New Artical

ပိတောက်ပွင့်သစ် ဆက်ခါဆက်ခါ ...


 ပိတောက်ပွင့်သစ် ဆက်ခါဆက်ခါ ...

(၁)

နေပူတစ်ခါ၊ မိုးရွာတစ် လှည့်နဲ့ သီတင်းကျွတ်ပွဲတော်ကြီး နီးလို့လာပြန်ပြီကော။ လေညင်း ဟာ ခါတစ်ရံ ငြိမ်သက်၊ ခါတစ်ရံ အေးမြလို့ရယ်။ သစ်ရွက်တို့ စိမ်း မြတချို့၊ စိမ်းဝါတချို့၊ စိမ်းလဲ့ တချို့။ ငှက်တို့မြည်သံကိုနားစွင့် လို့ သာယာဖွယ် ဆောင်းဦးရက် များကို ကြိုဆိုလို့ပေါ့။ မကြာပါ။ ပြတင်းတံခါးကို နှင်းများလာရိုက် ခတ်ပေဦးမယ် ... ဘကြီးမိုး။
ဟိုတစ်နေ့ (၂၃-၁၀-၂၀)က ကိုဝင်းသူရ (မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) ကွယ်လွန် တော့ မဟေသီကို သတိရ၊ ကို ဝင်းသူရကို ကျွန်တော်တို့ လွမ်း ဆွတ်ကြရပါတယ်။ တစ်ဆက် တည်း ကိုစိမ်းနီကို ကြေကွဲ၊ ပိတောက်ပွင့်သစ်ကို အောက်မေ့ ရပါတယ် ဘကြီးမိုး။

(၂)

ကိုစိမ်းနီမှာ စာပေပိုး၊ တိုင်း ရေးပြည်ရေးပိုး အကြီးကြီးရှိတာ ဘကြီးမိုး အသိပါလေ။ အခြား ပိုးအကြီးကြီးများရှိသေးတယ်။ ရုပ်ရှင်၊ ဇာတ်သဘင်၊ (Perfor-ming Art) တစ်ခုက သင်္ကြန်ပိုး ဆိုပါတော့ ဘကြီးမိုး။ ရန်ကုန် သင်္ကြန်ပိုး။ ရန်ကုန်သင်္ကြန်သံချပ် ပိုး။

ရှေးသရောအခါက ရန်ကုန် သင်္ကြန်ဟာ (ဘကြီးမိုးသိတဲ့အ တိုင်းပါ) လွမ်းမောဖွယ်၊ ပျော်ရွှင် ဖွယ်အတိပါ ဘကြီးမိုး။ ဘကြီးမိုး တို့ မန်းသင်္ကြန်ညချမ်းမှာ မင်း သားဝင်းဦးနဲ့ မြို့မတေးဂီတအဖွဲ့ အစပ်အဟပ် ညီခဲ့သလိုပေါ့။ ရန်ကုန်သင်္ကြန်ညချမ်းဟာ ဆု ပေးမဏ္ဍပ်ကြီးတွေနဲ့ အက၊ အလှ၊ သဘာဝ၊ သံချပ်၊ အလှပြ ကားတွေနဲ့ ဝေဆာခဲ့ပါတယ် ဘကြီးမိုး။

သင်္ကြန်ယဉ်ကျေးမှုရေစီး ကြောင်းကြီးထဲမှာ ကိုစိမ်းနီတို့က သံချပ်မင်းသားကြီးတွေပါ။ သက် လျာမောင်၊ ရယ်စရာကြီး၊ သစ္စာ တရား၏လက်ခုပ်သံ၊ လက်ခုပ်ထဲ ကရေ စတဲ့ သင်္ကြန်အလှပြနဲ့ သံချပ်ကားတွေ ထွက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ (၁၉၅၉ မှ၁၉၈၈ နှစ်ကာလများထင်ပါရဲ့)။ ကျွန် တော်တို့ တကယ်မြင်တွေ့ဖူးတာ က ‘အပြာရဲ့အနီ’ သံချပ်ကားပါ ဘကြီးမိုး။

