New Artical

ဆံပင်တွေ ဘာကြောင့် ကျွတ်နေသလဲ

 


ဆံပင်တွေ ဘာကြောင့် ကျွတ်နေသလဲ

ဆံပင်တွေက ဘာဖြစ်လို့ တအားကျွတ်ရတာလဲဆိုတာ သိချင်မှာပါ။
အောက်ပါအချက်တွေ သင့်မှာရှိနေပြီဆိုရင် ဆံပင်ကျွတ်နိုင်တယ်-
(၁) ဆေးဝါးများ
(က) သွေးကျဲဆေးတွေ သောက်နေရလို့
(ခ) ဝက်ခြံပျောက်ဆေးတွေ သောက်ရင် (ဝက်ခြံပျောက်ဆေးထဲမှာ ဗီတာမင် A အများကြီး ပါဝင်လို့ပါ)
(ဂ) မျက်စိအားကောင်းစေရန်ဆိုပြီး ဗီတာမင် A အားဆေးတွေ တအားသောက်နေရင်
(ဃ) အဆစ်အမျက်ကိုက်ခဲပျောက်ဆေးဝါး မှီဝဲနေရသူဖြစ်ရင်
(င) စတီးရွိုက်ဆေးတွေ ဘဝတစ်သက်တာ သောက်နေရလျှင် (ဥပမာ- သွေးကင်ဆာ၊ ကျောက်ကပ်    နာတာရှည်ရောဂါ စသည်)
(စ) သွေးကျဆေးများ၊ နှလုံးရောဂါဆေးများ၊ ဂေါက်ရောဂါဆေးများ နှင့် စိတ်ကျရောဂါဆေးများ မှီဝဲနေသူများဖြစ်လျှင်
(၂) ကလေးမွေးချိန်
(၃) သံဓာတ်ချို့တဲ့လျှင်
(၄) စိတ်ဖိစီးမှုများလျှင်
(၅) အသားဓာတ် မပြည့်ဝ (လုံလုံလောက်လောက်မရရှိတာ)
(၆) သားဆက်ခြားဆေးဝါးတွေ သောက်နေလျှင်
(၇) မကြာခဏ ခေါင်းဖြီးသင်ခြင်း၊ ခေါင်းလျှော်တတ်ခြင်း
(၈) Drier လေမှုတ်စက်ဖြင့် ဆံပင်ခြောက်အောင်သုံးခြင်း၊ ဆံပင်အပူချောင်းကပ်ခြင်း၊ဆံပင်ဆေးဆိုးခြင်း၊ ဆံပင်ကောက်ဆေး တွေ သုံးခြင်း။
(၉) ရောဂါဘယများကြောင့် (ဥပမာ-သိုင်းရွိုက်လည်ပင်းကြီးရောဂါ၊ ဦးရေပြားပွေးပေါက်ခြင်း၊ အပြင်ဖျားခဲ့ခြင်း၊ ကူးစက်ရောဂါပိုးဝင် ရောက်ခံရခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း
များကြောင့် ဖြစ်ပါတယ်။

မေ
Ref: Health News.

No comments