New Artical

အမျိုးသမီးတွေက အမျိုးသားတွေလောက် ဘာကြောင့် ဘားတန်းကြာကြာမဆွဲနိုင်တာလဲ?


အမျိုးသမီးတွေက အမျိုးသားတွေလောက် ဘာကြောင့် ဘားတန်းကြာကြာမဆွဲနိုင်တာလဲ?


 အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် ဘားတန်းဆွဲလေ့ကျင့်ခန်း (Pull up) ကိုပြုလုပ်ဖို့ ခက်ခဲကြပါတယ်။
 အိုဟိုင်းရိုးပြည်နယ် Wexner Medical Center ၏ အားကစားဆေးပညာဌာနမှ သုတေသီတစ်ဦး၏ ပြောဆိုချက်အရ ထိုသို့ခက်ခဲရခြင်းမှာ အမျိုးသမီးများမှာ လက်မောင်းထုထည်ကြွက်သား ပိုမိုနည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
 MRI ဖြင့် လေ့လာချက်အရ အမျိုးသမီးများမှာ အမျိုးသားများထက် ခန္ဓာကိုယ်အပေါ်ပိုင်း ထုထည် ၄၀% ပိုမိုနည်းပါးကြတယ်တဲ့။
 ပြီးတော့ အမျိုးသမီးများရဲ့ သဘာဝခန္ဓာကိုယ်အပေါ်ပိုင်းဟာ အမျိုးသားများ သန်စွမ်းမှုရဲ့ ၅၀% ကျော်လောက်ပဲ သန်မာပါတယ်။
 ဒါပေမဲ့ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်အောက်ပိုင်း သန်မာမှုကတော့ အမျိုးသားများနဲ့ သိပ်ပြီးမကွာခြားလှဘဲ ၈၀-၉၀% နီးပါး ရှိပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် ခံနိုင်ရည်လည်း ပိုရှိပါတယ်လို့ အဆိုပါ သုတေသီက ဆိုပါတယ်။
 သို့သော် အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး ကွာခြားကာ ဘားဆွဲခြင်းကို အကြိမ်အရေအတွက်များများ ပြုလုပ်နိုင်တဲ့ အမျို့သမီးအချို့လည်း ရှိပါတယ်တဲ့။
 
Ref:foxnews.com
Crd:

 

No comments