New Artical

Confidence စစ်စစ် ရှိအောင် ဘယ်လို လုပ်ကြမလဲ

 


ကျွန်တော် အသက် ၁၈ – ၁၉ အရွယ်ကစပြီး အခုအထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာအောင် ဘယ်လို ပြင်ဆင်ပျိုးထောင်ခဲ့လဲ ဆိုတာ ဝေမျှချင်လို့ ဖြစ်ပါတယ် ။ အခု ၂၈ နှစ်အရွယ်မှာတောင် ကျွန်တော့် ပတ်ဝန်းကျင်မှာ အသက်အရွယ်မရွေး သိမ်ငယ်စိတ်ရှိနေသူတွေ တွေ့ရတော့ အားလုံးအတွက် အကျိုးရှိမယ် ထင်လို့ပါ ။.ဒါလဲ တရာဖိုး သုံးပုဒ်မဟုတ်တော့ ရှည်ပါတယ် ။ အဆုံးထိဖတ်ကြည့်ပါ

ဆယ်ကျော်သက် အစပိုင်းလောက်မှာ confidence ဆိုတဲ့ စကားလုံးက ကျွန်တော်တို့အများစုနဲ့ စပြီးရင်းနှီးလာကြပါတယ် ။ ၂၀ ကျော်လာရင်တော့ လူတစ်ယောက်မှာ ပိုင်ဆိုင်ထားတဲ့ confidence ဟာ သူ့ဘဝပေါ်ကို ငြင်းမရအောင် သက်ရောက်မှုတွေရှိတဲ့ အနေအထား တစ်ခုကို ရောက်လာပါပြီ။ .ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဟာ လမ်းလျှောက်တဲ့ဟန် ၊ မျက်လုံးချင်းဆုံတဲ့ အကြည့် ၊ လက်ဆွဲနှုတ်ဆက်တဲ့ပုံ ၊ ရယ်တဲ့အပြုံး စတာတွေမှာ ယုံကြည်မှုမရှိတဲ့ လူတွေထက် အများကြီး သာပါတယ် ။ အလုပ်ခွင်ထဲမှာ ဒါတွေကြောင့် သူတို့ထက် ပိုတော်ပါတယ်ဆိုတဲ့ လူတွေထက်​တောင် ပိုအသားပေးခံရတာ ၊ field ထဲ networking လုပ်တဲ့အခါလည်း impression ပိုကောင်းလို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရတာမျိုးလဲရှိကြပါတယ် ။

အချစ်ရေးပိုင်းမှာလည်း ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ confidence ရှိရင် date ချင်တဲ့လူ အတည်တကျတွဲချင်တဲ့ လူမရှားပါဘူး ။.ကဲ intro ပြီးသွားပါပြီ ။

စရအောင် -.Confidence နှစ်မျိုးရှိပါတယ် ။

External confidence

ပြင်ပကလာတဲ့ ပယောဂ ( factor ) တွေကြောင့် ယာယီရလာတဲ့ confidence ကို ပြောတာပါ။ အဲဒီ  factor တွေက 

၁။ မြှောက်စားခံရခြင်းအတန်းရှေ့မှာ ဆရာမ ချီးကျုးတာခံရတာ ၊ မိဘဆွေမျိုးတွေ ရှေ့မှာ တော်လိုက်တာ ဆိုပြီး အပြောခံရတာ ၊ သူငယ်ချင်းတွေက ချောလိုက်တာ ဆိုပြီး အပြောခံရတာမျိုး။

၂။ အာဏာရှိတဲ့ ပတ်ဝန်းကျင် အနေအထားငယ်ငယ်က အတန်းခေါင်းဆောင်ဖြစ်တဲ့ အနေအထားမျိုး ၊ ဘား၊ ကလပ် တစ်ခုရဲ့ ပိုင်ရှင် ၊ မန်နေဂျာတွေ နဲ့ သိနေတာမျိုး။

၃။ ပိုင်ဆိုင်မှု နှင့် social statusစျေးကြီးအသုံးအဆောင်တွေ ပိုင်ဆိုင်ပြီး ကြွားဝါတာမျိုးနာမည်ကြီး ပုဂ္ဂိုလ်များနဲ့ ခင်မင်တာမျိုးဆိုင်အသစ်ဖွင့်တာနဲ့သွား ၊ ဖုန်းအသစ်ထွက်တာနဲ့ ဝယ်တာမျိုး…….ပြောရရင် external confidence ဆိုတာ ယာယီပဲ ၊ အတုအယောင် confidence လို့တောင် ပြောလို့ရတယ် ။ သူများက ပေးတဲ့ approval ( လက်ခံသဘောတူမှု ) / ကိုယ့်ပေါ်ကို အသားပေးတဲ့ ပတ်ဝန်းကျင် ( preferrable circumstances ) ​တွေအပေါ်မှာ တည်ဆောက်ထားတဲ့ အတွက် အဲ့တာတွေ မရှိရင် ပြိုလဲသွားနိင်တယ် ။ 

