New Artical

လေလည်ချင်တာကို ချုပ်တည်းထားမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

 


လူတစ်ယောက်က တစ်နေ့ကို ပျှမ်းမျှ ၁၀ ကြိမ် က နေ ၁၅ ကြိမ် လောက် လေလည် တတ်ပါတယ်။အသက် (၄၀)နောက်ပိုင်း ဆိုရင် တော့ အကြိမ် အရေ အတွက်က ပိုများလာတတ်ပါတယ်။လူတစ်ချို့က အီးပေါက် လေလည် တာကို ရှက်စရာ တစ်ခုလို့ မြင် နေ ကြပါတယ်။ဒါက တော့ တကယ်တော့ မှားပါတယ်။လေလည် တယ်ဆိုတာ ကလည်း လူ့ခန္ဓာကိုယ်ရဲ့ ဖြစ်ရိုး ဖြစ်စဉ် ကျန်းမာရေး ကိစ္စ တစ်ခုပါ။လေလည် ချင်တာကို ချုပ်တည်း ထားမိရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးေ တွ အကြောင်းကိုတော့ Brightside နဲ့ indiatimes တို့မှာ အခုလို ဖော်ပြထားပါတယ်။

အူမကြီးနဲ့ အူတွင်းကို အန္တရာယ် ဖြစ်စေ

လေလည်တာကို ချုပ်တည်း ထားတယ်ဆိုတာ ကျန်းမာရေး အတွက် မ ကောင်းပါဘူး။ အစာချေ စနစ် က နေ ထုတ်ပေးချင် နေတဲ့ Gas တွေကို သွားချုပ် တည်း လိုက်မိရင်တော့ အူမကြီးကို အန္တရာယ် ဖြစ်စေတတ်ပါတယ်။ဒါ့အပြင် အောက်ဘက် အစာ ချေ စနစ် တွေ ဖြစ်တဲ့ အောက်ပိုင်းက အူနဲ့ စအို ကိုပါ သွားပြီး ထိခိုက် စေပါတယ်။နာကျင်တာ၊အောင့်တာ မျိုးတွေ ခံစားရနိုင်ပါတယ်။အရပ် စကားနဲ့ ဆိုရင် လေထိုး လေအောင့် တာမျိုး ခံစားရတတ်ပါတယ်။

ဗိုက်ကယ်၊ဗိုက်ဖောင်း တာ

အရပ်စကားနဲ့ ပြောရရင်တော့ လေတွေ က အပြင် မထွက်ရပဲ အောင်းနေရ တော့ ဗိုက် ကယ် နေသလို ကြီးခံစားရတတ်ပါတယ်။ထွက်ရမယ့် Gas က မထွက် လိုက်ရ တဲ့ အတွက် ကြောင့် ဘာမှ မစားရပဲ နဲ့လည်း ဗိုက် ဖောင်း၊ဗိုက် ကယ် နေတာ မျိုးတွေ ကို ခံစားရစေပါတယ်။အဲ့လို က နေ မှ နောက်ဆုံး အစာအိမ် နဲ့ ပတ်သက်တဲ့ ရောဂါ တွေ အထိ ဖြစ်နို်င်ပါတယ်။

Gas တွေကို ပြန်စုပ်ယူတာ

ကိုယ်က ချုပ်တည်း ထားလိုက်တာနဲ့ ပြဿနာက ပြီးမသွားပါဘူး။စွန့်ထုတ်လိုက်တဲ့ Gas က အပြင် မရောက်ပဲ နဲ့ ခန္ဓာကိုယ်က နေ ဒီ Gas ကို ပြန်စုပ်ယူသွားတာ မျိုးတွေ ဖြစ်တတ်ပါတယ်။အဲ့လို စုပ်ယူ လိုက်ရင်တော့ တစ်ချို့က ပြန်လည် လည်ပတ်ပြီး လေတတ် ပြီး ပြန် ထုတ် တတ်ပါတယ်။အဲ့လို မဖြစ်ရင်တော့ အစာချေစနစ်ကို သွားပြီး ထိခိုက် စေပါတယ်။

အနံ့ ပိုဆိုးစေ

အောင့်ထား ချုပ်တည်း ထားတာ များရင် အနံ့ ပိုဆိုးလာတတ်ပါတယ်။ချုပ် တည်း ထားပြီးမှ ပြန် စွန့် ထုတ် အခါ ပိုပြီး အနံ့ ပြင်း တတ်ပါတယ်။

ဗိုက်ထဲမှာ အသံမြည်တာ

လေလည်တာကို ချုပ်ထားရင် ဗိုက်ထဲက နေ အသံ တွေ မြည်လာတတ်ပါတယ်။ဗိုက် အရမ်းဆာ လွန်းရင် အသံ မြည် သလို မျိုးပါ။Gas တွေ က အထဲမှာ စပြီး လှုပ်ရှားသွားလာ နေတာကြောင့် ဗိုက်ထဲက နေ အသံ တွေ ထွက် လာတာပါ။

အူနံရံ တွေကို ထိခိုက်စေ

အူနံရံ ဒါမှမဟုတ် ညှစ်တဲ့ ကြွက်သားတွေကို အားနည်း လာစေပါတယ်။လေလည် ချင်တာကို ချုပ် တည်း ထားရင် တော့ အဲ့လို ဆိုးကျိုး မျိုး နဲ့ သေချာ ပေါက် ရင်ဆိုင်ရတတ်ပါတယ်။

အီးကျယ်ကျယ်ပေါက်တတ်သူတွေ သိထားရမယ့် အချက်

ချုပ်တည်းထားတာ မကောင်းဘူး ဆိုပေမယ့်လည်း တကယ့်ပွဲလမ်းသဘင် လူကြားသူကြားထဲမှာတော့ တဘူဘူ လုပ် နေလို့ ကောင်းတဲ့ အရာ တော့ မဟုတ်ပါဘူး။ကိုယ်က အီးပေါက်တာ ကျယ်တတ်တဲ့ လူမျိုးဆိုရင် တော့ carbon ated အချိုရည်တွေ၊Gas ပါ တာမျိိုး တွေ ကို ရှောင်ပါ။အစားစားတဲ့ အ ခါ ကြေညက် အောင် သေချာ ဝါးစားပါ။

အီးပေါက်ရင် နံတတ်တဲ့ အစားအစာ မျိုး တွေ 

ဥပမာ- ကြက်သွန်နီ၊ ဆူးပုတ်ရွက်.. အနံ့ပြင်းတာ မျိုးတွေကို ရှောင်ပါ။ ငှက်ပျော်သီး၊အုတ်ဂျုံ၊အာလူး တို့ကို စားပေးပါ။ အဲ့ဒါတွေ က တော့ အီး ပေါက် ရင် အနံ့ ဆိုးတာ တွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

Ref : ShweMon

No comments