New Artical

နေပူထဲထွက်လို့ ချွေးထွက်တာနဲ့ ချက်ချင်း ဆံပင်တွေ စေးကပ်လာရင်


နေပူပူထဲမှာ ဆံပင်တွေ ခပ်လွယ်လွယ် စေးကပ်နေတယ်ဆိုရင် အခုပြောပြထားတဲ့ အချက်လေးတွေ လုပ်ဆောင်ကြည့်ပေးပါ။ တပတ်လောက် သေချာလုပ်ရင်ကို ထူးခြားလာမှာပါ။

နေပူထဲထွက်လိုက်တာနဲ့ ခေါင်းထဲကနေ ချွေးထွက်လာပြီး  ဆံပင်က ချွေးတွေလိုလို၊ အဆီတွေလိုလိုနဲ့ စေးကပ်ကပ်ကြီး ပြန်ဖြစ်လာပြီး ဆံပင်ဖားလျားချတာလေး လုပ်လို့မရတော့ဘဲ အမြဲတမ်း ခေါင်းစည်းထားရပြီလား။ ဒါဆိုရင်တော့ စေးကပ်ကပ်ဖြစ်တာတွေ မဖြစ်အောင် လုပ်ဖို့ လိုလာပါပြီ။ စေးကပ်ကပ် မဖြစ်အောင် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

Dry Shampoo သုံးပါ

Dry Shampoo သုံးတာက အဆီတွေကို စုပ်ယူပေးလိုက်နိုင်တာမို့ စေးကပ်ကပ် ဖြစ်တာတွေ သက်သာစေနိုင်ပါတယ်။ ခေါင်းလျှော်ရည် ခဏခဏ သုံးတာက အဆီတွေ ထွက်စေတာမို့ Dry Shampoo သုံးမယ်ဆိုရင် ခေါင်းလျှော်ရလည်း သက်သာတယ်လေ။ အဆီတွေ အများကြီး စုပ်နိုင်တာမို့ Dry Shampoo သုံးတဲ့ အလေ့အကျင့် လုပ်ပေးပါ။

Crd : Marry

အဆီပါတဲ့ ပစ္စည်းတွေ သုံးရင်

အဆီပါတဲ့ ပစ္စည်းတွေ သုံးမယ်ဆိုရင်လည်း သတိထားဖို့ လိုပါတယ်နော်။ ဘာလို့လဲဆိုတော့ အဆီထွက်တဲ့ ဦးရေပြားတွေက အဆီတွေ မလိုဘူးလေနော်။ Moisture ပါတာမျိုးလောက်တော့ သုံးလို့ ရပါတယ်။

Tea tree ပါတဲ့ ခေါင်းလျှော်ရည်သုံးပါ

Tea Tree ပါတဲ့ ခေါင်းလျှော်ရည်က အဆီပြန်တာကို ထိန်းချုပ်နိုင်တာမို့ စေးကပ်ကပ် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ပစ္စည်းသေချာရွေးပါ

စေးကပ်ကပ် ဖြစ်တတ်တယ်ဆိုရင် ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရွေးချယ်တဲ့အခါမှာ သေချာရွေးချယ်ပါ။ ပစ္စည်း ရွေးရင် အဆီပြန်တတ်တဲ့ ဦးရေပြားအတွက် ထုတ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးပါ။ ခေါင်းလျှော်ရည်၊ Conditionerနဲ့ ခေါင်းလိမ်းဆီတွေ ဝယ်ရင် သီးသန့်ထုတ်ထားတာကို ရွေးပါ။

ခေါင်းဖြီးတွေကို သန့်ရှင်းရေး လုပ်ပါ

ခေါင်းဖြီးတွေ သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အညစ်အကြေးတွေ ရှိနေတဲ့ ခေါင်းဖြီးနဲ့ ဖြီးမယ်ဆိုရင် ဆံပင်တွေ ပိုပြီး စေးကပ်ကပ် ဖြစ်စေနိုင်ပါတယ်။ အဆီတွေ မရှိဖို့လည်း လိုတယ်နော်။

Conditioner သုံးပါ

Conditioner သုံးတာက ဆံပင်စေးကပ်ကပ် ဖြစ်စေတဲ့ အဆီတွေ ထွက်တာကို လျော့ကျသွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းမှာ Conditioner သုံးဖို့ မမေ့ပါနဲ့။

နေပူပူထဲမှာ ဆံပင်တွေ ခပ်လွယ်လွယ် စေးကပ်နေတယ်ဆိုရင် အခုပြောပြထားတဲ့ အချက်လေးတွေ လုပ်ဆောင်ကြည့်ပေးပါ။ တပတ်လောက် သေချာလုပ်ရင်ကို ထူးခြားလာမှာပါ။

Crd : Marry

No comments