"ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်"
"ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်"
ရှေးမြန်မာဘုရင်တို့သည် အကြောင်းအရာပေါ်မူတည်၍ အသုံးပြုသည့် "ပလ္လင်" ကွာခြားသလို "ပလ္လင်"ထားရှိသည့် နေရာလည်းကွဲပြားခြားနားသည်။
(၁)
ပလ္လင်အမည်_သီဟာသနပလ္လင်
ခံသောအရုပ်_ခြင်္သေ့အရုပ်
ထုလုပ်သည့်သစ်သား_ယမနေသား
အသုံးပြုသည့်ကိစ္စရပ်_မင်းတို့ ပူဇော်ခံရာ နေ့စဉ်စည်းဝေးစုရုံးရာ
နေရာ_မြေနန်းပြသာဒ်
(၂)
ပလ္လင်အမည်_သီဟာသနပလ္လင်
ခံသောအရုပ်_ခြင်္သေ့အရုပ်
ထုလုပ်သည့်သစ်သား_ယမနေသား
အသုံးပြုသည့်ကိစ္စရပ်_တရားစီရင်တော်မူရာ၊ ဝန်ကြီးများ၊ စစ်သူကြီးများနှင့် အရေးကြီးသောကိစ္စများ ဆွေးနွေးရာ
နေရာ_လွှတ်တော်
(၃)
ပလ္လင်အမည်_ဘမရာသနပလ္လင်
ခံသောအရုပ်_ပိတုန်းရုပ်
ထုလုပ်သည့်သစ်သား_ကရဝေးသား
အသုံးပြုသည့်ကိစ္စရပ်_စက်တော်ခေါ်ရာ၊အတွင်းဝန်ကြီးများနှင့် ကိုယ်ရေးကိုယ်တာကိစ္စ သီးသန့်ဆွေးနွေးတိုင်ပင်ရာ
နေရာ_မှန်နန်းဆောင်
(၄)
ပလ္လင်အမည်_ပဒုမ္မာသနပလ္လင်
ခံသောအရုပ်_ပဒုမ္မာကြာပွင့်
ထုလုပ်သည့်သစ်သား_သရက်သား
အသုံးပြုသည့်ကိစ္စရပ်_မင်းမိန်းမတို့ကန်တော့ခံရာ
နေရာ_အနောက်ဇေတဝန်ဆောင်
(၅)
ပလ္လင်အမည်_ဟံသာသနပလ္လင်
ခံသောအရုပ်_ဟင်္သာရုပ်
ထုလုပ်သည့်သစ်သား_သင်္ကန်းသား
အသုံးပြုသည့်ကိစ္စရပ်_ဘုရားဝတ်ပြုရာ၊ မင်းမျိုးမင်းနွယ်၊ သံတမန်အဆင့်မြင့်ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံရာ
နေရာ_အရှေ့ဇေတဝန်ဆောင်
(၆)
ပလ္လင်အမည်_ဂဇာသနပလ္လင်
ခံသောအရုပ်_ဆင်ရုပ်
ထုလုပ်သည့်သစ်သား_စကားသား
အသုံးပြုသည့်ကိစ္စရပ်_ရာထူးအတက်၊ အကျကို အမိန့်ထုတ်ပြန်ရာ
နေရာ_ဗြဲတိုက်
(၇)
ပလ္လင်အမည်_သင်္ခါသနပလ္လင်
ခံသောအရုပ်_ခရုသင်းရုပ်
ထုလုပ်သည့်သစ်သား_တောင်ပိန္နဲသား
အသုံးပြုသည့်ကိစ္စရပ်_မင်းတို့တရားစကားနာခံရာ
နေရာ_လေသာဆောင်
(၈)
ပလ္လင်အမည်_မိဂါသနပလ္လင်
ခံသောအရုပ်_သမင်ရုပ်
ထုလုပ်သည့်သစ်သား_ရေသဖန်းသား
အသုံးပြုသည့်ကိစ္စရပ်_ယုံကြည်ရသော ဝန်ကြီးများနှင့် တိုင်ပြည်ရေးကိစ္စများကို ဆွေးနွေးတော်မူရာ
နေရာ_တောင်စမုတ်ဆောင်
(၉)
ပလ္လင်အမည်_မယုရာသနပလ္လင်
ခံသောအရုပ်_ဥဒေါင်းရုပ်
ထုလုပ်သည့်သစ်သား_ပေါက်သား
အသုံးပြုသည့်ကိစ္စရပ်_ကန်တော့ပန်း သိမ်းရာ
နေရာ_မြောက်စမုတ်ဆောင်
"ပလ္လင်"ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ "ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်"မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် "ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်" ဟူ၍ ခေါ်ဆိုသည်။
No comments