New Artical

ဆယ်ကျော်သက်ဆိုသည်မှာ


ဆယ်ကျော်သက်ဆိုသည်မှာ

အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြားအရွယ်ကို ဆယ်ကျော်သက်လို့ခေါ်ပါတယ်။ အသက် ၁၀ နှစ်အထိတော့ အဲဒီကလေးဟာ လူကြီးမိဘတွေ သင်ကြားပေးတဲ့အတိုင်း တစ်သဝေမတိမ်း ပြုမူနေထိုင်ကျင့်ကြံကြလို့မို့ များစွာသော မိဘတွေအနေနဲ့ သူတို့ကလေးတွေအကြောင်း ကောင်းကောင်းသိတယ်လို့ ယုံကြည်မှုရှိစွာနဲ့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ မြီးကောင်ပေါက်အရွယ်ရောက်လာရင်တော့ ပြောင်းလဲသွားပါပြီ။ မြီးကောင်ပေါက်အရွယ်ကာလကို သာမန်အတိုင်းဖြစ်သော ပုံမှန်ဖြစ်လေ့ရှိသော စိတ်ရူးထမှုလို့ ဖော်ပြလေ့ရှိကြပါတယ်။ အကြောင်းကတော့ သစ်ရွက်လှုပ်တာတောင်မှရယ်တယ်၊ စိတ်ရူးထတယ်ဆိုတဲ့စိတ်တွေဟာ တဖြည်းဖြည်းနဲ့ သူ့ဘာသာသူ ပြန်လည်ငြိမ်သက်သွားနိုင်တာကြောင့်ပါပဲ။

ဆယ်ကျော်သက်တို့ဘက်ကကြည့်ရင် ဆယ်ကျော်သက်တွေဖြတ်သန်းရတဲ့ကာလတွေဟာ သူတို့ဘဝရဲ့ သိပ်ကိုအဖိုးတန်တဲ့ကာလပါပဲ။ သူတို့ရဲ့ ကိုယ်ပိုင်မိုးကုတ်စက်ဝိုင်းမြင်ကွင်းကျယ်ဟာ သူတို့အတွက် မူပိုင်ဖြစ်သောနည်းနဲ့ ကျယ်ပြန့်လျက်ရှိပါတယ်။ ဒါ့အပြင် ရွေးချယ်စရာအသစ်အဆန်းတွေကလည်း အမြဲတမ်းသူတို့ဘာသာသူတို့ တွေ့ရလျက်ရှိတယ်။ ဒီအချိန်ဟာ လုံးဝကိုပဲ သူတို့ရဲ့ မူပိုင်ဖြစ်တယ်။ အကြောင်းကတော့ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာ တစ်ယောက်ချင်းနဲ့ သက်ဆိုင်နေလို့ပဲ။ စိတ်ရှုပ်စရာကသိကအောက်ဖြစ်စရာ ခံစားမှုတွေ၊ ကိုးယိုးကားယားတွေနဲ့ ပြည့်နှက်နေတဲ့ ဆယ်ကျော်သက်ကာလထဲကို တိုးဝင်နေရတယ်။ ရှက်စရာ၊ စိတ်ရှုပ်ထွေးစရာတွေထဲမှနေပြီး ရှင်းလင်းပြတ်သားတဲ့ ထင်မြင်ချက်နဲ့ စိတ်ကူးတွေနဲ့ ပေါ်ထွက်လာရတယ်။ သူတို့ရှာဖွေနေတဲ့ ရင်းနှီးဆက်သွယ်မှု၊ သူတို့ကို ပျော်ရွှင်စေနိုင်မယ်ထင်ရသော ဖြစ်နိုင်ဖွယ်ရာဘဝ အမျိုးအစားကို ရှာဖွေနေကြတယ်။ သူတို့ဘဝတစ်လျှောက်မှာ စိတ်ခံစားမှုဆိုင်ရာမှာရော၊ သိမြင်တတ်မှုအပိုင်းမှာပါ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ဆယ်ကျော်သက်အရွယ်မှာလောက် မြန်တဲ့နှုန်းမရှိပါဘူး။


ဆယ်ကျော်သက်တွေ ကလန်ကဆန် ပုန်ကန်ချင်တဲ့စိတ်ဟာ ပုံမှန်ပါပဲ။

ဆယ်ကျော်သက်တွေဟာ သဘာဝအလျောက် အရဲစွန့်လေ့ရှိကြသူတွေပါ။ သူတို့ဟာ သူတို့ရော အခြားသူတွေအပေါ်မှာပါ စမ်းသပ်လိုစိတ်ရှိကြတယ်။

ဘယ်လောက်အတိုင်းအတာအထိ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ စမ်းသပ်လိုကြတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားမှုဆိုင်ရာနဲ့ ပတ်သက်လို့ ပုန်ကန်ဆန့်ကျင်လိုတဲ့ သဘောထားဟာ သူတို့ဆက်ဆံရေးရဲ့ သာမန်အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ လူ့အဖွဲ့အစည်းကသော်လည်းကောင်း၊ မိဘအုပ်ထိန်းသူတွေက မျှော်လင့်ထားတဲ့အတိုင်း လိုက်နာစေရန်သော်လည်းကောင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်ပြီး ပုန်ကန်ခြားနားချင်စိတ်တွေဖြစ်ပေါ်လာလေ့ရှိတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ သူတို့ဟာ သူတို့ရဲ့ မိဘများနှင့် ကွဲပြားခြားနားတယ်ဆိုတာကို ဖြစ်ချင်စိတ်မှ မြစ်ဖျားခံလာခြင်းဖြစ်တယ်။ သူတို့ကိုယ်သူတို့ သီးခြားဖြစ်တယ်ဆိုတာ ဖော်ထုတ်ချင်လို့ဖြစ်တယ်။ ဒီပုန်ကန်တဲ့စိတ်ထားဟာ ဆယကျော်သက်တွေအဖို့ သူတို့ကိုယ်သူတို့ စိတ်သက်သောင့်သက်သာ ဖြစ်ချင်မှလည်းဖြစ်မယ်။ မိဘတွေက မကြိုက်မှန်းသိတဲ့အတွက် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြုလုပ်ဆောင်ရွက်ချက်တွေကို သေချာစွာပြင်ဆင်ပြီး ထူးခြားတဲ့ နည်းတွေနဲ့ ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။

#T

No comments