အစကတော့ ယုံကြည်မှု အပြည့်ရှိသလိုလိုနဲ့ ကိုယ်နဲ့ သဘောမတူတာနဲ့ ရန်သူလို ဆက်ဆံတဲ့ လူတွေ ၊ ပြင်ဆင်ဖီးလိမ်းထားမှလူကြားထဲ ထွက်ရဲတဲ့လူတွေ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုကြိုက်နေတဲ့လူ ၄ ၊ ၅ ယောက်ကို ကြိုးရှည်ရှည်နဲ့ ထားတဲ့ လူတွေကို တွေ့ဖူးရင် external confidence ဆိုတာ ဘာလဲဆိုတာ ရှင်းပြစရာ မလိုပါဘူး ။.လူတိုင်းမှာ အနည်းနဲ့ အများနဲ့ ဒီလိုမျိုးက ရှိပါတယ် ။ 

ဒီတစ်ခုတည်း အပေါ် မှီခိုပြီး confidence တည်ဆောက်တာမျိုးတော့လုံးဝ မဖြစ်သင့်ပါဘူး ။ ဒီလို external confidence အပေါ်ကို အရမ်းစွဲလမ်းလာတဲ့ အခါ social media မှာ မလုံ့တလုံပုံတွေတင်ပြီး attention seeker လုပ်တာ ၊ ရှိသမျှ ဓာတ်ပုံရိုက် ထုတ်ကြွားတာ ၊ သူများကို ဖောင်းထုပြီး negative attention ကို ယူတာတွေ ဖြစ်လာတတ်ပါတယ် ။ Public image အရမ်းထိခိုက်ပါတယ် ။

မပြိုလဲနိင်တဲ့ Internal confidence

ကိုယ်တကယ် ပိုင်ဆိုင်တဲ့ ပညာတွေ ၊ ဘဝအပေါ် မြင်တဲ့ ရှုထောင့်တွေ ၊ ကိုယ့်တန်ဖိုးကိုယ် တိုင်းတာတဲ့ ပေတံတွေ ၊ ကိုယ့်ဘဝ ရည်မှန်းချက်တွေကို ရှာဖွေပြီး ရလာတဲ့ confidence စစ်စစ်ပါ ။ ကဲ အောက်မှာ ဆက်ပြောရအောင် ။

၁။ အတင်းပြောတာ ရပ်လိုက်ပါ ။သူများအကြောင်း မကောင်း ပြောပြီးရင် ကိုယ် ပြန်အပြောခံရမှာ ကြောက်တာ လူ့သဘာဝပါ ။ အဲ့လို ကြောက်လာရင် ဘဝ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ်တကယ်ချချင်တဲ့ ဆုံးဖြတ်ချက်ထက် လူအပြောမခံရမယ့် ဆုံးဖြတ်ချက်တွေကို ချမိလိမ့်မယ် ။ ပြီးတော့ ငါသူများကို မကောင်းပြောသလို ငါ့ကိုလည်းပြောနေမှာပဲ ဆိုတဲ့ အတွေးကြီးက အမြဲကြီးစိုး နေပါလိမ့်မယ် ။ Confidence ဘယ်လိုမှ မရနိင်ပါဘူး ။

၂။  လူ့တန်ဖိုးကို ဘာပေတံနဲ့ တိုင်းတာလဲဆိုတာ ပြန်သုံးသပ်ပါ ။တကယ်တန်ဖိုးရှိတဲ့လူက အလိုလို confidence ရှိပါတယ် ။ အဓိကကတော့ ကိုယ့်မသိစိတ်ထဲမှာ ကိုယ်အပါအဝင် လူတွေရဲ့ valueကို ဘာပေတံနဲ့ တိုင်းလဲဆိုတာပဲ ။ ရုပ်လှတာနဲ့တိုင်းမယ်ဆို မော်ဒယ်တွေကို အားကျမယ် ။ ကိုယ် သူတို့လောက် မလှတဲ့ အတွက် အားငယ်မယ် ။ ပိုင်ဆိုင်မှုနဲ့တိုင်းတာမယ်ဆို rich kid တွေကို ကြည့်ပြီး အားကျမယ် ။ ကိုယ့်မှာ ပြိုင်ကားမရှိတဲ့ အတွက် အားငယ်မယ် ။ ဒါပေမယ့် ကြိုးစားမှုနဲ့ တိုင်းတာမယ်ဆို ကိုယ်ကကြိုးစားနေတဲ့ အတွက် ကြိုးစားစရာမလိုတဲ့ ဘဝမှာမွေးလာတဲ့ rich kid တွေက ကိုယ့်အောက်ရောက်သွားပြီ။ ပေတံတွေကို ပြန်သုံးသပ်ပါ ။

