New Artical

ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ တိကျစွာမလိုက်နာပါက ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာမည်ဟု ကျန်းမာရေးအသိပေး


ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ တိကျစွာမလိုက်နာပါက ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာမည်ဟု ကျန်းမာရေးအသိပေး

 COVID-19 ကာကွယ်ရေးနည်းလမ်းများ တိကျစွာ မလိုက်နာပါက ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာမည်ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ပြည်သူသို့အသိပေးချက် ယမန်နေ့တွင်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် COVID -19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃၇,၀၉၈ ဦးတွင် ၆၃ ရာခိုင်နှုန်း မှာ COVID-19 ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသူများဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ 

ထို့ကြောင့် ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေသူများသည် ရောဂါပိုးသယ်ဆောင်နေသူများ မှ အခြားသူများထံ ရောဂါကူးစက် စေနိုင်သည်ဆိုသော အချက်အား ပြည်သူများ အထူးသတိပြုကြကာ COVID-19 ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာကြ ရန် အရေးကြီးကြောင်း ထုတ်ပြန် ချက်က ဆိုသည်။

ယမန်နေ့ ညအထိ တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၃၇,၀၉၈ဦးရှိပြီး သေဆုံးသူ ၃၀၄၅ ဦးရှိပြီ ဖြစ်သည်။ ပိုးတွေ့အတည်ပြု လူနာများတွင် ဆေးရုံဆင်းခွင့်ရ သူ ၁၂၁,၁၂၄ ဦးရှိသည်။

ထို့အပြင် ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် နေ့စဉ်ပိုးတွေ့နှုန်း ၅၀၀ အောက်ကျဆင်းခဲ့သည်မှာ ရက်ပိုင်းမျှရှိပြီဖြစ်သော်လည်း ဇန်န ဝါရီ ၂၃ ရက်တွင် ၅၀၀ အထက်သို့ ပြန်လည်ရောက်ရှိလာသည်။

 

7day


No comments