New Artical

ကျန်းမာချင်ရင် ကလေးလိုနေ

 

ကျန်းမာချင်ရင် ကလေးလိုနေ


ခုန်ပေါက်ကစားခြင်းဟာ ကလေးငယ်များအတွက်ပျော်စရာရွှင်စရာဖြစ်သလို လူကြီးတွေ ဒီလိုလုပ်ပေးမယ်ဆိုရင် ကျန်းမာရေးကောင်းစေပြီး သေးသွယ် လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကိုရရှိစေပါတယ်။ ဒါကြောင့် အားကစားလုပ်မယ်ဆိုရင် ကလေးကစားနည်းတွေနဲ့ တူတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

ကြိုးခုန်ခြင်း

ကြိုးခုန်တာဟာ ခြေသလုံးကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းလာပြီး အမောခံနိုင်စွမ်းပိုရှိလာစေမှာဖြစ်ပါတယ်။ တစ်နေ့လျှင် (၁၅ )မိနစ်လောက် ကြိုးခုန်ကစားခြင်းဟာ နာရီဝက်ကြာရွရွလေးပြေးသလောက် ပိုလျှံနေတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်မှာဖြစ်ပါတယ်။

ကြိမ်ကွင်းစွပ်လှည့်ခြင်း

ကြိမ်ကွင်းစွပ်လှည့်တာဟာ ခါးနဲ့ ဝမ်းဗိုက်ကြွက်သားတွေ ကြံ့ခိုင်မှုကို ဦးတည်ချက်ထားတာဖြစ်လို့ ခါးသေးရင်ချီအလှခန္ဓာကိုယ် ဖြစ်လာစေမှာဖြစ်ပါတယ်။

ခြေတစ်ဖက်ကန်၍စီးရသော ကလေးစီးစက်ဘီးစီးခြင်း

ခြေတစ်ဖက်ကန်၍စီးရသော ကလေးစီးစက်ဘီး (Scooter) စီးခြင်းဟာ ခြေနင်းပြားပေါ်ရပ်နေတဲ့ခြေထောက်ကြွက်သားတွေ ပိုမိုသန်မာလာသလို ကန်ပြီးတွန်းနေတဲ့ခြေထောက်ရဲ့ ကြွက်သားလည်း ပိုမိုသန်မာလာမှာဖြစ်ပါတယ်။ စက်ဘီးပေါ်ကလဲမကျအောင် ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင် ခြေထောက်နှစ်ဖက်က မြဲမြံစွာထိန်းရတဲ့အတွက် ခြေထောက်နှစ်ဖက်သန်မာလာသလို ပိုနေတဲ့ ဝမ်းဗိုက်အဆီတွေလည်း လျော့ကျစေမှာဖြစ်ပါတယ်။

ကျွမ်းထိုးကစားနည်း

ကလေးတွေလို စပရင်ဖျင်ချပ်ပေါ် ကျွမ်းထိုးနည်းကို ပြင်းပြင်းထန်ထန်ကစားခြင်းဟာ အပြေးကစားခြင်း နီးပါးလောက်ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းထိုးခြင်းက ဒူးဆစ်ထိခိုက်ဒဏ်ရာရမှု ဖြစ်နိုင်တာမို့ ကျွမ်းထိုးတဲ့အခါ ချော်မကျအောင် သတိထားဖို့လိုပါတယ်။


Credit

No comments