ကိုစိမ်းနီရဲ့ ရူးသွပ်မှုတွေက မပြီးသေးပါဘူး။ သားတော်မောင် လူထွန်းကို မင်းသားတင်ပြီး ဗီဒီ ယိုသုံးကားလောက် ရိုက်ကူးရေး လုပ်သံကြားဖူးပါတယ်ဘကြီးမိုး။‘တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်’ (ကျော်ဟိန်း ရဲ့စကားထင်ပါရဲ့ဆိုသလိုပေါ့။ ဖြစ်တာ၊ မဖြစ်တာတစ်ပိုင်းပါ။ တကယ်ဖြစ်ချင် တကယ်လုပ်ရ ပါမယ်။ ကိုစိမ်းနီက သူဖြစ်ချင် တာတွေ တကယ်လုပ်ခဲ့တာပါပဲ။

အဲဒီအထဲမှာ ‘ပိတောက်ပွင့် သစ်မဂ္ဂဇင်း’ ထုတ်ဝေရေးက လည်း သူ့ရဲ့ ထုထည်အကြီးမား ဆုံးသော အိပ်မက်ပင်ဖြစ်ပါလိမ့် မယ် ဘကြီးမိုး။ ကဗျာဆရာ မောင်သင်းပန်ကတော့

‘ချစ်သူ’ ကဗျာထဲမှာ

မောင်သာနိုးက

‘မလင်းပြာ’ ကိုချစ်တယ်။

ကြည်အောင်က

‘လမင်းတစ်ရာ’ ကိုချစ်တယ်။

တင်မိုးက

‘ဖန်မီးအိမ်’ ကိုချစ်တယ်။

မောင်စိမ်းနီက

‘မိုးရာသီ’ ကိုချစ်တယ် ... တဲ့။

မောင်စိမ်းနီက မိုးရာသီ ကဗျာများ ကျူးရင့်တတ်တာကိုး။ မောင်စိမ်းနီနဲ့ ပိတောက်ပွင့်သစ် ဟာ နှစ်လွှာတစ်ရွက်မို့ မောင်စိမ်း နီနဲ့ (၁၉၃၈-၂၀၁၇) အကြိုမိတ် ဆက်ခြင်းပါ။

(၃)

ဘာတွေ ချန်ထားခဲ့မှာလဲ။ တစ်ခါတစ်ခါ စဉ်းစားကြည့်ဖူးပါ တယ် ဘကြီးမိုး။ ဝက်သစ်ချပင် ကြီးအကြောင်း ချန်ထားခဲ့လို့မရ ပါဘူး။ ချယ်ရီပင်တွေအကြောင်း ထားခဲ့လို့မရ။ မေဘယ်ရွက်တွေ လည်း ကျွန်တော်နဲ့အလှမ်းဝေး လောက်တယ်။ အိမ်ရှေ့မှာ လေး ထပ်တိုက် ခေါင်မိုးလောက်မြင့်တဲ့ ဗာဒံပင်ဖားဖားလျားလျား ကြီးတွေ စိမ်းမြသော ဝတ်ရုံခြုံလွှမ်းလို့...။ အိမ်ဘေးမှာ ကုက္ကိုပင်ကြီး၊ ဗေဒါ ရောင်အပွင့် မွှားမွှားငယ်ငယ် လေးတွေ ပန်ဆင်လို့။ အိမ်နောက် ဖေးက ပိတောက်ပင်ကြီး စိမ်းစို မှိုင်းဝေလို့။ ဒီတစ်နွေ၊ ခါတိုင်းလို ပင် ပိတောက်ဝါဝါတွေ ပွင့်ဦးမှာ ပေါ့။ ပိတောက်ပွင့်သစ်တွေ ဝေဦးမယ်လေ။ ပိတောက်ဝါဟာ ကျွန်တော်နဲ့ အနီးဆုံး၊ ပိတောက် ပွင့်သစ်ဟာ ကျွန်တော်နဲ့အနီးဆုံး မဂ္ဂဇင်းဖြစ်ခဲ့ပါတယ် ဘကြီးမိုး။

ဆောင်းဦးနေ့လယ်ခင်းဟာ ပြာမှိုင်းလို့ရယ်...။ တစ်ခါက ပိတောက်ပွင့်သစ်ကို လွမ်းမိပြန် တယ်။ ပိတောက်ပွင့်သစ်ဟာ ဆက်ခါဆက်ခါ လွယ်လွယ်ကူကူ ပွင့်ခဲ့တဲ့ပန်းတော့လည်း မဟုတ် ပါဘူး ဘကြီးမိုး။ ‘ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ’ ချီတက်ခဲ့ရတာ ပါ။

 ပိတောက်ပွင့်သစ်ရဲ့ ဆောင်ပုဒ်က ‘ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်’ တဲ့။ ပထမ မြောက် ပိတောက်ပွင့်သစ်နေ့ရက် များမှာ အမှတ်ရသလောက် (၃၃) လမ်း လေထန်ကုန်း ဓမ္မာရုံဘေး နားက ပထမထပ် အခန်းငယ် လေးမှာ။ အယ်ဒီတာအဖွဲ့မှာ မြမြင့်မိုရ်၊ ဇော်မျိုးသက်၊ ရွှေမြိုင် မင်းသိုက်မွန်တို့ ထင်ပါရဲ့။ (၁၉၉၁-၉၄)

ဒုတိယမြောက် ပိတောက် ပွင့်သစ်နေ့ရက်များက (၁၉၉၅ နှစ်ကာလများ) အယ်ဒီတာအဖွဲ့ မှာ မောင်ညီညွတ်၊ မိုးကျော် အောင်၊ ခင်အောင်ဝင့်။

တတိယမြောက် ပိတောက် ပွင့်သစ်နေ့ရက်များမှာ ဆရာ မောင်တင်သစ်နဲ့ ပူးပေါင်းတင် ဆက်။ (၂၀၀၅-၀၆ နှစ် ကာလ များ) အယ်ဒီတာအဖွဲ့မှာ မောင် တင်သစ်၊ ဘုန်းသက်ပိုင်၊ လက်ျာ ဝင်း၊ ဟိန်းမြတ်ဇော်။

စတုတ္ထမြောက် ပိတောက် ပွင့်သစ်နေ့ရက်များက (၂၀၀၈-၂၀၁၆) (၄၅) လမ်း (၂၀၀၈-၂၀၀၉) အယ်ဒီတာအဖွဲ့မှာ နောင်ကျော်၊ မောင်တင်ဆင့်၊ ဇော်မိုးလွင် ။

မဟာဗန္ဓုလလမ်း (၃၉ လမ်းထိပ်) (၂၀၀၉-၂၀၁၀)အယ်ဒီတာအဖွဲ့မှာ မောင်တင် ဆင့်၊ ကိုခါး (ကွမ်းခြံကုန်း)။

(၃၈) လမ်း (အလယ်)(၂၀၁၁-၁၂) အယ်ဒီတာအဖွဲ့ ခန့်မင်းထက်၊ မောင်တင်ဆင့်၊ ဟိန်းမြတ်ဇော်။

၂၀၁၁ ခုနှစ် ဧပြီလမှာ အနှစ် (၂၀) မှတ်မှတ်ရရ (၁၉၉၁ -၂၀၁၁) ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း ထုတ်ဝေ ခဲ့ပါတယ်။

ဘကြီးမိုးတောင် အမှာစာ ရေးခဲ့ပါသေးရဲ့။ ‘စာပေသည် ပြည်သူ့အတွက်ပေါ့’ ဆိုလား။

 ပိတောက်ပွင့်သစ်ဟာ (၁၉၉၁-၂၀၁၆) နှစ်ကာလများ အတွင်းမှာ လွယ်လွယ်ကူကူ ပျံသန်းခဲ့ရတာတွေရှိသလို ခက် ခက်ခဲခဲ ကူးခပ်ခဲ့ရတာတွေလည်း ရှိပါတယ် ဘကြီးမိုး။ စာပေနဲ့ အနုပညာကို အလေးထားဖော် ပြတဲ့ မဂ္ဂဇင်းတစ်စောင်ဟာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူပါ ဘူး။ လမ်းခုလတ် ဆိပ်ကမ်းမှာ လပေါင်းများစွာ ဆိုက်ကပ်အနား ယူခဲ့ရတာတွေလည်း ကြုံကြိုက်ခဲ့ ရပါတယ်။ ငွေကြေးအကျိုးအ မြတ်မပြောပါနဲ့။ လစဉ် ငွေအ ရင်းအနှီးပြန်ရဖို့တောင် ခပ်ခက် ခက်ရယ်ပါ။ သူမို့၊ မောင်စိမ်းနီမို့ လုပ်နိုင်တာ။ စာပေအနုပညာ မဂ္ဂဇင်းများများထွက်ဖို့ ငွေကြေး အကျိုးအမြတ် အဓိကမထားတဲ့ မောင်စိမ်းနီများများ လိုအပ်မယ် ထင်ပါတယ် ဘကြီးမိုး။

(၄)

ဆရာကြီးမှိုင်းကို လေးနက် တယ်။

မြို့မငြိမ်းကို လေးနက် တယ်။

ဒဂုန်တာရာကို လေးနက် တယ်။

လူထုဒေါ်အမာကို လေးနက် တယ်။

ဒေါ်ခင်မျိုးချစ်ကို လေးနက် တယ်။

ဂျာနယ်ကျော်မမလေးကို လေးနက်တယ်။

ပါရဂူကို လေးနက်တယ်။

ဒေါက်တာသန်းထွန်းကို လေးနက်တယ်။

ဒေါင်းနွယ်ဆွေနဲ့ နေသွေးနီ ကို လေးနက်တယ်။

မြတ်လေးကို လေးနက် တယ်။

ဧရာဝတီကို လေးနက်ခဲ့။

သံလွင်ကို လေးနက်ခဲ့။

ချင်းတွင်းကို လေးနက်ခဲ့။

ဒီမိုကရေစီကို လေးနက်ခဲ့။

ငြိမ်းချမ်းရေးကို လေးနက် ခဲ့.....။

(၅)

ဘကြီးမိုး။ တစ်ရံရောအခါ က လစဉ်ဖူးပွင့်တဲ့ ပိတောက်ပွင့် သစ်မှာ ကျွန်တော်က အချစ်ကဗျာ နည်းနည်း ရေးဖူးပါတယ်။ ‘အ သိုက်’ အမည်နဲ့ အက်ဆေးစီးရီး ရေးဖွဲ့ဖူးတယ်။ ဆရာမြို့မငြိမ်းကို လွမ်းဆွတ်ဖူးတယ်။ ဆရာဒဂုန် တာရာကို သီကုံးဖူးတယ်။ ဆရာ ခင်မောင်ရင်ကို ဖွဲ့ဆိုဖူးတယ်။ ‘အေအိုင်စကူးလ်’ ကို ဂုဏ်ပြုဖူး တယ်။ အာခီတက်ချာ (Archi-tecture) ကို ပြောဖူးတယ်။ ကဗျာသမား၊ စာသမားများကို စာရေးသားဖြစ်အောင် ကိုစိမ်းနီ က အမြဲတိုက်တွန်းတယ်။ လှုံ့ ဆော်တယ်။ ဒီဆရာကြောင့်ပဲ ပိတောက်ပွင့်သစ်မှာ စာလေး၊ ကဗျာလေးတွေ ကျွန်တော် တော် တော် ရေးဖြစ်သွားတယ်။ ခုနေ အခါ ကိုစိမ်းနီကို ကျေးဇူးတင်နေ မိတယ်။

(၆)

ပိတောက်ပွင့်သစ်ဟာ လွမ်း စရာကောင်းတယ်။ (၃၃) လမ်း ထဲက ပိတောက်ပွင့်သစ်မှာ အချစ်ကဗျာလေးတွေ ရင်ခုန်ခဲ့ဖူး တယ်။ နည်းနည်းရေးတယ်။ ဇော် ထွဋ်ဟာ စာပေနယ်ပယ်ထဲမှာ မရဲတရဲ သွားလာခါစထင်ပါ တယ် ဘကြီးမိုး။ ဘိုင်အိုကျူရှင် ဆရာ ကိုမင်းသစ်နဲ့ လက်ဖက် ရည်ဆိုင်ထိုင်တဲ့အခါ၊ ဝါဇီ၊ ရွှေ ကြည်အေး၊ ပွင့်ဦးရောက်ဖြစ်တဲ့ အခါ ကိုစိမ်းနီကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ သူ့ဘေးနား မှာ လူငယ်ကဗျာဆရာတွေနဲ့။

(၄၅) လမ်းမှာ မဟေသီကို ဝင်ထွက်သွားလာရင်း ပိတောက် ပွင့်သစ်နဲ့ ပြန်လည်ဆုံစည်းပြန် ပါတယ်။ ဇော်ထွဋ်ဟာ ကဗျာအ ပြင် အက်ဆေးတွေရေးနေပါပြီ။ အဲဒီကာလ အယ်ဒီတာများက ကိုနောင်ကျော်၊ ဇော်မိုးလွင် (ခေတ္တ)၊ ကိုတင်ဆင့်တို့ထင်ပါ ရဲ့။ ကိုခါး (ကွမ်းခြံကုန်း)၊ ကို ညွန့်သစ်၊ ကိုထက်ကျော်၊ ကွန် စစ်ကောင်း၊ ချိုတူးဇော် အမြဲလာ တတ်တယ်။

ကိုလင်းရိပ်၊ လွှမ်းရုံ၊ ဝိုင်ချို၊ စည်သူငြိမ်း၊ ဆရာချိန်(ပဲခူး)၊ ကိုမင်းသစ်တို့ ရံဖန်ရံခါ လာ။ ညနေ၊ ညနေဆို လူငယ်တွေနဲ့ စည်ကားနေတတ်ပြန်။

မဟာဗန္ဓုလလမ်း (၃၉ လမ်းထိပ်) ကာလမှာ ကိုလင်းရိပ်၊ ကိုခါး လာတတ်တယ်။ ကျွန်တော် တို့၊ ကိုသန်းစိုးနိုင်တို့က ဘေးခန်း မှာ စန္ဒရားသိမ်းမောင်ရှိချိန်နဲ့ ကြုံ ကြိုက်ရင် သီချင်း တစ်ပုဒ်၊ နှစ်ပုဒ် ‘ဟဲ’လိုက်ပါသေးတယ်။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း တိုက်က အခန်းရဲ့ရှေ့ပိုင်း စားပွဲ တစ်လုံး၊ နှစ်လုံးစာ ကျဉ်းမြောင်း မြောင်းဆိုတော့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် ရွေ့သွားကြ တယ်။

(၃၈) လမ်း (အလယ်)ပိတောက်ပွင့်သစ် မဂ္ဂဇင်းတိုက် အခန်းလေးကလည်း ရှေ့အခန်း ကျဉ်းလေးပါပဲ။ ဧည့်ခန်းကို မဂ္ဂဇင်းတိုက်အသွင် ဖန်တီးထား တာပါ။ အဲဒီအခန်းကို လူငယ် ကဗျာဆရာ တော်တော်များများ သွားလာ ဝင်ထွက်ကြပါတယ်။ ကိုစိမ်းနီနဲ့တွေ့ရင် ပျော်တာကိုး။ ကံမကောင်းရင် အဆဲခံရနိုင်သေး တယ်။ ကံကောင်းရင် လက်ဖက် ရည်သောက်ရနိုင်တယ်။ ညနေ ဆို ပြောပြောဆိုဆိုနဲ့ ရင်းနှီးတဲ့ ကဗျာဆရာအချို့ကို အိတ်ကပ် ထဲက သဒ္ဓါကြေးလည်း ပေးတတ် သေးတယ်။ သူက အောက်ဆီဂျင် ပါ။ ကိုယ်တိုင် ယမကာ မမှီဝဲဘူး။ မှီဝဲတဲ့သူတွေကို အားပေးတယ်။

တစ်စတစ်စနဲ့ ကိုစိမ်းနီဟာ သူပျိုးထောင်ခဲ့တဲ့ ပိတောက်ပွင့် သစ်မဂ္ဂဇင်းကို ရှင်သန်ဖို့ အတော် ရုန်းကန်ရပုံပါပဲ။ လက်ဖက်ရည် ဆိုင်စားပွဲကို အယ်ဒီတာစားပွဲအ ဖြစ် အသုံးပြုပြီး ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ပန်းဆိုးတန်း က Superking နဲ့ ဆိပ်ကမ်းသာ လမ်းက မြသဇင်တို့ဟာ သူ့ရဲ့ အယ်ဒီတာစားပွဲအဖြစ် အသုံးပြု ပြီး နောက်ဆုံးကာလတွေမှာ မဂ္ဂဇင်းကို ကိုကျော်သာ(ပဲခူး)နဲ့ အတူ လေဆန်ရေဆန် ကူးခပ် ဖြတ်သန်းနေလေရဲ့...။

(၇)

‘ပိတောက်ပွင့်သစ်’ ဟာ တစ်မူထူးခြားတယ်။ စာပေနဲ့ အနု ပညာသီးသန့်မဂ္ဂဇင်း ဖြစ်တယ်။ ဖျော်ဖြေရေးသက်သက်၊ အနု ပညာသက်သက်ထက် လူထုအ ကျိုးပြု ‘လူထုစာပေ’ အဖြစ်တိမ်း ညွတ်တယ်။ တစ်ခိုင်လုံးရွှေခဲ့ဖူး တယ်။ အဖြူ၊ အမည်းပဲ သုံး တယ်။ (အရောင်မပါ) သရုပ်ဖော် ပုံ မသုံးတတ်။ (စာသီးသန့်) ကဗျာကို အလေးပေးဖော်ပြ တတ်တယ်။ လူပုဂ္ဂိုလ်အကျော်အ မော်တွေနဲ့ အဖုံးလုပ်ခဲ့ဖူးတယ်။ မြစ်များနဲ့ မျက်နှာဖုံး တင်ဆက်ဖူး တယ်။ အကြောင်းအရာနဲ့ မျက် နှာဖုံး ပြောင်းလဲဖူးတယ်။ ‘ပင် လယ်များကို ဖြတ်သန်းခြင်း’ ဟာ ကဗျာဆရာများရဲ့ ရွက်လွှင့်ခြင်း ဖြစ်တယ်။ အယ်ဒီတာစားပွဲဟာ လက်ဖက်ရည်ဆိုင်စားပွဲဖြစ်ခဲ့ဖူးတယ်။ ပွင့်သစ်စကဗျာဆရာ တွေ ကလောင်စမ်းနိုင်တဲ့ကွင်းဖြစ် တယ်။ လူငယ်ကဗျာဆရာတွေ ဆုံစည်းရာ ကဗျာကဖေးဖြစ် တယ်။

(၈)

ဘကြီးမိုး

ကိုစိမ်းနီက သူမို့လုပ်နိုင် တာ။ သူမို့ စွန့်လွှတ်၊ စွန့်စားဝံ့ တာ။ ပိတောက်ပွင့်သစ်လို စာပေ အနုပညာမဂ္ဂဇင်းတစ်ခု လူလူသူ သူဖြစ်ဖို့ မလွယ်ကူပါဘူး။ အ ချက်အလက်စုဆောင်းဖို့၊ စာမူ ကောင်းရဖို့ မလွယ်ပါဘူး။ ငွေ ကြေးအရှုံးခံထုတ်ဖို့ ပိုမလွယ် ပါဘူး ဘကြီးမိုး။

ပိတောက်ပွင့်သစ် ... တဲ့။

ပိတောက်ဝါကဲ့သို့ အမည် ကလေးလှပတယ်။

အဆင်းလည်း လှပတယ်။ ရနံ့လည်းသင်းတယ်။

တစ်နှစ်မှတစ်ခါ ရှားရှားပါး ပါးပွင့်တယ်။

တစ်ခေတ်မှာ တစ်ပွင့်။

ကျန်းမာပါစေ။

Credit: 7day

No comments