၀) ကျော် ခန့်ကြာသောအခါ အာရပ်မွတ်ဆလင်ကုန်သည်တို့သည် ရေကြည်ရာ မြက်နုရာ ရှာ၍ အရောင်းအဝယ်ဖြင့် ရောက်လာကြပြီး အချေချနေထိုင်ခြင်းကို လုပ်လာကြသည်။ ရိုးသားသော ကျွန်းသူကျွန်းသားတွေအပေါ် လူဖောက်သာသနာပြုနည်းဖြင့် အဓမ္မသာသနာပြုကြသည်။ မွတ်ဆလင်ဘာသာဝင်များလာသောအခါ ဗုဒ္ဓဘာသာဝင် ဘုရင်ဖြုတ်ချကာ စူလ်တန်မွတ်ဆလင်ဘုရင် များကိုတင်၍ မွတ်ဆလင်နိုင်ငံအဖြစ် ကြေငြာသည်။ ဗောဓေါဗုဒ္ဓေါစေတီတော်ကြီးကိုလည်း ဖျက်ဆီးလိုက်ကြ၏။ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအရေးယူ ထောင်ချခြင်းများကို ပြုလုပ်လာသည့်အတွက် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတွေမှာ မွတ်ဆလင်တို့ရောက်ပြီး နှစ်ပေါင်း(၂၅၀)ခန့်နှင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရပါတယ်။ မွတ်ဆလင်တို့ ဖျက်ဆီးခဲ့သော ဗောဓေါဗုဒ္ဓေါစေတီကြီးကို ၁၉၈၃ခုနှစ်က ကုလသမဂ္ဂထိန်းသိမ်းပြုပြင်ထားသောကြောင့် ယခုတိုင်ရှိနေပါသေးတယ်။
 
အာဖဂန်နစ္စတန်နိုင်ငံသည် ဟိန္ဒူကုရှ၊ တောင်တန်းစသည်တို့ဖြင့် ဝန်းရံထားသော တောတောင်ထူထပ်သော နိုင်ငံဖြစ်သည်။ ရာသီဥတု ကောင်းမွန်ချိန်တွင် ဆီးနှင်းများဖုံလွှမ်းသော တောင်တန်းကြီးများ အလှကြောင့် အလွန်သာယာပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုကြောင့် ၂၀၀-B.C စ၍ ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ နေရာဖြစ်ခဲ့သည်။ ဗုဒ္ဓစာပေများတွင် ထင်ရှားသော မိလိန္ဒမင်းခေါ် မီးနန္ဒားသည် ကဗူးမြို့၌ ထီးနန်းစိုက်ပြီး သာသနာတော်ကို လွန်းစွာကြည်ညိုထောက်ပံ့ခဲ သဖြင့် တရားစောင့်သော မင်းဟု ကျော်ကြားခဲ့သည်။ ပေသုံးရာခန့်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ကျောက်တောင်ခါးပန်းမှာ ထုလုပ်၍ တည်ထားကြသည်။ A.D-200 သို့ရောက်သောအခါ အာရပ် မွတ်ဆလင်တို့ ဝင်ရောက်ပြီး တိုက်ခိုက်သတ်ဖြတ်၍ ဗုဒ္ဓဘာသာဝင်အားလုံး အမြစ်မကျန်ဖြိုဖျက်ခံရပါတယ်။ ဘုရား စေတီပုထိုးများသည် အုတ်ပုံ ပြာပုံဘဝ ရောက်သွားပါတယ်။ မြင့်မားသော ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အလှမ်းမှီသမျှ ဖျက်စီး ပစ်ကြပါတယ်။ ရုပ်ပွားတော်ကြီး တချို့သည် ကြီးမားခိုင်ခန့် အထက်ပိုင်းကို မဖျက်စီးနိုင်ကြပေ။
 
၂၀၀၁ခုနှစ် ဦးပိုင်းရောက်လာသောအခါ အိုစမာဘင်လာဒင်နှင့် တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာတို့ ဦးဆောင်သော မွတ်ဆလင်အစိုးရအဖွဲ့သည် ဗုဒ္ဓရုပ်ပွားတော်များအား သူတို့ဘာသာနှင့် မညီညွတ်ဟုဆိုကာ ဒုံးကျည်နှင့် ပစ်ဖတ်ဖျက်ဆီးကြပါတယ်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာရဲ့ အထိမ်းအမှတ်ရုပ်ပွားတော်မြတ်ကြီးဖြစ်လို့၊ ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် မဖျက်ဆီးဘို့ ဝိုင်းဝန်မေတ္တာရပ်ခံသော်လည်း အရာမရောက်ဖြစ်ခဲ့ပါတယ်။ 
 
ဤဖြစ်ရပ်ကား ဘာမျှ မကြသေးပါ။ အတိတ်သမိုင်းက မွတ်ဆလင်တို့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံများဟာ မွတ်ဆလင်နိုင်ငံများဖြစ်ခဲ့ရသည့်ကို သံဝေဂ ယူပြီး အမျိုး ဘာသာ သာသနာအတွက် အချိန်ရှိခိုက် ကြိုးစားသင့်လှတော့၏။ ယခုအချိန်မှာမှ သံဝေဂမယူသေးဘဲ အမျိုး ဘာသာ သာသနာကို မျက်ကွယ်ပြုပြီး စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတွေမှာ စည်းကမ်းမဲ့နေမည်ဆိုပါလျှင် နောင်မျိုးဆက်သစ်လေးများ၏ လက်ထက်ရောက်သည့်အခါ မွတ်ဆလင်တို့၏ ဓားမိုး အုပ်ချုပ်ခြင်းကို ခံရမည်ဖြစ်ပေသည်။ မဖြစ်ဘူးဟု မည်သူမျှ ပြောမရပါ။ အင်ဒို၊ မလေး၊ စတဲ့နိုင်ငံတွေတုန်းကလည်း ဒီလိုမျိုး ထင်ခဲ့မည်မဟုတ်ပါ။ ပေါ့ပေါ့တန်တန် ကြောင့်ကျမဲ့ နေခဲ့၏။ သို့သော် တကယ်ဖြစ်လာခဲ့ပေသည်။ မြန်မာနိုင်ငံသည်လည်း အထူးသတိထားရတော့မည်သာ။
 
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments