New Artical

လည်ချောင်းရောင် လည်ချောင်းနာအတွက် သဘာဝကုထုံး

 

လည်ချောင်းရောင် လည်ချောင်းနာအတွက် သဘာဝကုထုံးတွေ


လည်ချောင်း ရောင်တယ်၊ နာတယ် ဆိုတာက လည်မျိုနဲ့ အသံကြိုးတွေ ပါဝင်တဲ့ လည်ချောင်းအထက်ပိုင်းမှာ ရောင်ရမ်းနာကျင်တာပါ။ vocal cords လို့ခေါ်တဲ့ အသံကြိုးတွေကို အရမ်းအားစိုက်လိုက်တဲ့အခါမျိုး၊ ထိခိုက်သွားတာမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာမယ်၊ အသံ ကွဲရှရှဖြစ်မယ်၊ ချောင်းခြောက်ဆိုးမယ်၊ အသံတိမ်ဝင် အားနည်းမယ်၊ ဒါတွေက လည်မျိုနာတဲ့ လက္ခဏာတွေပါပဲ။ ပဋိဇီဝဆေးတွေ၊ အရောင်ကျဆေးတွေနဲ့ ကုသ ပျောက်ကင်းနိုင်ပါတယ်။ မြန်ဆန်လွယ်ကူတဲ့ သဘာဝကုထုံးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက်လဲ အိမ်တွင်းကုထုံး နည်းလမ်းကောင်းတွေကို ကျနော်တို့ ကျန်းမာရေးသတင်းများပေ့ချ်မှ မှ ျဝေလိုက်ပါတယ်။
၁။ Onion Syrup (ကြက်သွန်နီအရည်)
လည်ချောင်းရောင်နာအတွက် ကြက်သွန်နီအရည်လုပ်ဖို့က လွယ်ပါတယ်။ ရေ ၄ ခွက်စာထဲကို ကြက်သွန်နီ အရွယ်လတ် ၄ လုံးစာ ပါးပါးလှီးပြီးသား ထည့်ပြီး အရည်ရအောင် ကြိတ်လိုက်ရင် ကြက်သွန်နီအနှစ်ရည် ရလာပါမယ်။ ရေတဖန်ခွက်ထဲကို ကြက်သွန်နီအနှစ်ရည် ၅ ဇွန်းထည့်။ အရသာအတွက် သံပုရာရည်နဲနဲ၊ ပျားရည်နဲနဲ ထပ်ဖြည့်ထည့်ပေါ့။ အဲဒီအရည်ကိုသောက်ရင် ချက်ချင်းပျောက်သတဲ့ဗျား။
၂။ ဂျင်း (Ginger)
လည်ချောင်းပြသနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးဆေးတစ်လက်အဖြစ် ဂျင်းကို လူသိများပါတယ်။ ဂျင်းရည်ဟာ အသံအိုးနံရံတွေ ယားယံခြင်းကို သက်သာစေတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဂျင်းကို သကြားအုပ်ပြီး လမ်းသွားရင် ဆောင်သွားနိုင်သလို ဂျင်းလ္ဘက်ရည် လုပ်ပြီးလဲ သောက်ပေးနိုင်ပါတယ်။
၃။ Apple Cider Vineger (ပန်းသီးအရက် ရှာလကာ)
ဘက်တီးရီးယားတွေကို နိုင်နင်းတဲ့ ပန်းသီးအရက် ရှာလကာရည်ဟာ လည်ချောင်းနာကို ကုသပေးနိုင်ပါတယ်။ ရေခွက်ထဲ ရေတဝက်လောက် ထည့်ပြီး ပန်းသီးအရက် ဗီနီဂါ ၂ ဇွန်းနဲ့ ပျားရည်နည်းနည်း ထည့်ပြီး တခါသောက်စာ လုပ်ရပါမယ်။ အဲဒါကို တနေ့ ၂ ကြိမ် သောက်ပေးရင် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး လည်ချောင်းနာကို သက်သာစေပါတယ်။
၄။ သံပုရာရည်
သံပုရာရည်ကလဲ လည်ချောင်းထဲမှာ ယားယံတာကို သက်သာ ပျောက်ကင်းစေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ မနက်ပိုင်းမှာ သံပုရာရည် လတ်လတ်ဆတ်ဆတ် ဖျော်သောက်တာ ဒါမှမဟုတ် သံပုရာရည်နဲ့ ပလုတ်ကျင်းတာပါ။ ဆားလေးနဲနဲကို သံပုရာရည် လတ်လတ်ဆတ်ဆတ်ထဲကို ထည့်ပြီးရော။ ရေနွေးနွေးလေး တခွက်ထဲကို ရောလိုက်ပြီးတော့ တနေ့လုံး ပလုတ်ကျင်းပေးရမှာပါ။
၅။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာက ရောင်ရမ်းတာကို သက်သာစေပြီး antimicrobial ဆိုတဲ့ မိုက်ခရုဘ်တွေကို တားဆီးပေးတဲ့ဓာတ် ပါဝင်ပါတယ်။ ကြက်သွန်ဖြူဥ အမွှာတခုကို ၀ါးပြီး အရည်ကုန်သွားတဲ့အထိ စုပ်ယူမြိုချရပါမယ်။ အဲ့ဒီလို တနေ့အတွင်း ကိုယ်လုပ်နိုင်သလောက် လုပ်ရပါမယ်။ အနံပြင်းပြီး စပ်ဖျင်းဖျင်း ဒဏ်ကိုတော့ သည်းခံနိုင်မှ လုပ်လို့ရမှာနော်။
၆။ Slippery Elms
Ulmus rubra လို့ သိကြတဲ့ Slippery Elms အပင်ထဲမှာ ပါဝင်တဲ့ အရည်လိုလို ဂျယ် Gel ဟာ ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Slippery Elms ကို ရေထဲ ထည့်လိုက်ရင် Gel ပုံစံ ဖြစ်သွားပါမယ်။ အဲ့ဒီ Gel ကို တနေ့အတွင်း ခဏခဏ စားပေးရမှာပါ။ ကလေးနို့တိုက်နေချိန်၊ ကိုယ်ဝန်ဆောင်ချိန်မှာ မစားရပါ။ နောက်ပြီး အလာ့ဂျစ် (ဓာတ်မတည့်) ရှိသူတွေဆိုရင် ဆရာဝန်ဆီ ယူသွားပြပြီးမှ သုံးသင့် မသင့် ညွှန်ကြားချက် လိုက်နာရပါမယ်။
၇။ ရေ
ရေများများ သောက်ပေးပါ။ ရေများများ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ရောဂါပိုးတွေကို ဆေးချပေးနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းယားတာတွေသက်သာနိုင်ပါတယ်။ ရေအေးသောက်တာကို ရှောင်ရပါမယ်။ ရေထဲကို သံပုရာသီးစိပ်လေးတွေ ထည့်ပေးရင် အာနိသင် ပိုကောင်းပါတယ်။
၈။ ပျားရည်
ပျားရည်ဟာ အရောင်ကျဆေးအဖြစ် လူသိများပါတယ်။ ပျားရည်ကို ဆေးရည် လို သောက်ပေးရမှာပါ။ တနေ့လုံးကို ပျားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း အပြည့် သောက်ပေးရပါမယ်။ ပျားရည်နဲ့ သံပုရာကို ရောစပ်ပြီးလဲ သောက်ပေးနိုင်ပါတယ်။
၉။ ယူကလစ္ဆီ
ယူကလစ်ဆီဟာ လည်ချောင်းနာကို ကုသဖို့ အကောင်းဆုံး ဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ယူကလစ်ဆီကို ကိရိယာ အကူအညီ နဲ့ ဖြစ်စေ ရေနွေးငွေ့ကနေ တိုက်ရိုက်ဖြစ်စေ ရှုသွင်းရပါမယ်။ ရေထဲမှာ ယူကလစ်ဆီ နဲနဲ အစက်ချ ထည့်ပြီး ၁၀ မိနစ်လောက် ရှုပေးရပါမယ်။ တစ်ရက်ကို ၂ ကြိမ် လုပ်ပေးရမှာပါ။
၁၀။ ဆားရေနွေး
ဒါကတော့ လူသိများတဲ့ သဘာဝကုထုံး ဖြစ်ပါတယ်။ ဆားရေနွေးဟာ ဘက်တီးရီးယားထဲကဗိုင်းရပ်စ်တွေကို သေစေပြီး ရောင်ရမ်းတာကိုလဲ လျေကျစေပါတယ်။ ဆား ဇွန်းတဝက်လောက်ကို ရေနွေး တခွက်ထဲကို ရောထည့်လိုက်ပြီး အဲ့ဒီရေနဲ့ ပလုတ်ကျင်းပေးရမှာပါ။ ဒါကို တနေ့လုံး လုပ်နိုင်သလောက် အကြိမ်ရေများများ လုပ်ပေးရပါမယ်။ ဒါပေမယ့် သတိထားရမှာက ဆားဟာ ခန္ဓာကိုယ်ထဲက အရည်တွေကို ဖယ်ရှားပေးတာကြောင့် နောက်ထပ် ယားယံတာကို ခံစားရတတ်ပါတယ်။ သုံးစွဲလိုက်တဲ့ ဆားပမာဏကို သတ်မှတ်ထားပြီး နောက်ထပ် ငံတဲ့အရသာ အစားအစာတွေကို လုံးဝ မစားမိအောင် သတိထားပါ။
ဒါတွေဟာ ကိုယ့်အိမ်မှာနေရင်း လုပ်လို့ရတဲ့ အမြန်ပျောက်ကင်းစေတဲ့ သဘာဝ ကုသနည်းတွေ ဖြစ်ပါတယ်။ လည်ချောင်းနာတာ ပိုဆိုးလာပြီး တပတ်လောက် ကြာတဲ့အထိ မပျောက်သေးရင်တော့ ဆရာဝန်ဆီသာ သွားပြလိုက်ပါတော့။
လည်ချောင်းနာ သက်သာ ပျောက်ကင်းကြပါစေဗျား

Credit :

No comments