New Artical

MYTEL မှ အင်ဂျင်နီယာ ၇၁ဦး ရာထူးမှ နုတ်ထွက်မှုများ ပြုလုပ်ကြောင်း ကြေညာ..


MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦး လက်ရှိတာဝန်.. ထမ်းဆောင်နေသော ရာထူးအလုပ်တာဝန်များကို ယနေ့မှစတင်ကာ နှုတ်ထွက်ရပ်နားလိုက်ကြောင်း ကြေညာချက်အရ သိရပါတယ်..

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း.. ၇၁ဦးသည် တပ်မတော်မှ အာဏာသိမ်းမှုကြောင့် ရာထူးတာဝန်များအား ယနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့မှစတင်ကာ နှုတ်ထွက်ရပ်နားလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ.. လိုက်တာဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးမှ နှုတ်ထွက်ကြောင်း.. အသိပေးအပ်ပါသည်”လို့ Technical Department မှ မန်နေဂျာ ကိုသီဟဇော်က ၎င်းရဲ့လူမှုကွန်ယက်စာ.. မျက်နှာမှာ ရေးသားထားပါတယ်။


တပ်မတော်ရဲ့ နိုင်ငံတော်အာဏာသိမ်းကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် နိုင်ငံသားများရဲ့ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်..

ထို့ကြောင့် တစ်မျိုးသားလုံးနဲ့အတူ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြည်သူရွေးချယ်တင်မြှောက်သော ရွေးကောက်ခံအစိုးရကိုသာ အလိုရှိကာ အမှန်တရားအတွက် အများပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

ယခုကဲ့သို့မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦးသည် ရာထူးတာဝန်မှ နှုတ်ထွက်ရပ်နားခြင်းကို လက်မှတ်ရေးထိုးကာ သဘောထားထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ခရစ်ဒစ် မူရင်းရေးသားသူ

No comments