New Artical

စီချွမ်စတိုင် ဝက်သားစဉ်းကော ချက်စားရအောင်

 


အသားတွေကို ဒီအတိုင်း ချက်စားရတာ ငြီးငွေ့လာပြီဆိုရင် တရုတ် စီချွမ်ဟင်းလျာ ချက်နည်း ဝေမျှပေးချင်ပါတယ်။ အသားတွေကို ငါးအရသာ စတိုင်ဘက် သွားမယ့် ဟင်းလျာချက်နည်းပါ။ နုပ်နုပ်စဉ်းထားတဲ့ ဝက်သားကို အချို၊ အချဉ်၊ အငန် အရသာ ပေါင်းစပ်ပြီး ငါးအသားစဉ်းကောပုံစံ ချက်ပြုတ်သွားမှာပါ။

စီချွမ် ဝက်သားစဉ်းကော ချက်ပြုတ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ဝက်သား
ကြွက်နားရွက်မှို
အော်စွန်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
တရုတ်ပဲငပိအနှစ်
ပဲငံပြာရည်
ကော်မှုန့်
ကြက်ဥ
ဟင်းချက်ဝိုင်
ချင်း အနည်းငယ် လိုအပ်ပါတယ်။

အရင်ဆုံး ဝက်သားကို သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။ နုပ်နုပ်စဉ်းထားတဲ့ အသားထဲကို ကော်မှုန့်၊ ဆား၊ သကြား၊ ကြက်ဥအကာ၊ ဟင်းချက်ဝိုင် အနည်းငယ်ထည့် သမအောင်မွှေပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။

ကြွက်နားရွက်မှိုကို ၁၅ မိနစ်လောက် ရေစိမ်ပြီး ပါးပါးလှီးထားပါ။ အော်စွန်းကိုလည်း ပါးပါးလှီးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းကိုလည်း နုပ်နုပ်စဉ်းပါ။

ဟင်းချက်အနှစ်အတွက် သကြား၊ ရှာလကာရည်၊ ဟင်းချက်ဝိုင်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ကော်မှုန့်၊ ရေ အနည်းငယ် ထည့်ပြီး သမအောင်မွှေပါ။ အားလုံးပြင်ဆင်ပြီးရင် ဟင်းစချက်ပါမယ်။ ဒယ်အိုးပူလာရင် ဆီအနည်း ငယ်ထည့်ပါ။ အရင်ဆုံး နုပ်နုပ်စဉ်းထားတဲ့ အသားကို ကြော်ပါမယ်။

ခဏ ဖယ်ထားပြီး နောက်ထပ် ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းထားတာကို ဆီသတ်ပါမယ်။ အနံ့ မွှေးလာရင် တရုတ်ပဲငပိ အနှစ်ထည့်ပါ။ ပြီးရင် ကြွက်နားရွက်မှို၊ အော်စွန်း ထည့်မွှေပြီး ကြော်ထားတဲ့ ဝက်သား စဉ်းကောကို ရောထည့်လိုက်ရုံပါပဲ။

အားလုံးကျက်ရင်တော့ ဟင်းအနှစ်စပ်ထားတာ ရောထည့်လိုက်ပါ။ အသား ဟင်းဆိုတာထက် ငါးအသား အရသာထွက်မယ့် စီချွမ်စတိုင် ဝက်သားစဉ်းကော ဟင်းလျာတပွဲ ရပါပြီ။

Ref: Travel China Guide

 

No comments