New Artical

ကျောက်ကပ်ရောဂါ အတွက် ပြောင်းဖူးမွှေး ရေနွေးကြမ်း


ကျောက်ကပ်ရောဂါနဲ့ ပတ်သက်လို့ စိတ်ညစ်နေကြ သလား။  ငွေကုန်ကြေးကျ မများစေရဘဲ ပျောက်ကင်း စေနိုင်မည့်နည်းလမ်းကို စိတ်ချ လက်ချနဲ့ ယုံယုံ ကြည်ကြည် သောက်ကြည့်လိုက်ပါ အကျိုးထူးစေမှာပါ ။
ပြောင်းဖူးက ထွက်တဲ့ အမွှေးကို သွေ့ခြောက်အောင် အခြောက်ခံပြီး လ္ဘက်ခြောက် လိုမျိုး ရေနွေးထဲ ခပ်သောက်ပါ။ ဒိဌ ပျောက်ကင်းနိုင် ပါသည်။ 

သွေ့ခြောက် = နေပူ တိုက်ရိုက် မခံဘဲ နေရိပ် ထဲမှာ ဖြန့်လှမ်း အခြောက်ခံခြင်း ဖြစ်သည်။

ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေး ရေနွေးကြမ်းကိုဘယ်လိုလုပ်မလဲ။ ဘာ့ကြောင့် သောက်သုံးသင့် သလဲ။ 

ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေးခဲတာကိုလည်း သက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြား ရှိနေပါတယ်။ ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ် သောက်သုံးသင့်ပါတယ်။ ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကို ကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုလုပ်မလဲ

ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။ ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။ ပြီးရင် ရေဆေးပြီး အဝတ်စတစ်ခုခု (သို့) ပုဝါတစ်ခုခုပေါ် တင်လိုက်ပါ။ စာရွက် သတင်းစာ တစ်ခုခုကို အသုံးပြုလို့လည်း ရပါတယ်။ ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ၂ ပတ်လောက် ကြာနိုင်ပါတယ်။ ပြီးရင် အညိုရောင်လေး ဖြစ်လာပါလိမ့်မယ်။

အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။ ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။ ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ။ (သို့) ပျားရည်ကိုအသုံးပြုလည်းရပါတယ်။ ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။ ပြီးရင် ၂ မိနစ်လောက်နှပ်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ကာ သောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်း သောက်နိုင်ပါတယ်။

Credit:

No comments