New Artical

ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ရောက်လာခြင်းနဲ့အတူ သတိထားရမယ့် ကာကွယ်ဆေးအတု

 


ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ရောက်လာခြင်းနဲ့အတူ သတိထားရမယ့် ကာကွယ်ဆေးအတု

ကိုဗစ် နဲ့ ပတ်သက်လို့ မပြောပဲ ငြိမ်နေတာ အခုတော့ မနေနိုင်လို့ ပြန်ဝင်ပြောအုံးမယ်။အခုချိန် နိုင်ငံတိုင်း က အစိုးရတိုင်း နဲ့ လူတိုင်း က ကာကွယ်ဆေး ကို တတ်နိုင်သမျှ စိတ်အချရဆုံး အကောင်းဆုံး အမြန်ဆုံး ရနိုင်အောင် ကြိုးပမ်းနေတဲ့ အချိန် မသမာသူလူတချို့ က ကာကွယ်ဆေးအတုထုတ်ပြီး စီးပွါးရှာတာကတော့ တော်တော်များသွားပြီ။

အရင် ၂ ပတ်လောက် က မြန်မာနိုင်ငံက ပုဂ္ဂလိအဖွဲ့အစည်း တခု(ကျောက်မျက်အသင်းလို့ထင်တာပဲ) က အစိုးရ ထိုးပေးမယ် အချိန်ထိ မစောင့် ပဲ ကိုယ်ဟာ ကိုယ် ဝယ်ပြီးထိုးဖို့ စာရင်းကောက်တာ တွေ့မိပါတယ်။အခုချိန် မှာ ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်တဲ့နိုင်ငံ က လက်တဖက် မပြည့်ပါဘူး၊ ကာကွယ်ဆေး ကို ထုတ်တဲ့ ဆေးကုမ္မဏီတွေ ကလဲ နိုင်ငံအစိုးရတွေ ကိုပဲ တိုက်ရိုက်ရောင်းချပေးပါတယ်။

 

ဖဘပေါ် က သတင်းတခုမှာတော့ ယူအစ် မှာ ဖိုက်ဇာ Pfizer ဆေးတလုံး ကို မှောင်ခိုဈေးကွက် မှာ USD ၂၅,၀၀၀ နဲ့ ရောင်းတာလို့တော့ ကြားဘူးပါတယ်။ အမှန်တကယ် မဟုတ်ဘူးလို့ယူဆပါတယ်။ တကယ်ရောင်းရင်တောင် ကာကွယ်ဆေး အစစ်အမှန်ဖြစ်ဖို့ နဲ့ အာနိသင်ပြည့်ဝဖို့ဆိုတာ မေးခွန်းထုတ်စရာပါ။ခုန အပေါ်မှာပြောတဲ့ အသင်းအဖွဲ့တွေရော လူပုဂ္ဂိုလ်တွေ ကိုရော ပြောချင်တာ က မှောင်ခိုဈေးကွက် က ကိုဗစ်ကာကွယ်ဆေးက လုံးဝ(လုံးဝ) မယုံကြည်ရပါခင်ဗျား။

ဆေးထဲ မှာ ဘာဓာတုပဋိဇီဝဓါတ်ပေါင်းတွေပါလဲ ဆိုတာ ဘုရား ပဲ သိမယ်ထင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်(ဆိုးကျိုး) တွေ က ကိုယ်တယောက်ပဲ ခံရတာထက် ဆွေစဉ်မျိုးဆက်တွေ အထိတောင် ခံရနိုငိတဲ့လို့ပဲပြောချင်ပါတယ်။မြန်မာနိုင်ငံ ကို လဲ အခုလို ကာကွယ်ဆေးအတုတွေ ဝင်ရောက် မလာဖို့ အစိုးရ မှာ ပဲ တာဝန်ရှိရုံမက နိုင်ငံသူ/သား မှာလဲ တာဝန်ရှိပါတယ်။ ဘယ်ဆေးကုမ္မဏီ ကိုယ်စားလှယ် လူပုဂ္ဂိုလ်တယောက် မှာ ကာကွယ်ဆေး ဝယ်ယူခွင့် နဲ့ ဖြန့်ဖြူးခွင့်မရှိသေးကြောင်း ထပ်လောင်း သတိပေးချင်ပါတယ်။အယုံမလွယ်ပါနဲ့

Credit

No comments