New Artical

လူထုဘဝက ပုရွက်ဆိတ်


လူထုဘဝက ပုရွက်ဆိတ်

🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜
 🐜 ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး။


 🐜 ဒါပေမဲ့ ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေကို စားပွဲ ပေါ် လွှတ်ပေးလိုက်ရင်တော့  သည်ကောင်တွေ တကောင်နဲ့ တကောင် တိုက်ခိုက် သတ်ဖြတ် ကြတော့တာပါပဲ။


 🐜 ပုရွက်ဆိတ်အနီကောင်တွေက အမဲကောင်တွေ ကို  ရန်သူလို့ ထင်သွားတဲ့ အချိန်မှာ.. ပုရွက်ဆိတ် အမဲကောင်တွေကလည်း အနီကောင်တွေဟာ  သူတို့ရဲ့  ရန်သူလို့့ ယုံကြည် သွားကြပါတော့တယ်။


🐜 တကယ့် ရန်သူ အစစ် ကတော့ ဖန်ပုလင်း ကို လှုပ် လိုက်တဲ့ သူပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း သည်အတိုင်းပါပဲ။ မိန်းမ နဲ့ ယောက်ျား၊ လက်ဝဲ နဲ့ လက်ျာ၊ချမ်းသာနဲ့ ဆင်းရဲ၊ ဘာသာတရားယုံကြည်မူ့ နဲ့ သိပ္ပံပညာ အတင်းအဖျင်း ကောလဟာလ စသဖြင့်...


 🐜 တစ်ယောက်နဲ့ တစ်ယောက် မုန်းတီး ရန်လိုစွာ မတိုက်ခိုက်ခင်မှာ .. ကျွန်တော်တို့ မိမိကိုယ်ကို သေချာအောင် ပြန်မေး သင့်ပါတယ်၊ "ဘယ်သူက ဖန်ပုလင်း ကို လှုပ်လိုက်တာလဲ"


🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜🐜

Credit:KGKgwa

No comments