၃။  ခိုင်မာတဲ့ ရည်မှန်းချက် တစ်ခုထားပါ ။ရည်မှန်းချက်ဆိုတာ နောက်ဆုံးပန်းတိုင်ပါပဲ ။ ခိုင်မာတဲ့ ပန်းတိုင်တစ်ခုကို စိုက်တည်နိင်ရင် တခြားအရေးမကြီးတဲ့ ကိစ္စတွေ ၊ လူအများ တိုက်ခိုက်တာတွေ၊ ဂုဏ်ပြိုင်တာတွေ ဟာ အသေးအဖွဲ ဖြစ်သွားလိမ့်မယ် ။ Confidence ကို လာမထိခိုက်နိင်တော့ဘူး ။ 

၄.။ Field တစ်ခုမှာ ကျွမ်းကျင်တဲ့ skill တစ်ခု ပျိုးထောင်ပါ ။ဒီနေရာမှာတော့ သူကဆရာကြီး ၊ ဒီကိစ္စနဲ့ ပါတ်သတ်ရင် သူက အကျွမ်းဆုံး အသိဆုံးဆိုတဲ့ နေရာတစ်ခုကို ရောက်သွားရင် confidence မရှိပဲ နေမလား။ စဥ်းစားကြည့်ရင် လွယ်လွယ်လေး ။

၅။  ပေးဆပ်သူဖြစ်ပါစေ ။အရာရာကို အလကားပေးရမယ်လို့ မပြောပါဘူး ။ ဒါပေမယ့် ကိုယ့်ကို ငွေလာချေးတဲ့လူနဲ့ ငွေလာပေးတဲ့လူနဲ့ ဘယ်သူ့လေသံက confidence ပိုဖြစ်မလဲ ။ ငွေက ဥပမာပေးတာပါ ။ ကိုယ့်ပတ်ဝန်းကျင်မှာ မျှဝေနိင်တာ မျှဝေပေးပါ ။ မိတ်ဆွေတွေနဲ့ win win situation တွေ ဖန်တီးပေးပါ ။ ကိုယ်နဲ့ သိခွင့်ရတဲ့လူတွေကို ပျော်အောင် positive energy တွေ ပေးပါ ။ လူငယ်တွေကို ပေးနိင်တဲ့ advice ပေးပါ ။ 

ကိုယ်က လူ့ဘောင်အသိုင်းအဝိုင်းမှာ မျှော့တစ်ကောင်လို စုပ်လို့ရသမျှစုပ်ယူ နေတာမဟုတ်ဘူးဆိုပြီး သိရင် အလိုလို confidence ရှိလာပါလိမ့်မယ် ။

လူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိချင်ကြတဲ့ လူတွေချည်းပါပဲ ။ ဒါပေမယ့် ယုံကြည်မှုကို အချိန်ယူပြီး အတွင်းထဲက မတည်ဆောက်ဘဲ အပြင်ကအရာတွေနဲ့ ဖုံးအုပ်ပြီး တည်ဆောက်လိုက်တဲ့ အခါ ပြိုလဲသွားရင် depression ၊ suicidal thoughts အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ် ။

ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်မဟုတ်ပါဘူး ။ အကယ်၍ shy ဖြစ်တာ ၊ စကားထစ်တာ နဲ့ စိတ်ပိုင်းဆိုင်ရာ trauma တွေရှိရင်တော့ စိတ်ဆရာဝန်တွေနဲ့ ပြသင့်ပါတယ် ။.အပေါ်ကပေးသွားခဲ့တဲ့ advice တွေကတော့ ကျွန်တော့် ဘဝကို တကယ်ပြောင်းလဲစေခဲ့ပါတယ် ။ Share ပေးပြီး message လေးကို မျှဝေနိင်ပါတယ်။ ကျောက်တောင်အလား မပြိုလဲနိင်တဲ့ confidence တွေ တည်ဆောက်နိင်ပါစေ ။

လင်းတင်ထွန်းနီ

No comments