နေ့ချင်းပြန်မို့ပါ
နေ့ချင်းပြန်မို့ပါ
---------------------
" ဟင်...
ဘုရားကလည်း မြန်လိုက်တာ …
ဒီနေ့ပဲ ပဋိသန္ဓေနေတယ်။
ဒီနေ့ပဲ ဖွားမြင်တယ်။
ဒီနေ့ပဲ တောထွက်တယ်။
ဒီနေ့ပဲ ဘုရားဖြစ်တယ်။
ဒီနေ့ပဲ တရားဦးဟောတယ်။
ဒီနေ့ပဲ ရေမီးအစုံအစုံ တန်ခိုးပြတယ်။
ဒီနေ့ပဲ နတ်ပြည်တက် တရားဟောတယ်။
ဒီနေ့ပဲ ပြန်ဆင်းလာတယ်။
ဒီနေ့ပဲ အာယုသင်္ခါရလွှတ်တယ်။
ဒီနေ့ပဲ ပရိနိဗ္ဗာန်ပြုတယ်။ ဆိုတော့...
မြန်လှချည်လား ...
မနက်ဖြန် ယာဂုဘုဉ်းပေးချိန် အထိတော့ နေဖို့ကောင်းတယ်" တဲ့... ။ ဒီစကားတွေကို ပြောတာက
အလွန်မှ သက်တမ်းရှည်လှတဲ့ ဝရုဏနဲ့ ဝရဏ ဆိုတဲ့ နတ်နှစ်ပါးက ပြောတာပါ။ နတ်သား နှစ်ပါးဟာ
ဘုရားအလောင်း ပဋိသန္ဓေ ယူတော်မူမည် ဆိုကတည်းက ဗုဒ္ဓဂုဏ်ကို ပူဇော်ဖို့ အတွက် ပန်းသီနေကြတာ ဘုရားသာ ပရိနိဗ္ဗာန် ပြုသွားတယ် ပန်းသီလို့ မပြီးသေးဘူးတဲ့။ ဒါလည်း သဘာဝကျပါတယ်။ တာဝတိံသာနတ်သက် တစ်ရက်တောင် မပြည့်တဲ့ မြတ်စွာဘုရားရဲ့ သက်တော် ရှစ်ဆယ်ဟာ နတ်တွေ အနေနဲ့တော့ နေချင်းပြန်လို့ ဆိုရမှာပါပဲ။ အခု လူ့ဘဝရောက်နေတာ နေ့ချင်းပြန်ပါ။ ဒါကြောင့်... ခဏတာ ရောက်လာသော အခိုက်မှာ .. မလို ဒေါသ လို လောဘ တွေနဲ့ အချိန်ကုန် မနေဖို ့ မပြန်ခင်လေးမှာ တရားအလုပ်ကို ကြိုးစားလုပ်ဖို့ အတွက် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူ ့ကိုမှ မုန်းဖို ့မကြိုးစားနဲ ့ အချိန်မရှိဘူး ...
အရှင်တေဇိန္ဒ (ဗုဒ္ဓ၏ သားတော်)
No comments