New Artical

ခံတွင်းသန့်စင်ဆေးရည် သုံးတိုင်းကောင်းလား?


 

ခံတွင်းသန့်စင်ဆေးရည် သုံးတိုင်းကောင်းလား?


ဆွီဒင်နိုင်ငံမှ သုတေသီအဖွဲ့က လူ (၁၉) ဦးအား ပိုးသန့်ဆေးရည်ပါတဲ့ ခံတွင်းသန့်စင်ဆေးရည်ဖြင့် တစ်နေ့လျှင် (၂) ကြိမ် ပလုတ်မှန်မှန်ကျင်းစေပြီး တစ်ပတ်ကြာအောင် လေ့လာစောင့်ကြည့်ခဲ့ရာ ထိုသူများမှာ သွေးပေါင်ချိန် ၂ မီလီမီတာ မာကျူရီမှ ၃.၅ မီလီမီတာမာကျူရီထိ မြင့်တက်လာတာ တွေ့ခဲ့ရပါသတဲ့။
 
ဒီအချက်က ခံတွင်းသန့်စင်ဆေးရည် မှန်မှန်သုံးပါက နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေ ၇% တိုးလာနိုင်စရာရှိတယ်လို့ ဖော်ပြလိုက်ပါတယ်။
 
ပလုတ်ကျင်းဆေးရည်ထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်တာကြောင့် ခံတွင်းထဲက ဗက်တီးရီးယားပိုးတွေကို သတ်ပေးခြင်းဖြင့် သွားပိုးစားတာနဲ့ သွားအကြားမှာ ချိုးတွေဖြစ်နှုန်းနည်းပါးအောင် လုပ်ပေးခြင်းဖြစ်တယ်။
 
ဒါပေမဲ့ အချို့သော ခံတွင်းဗက်တီးရီးယားပိုးတွေဟာ နိုက်ထရိုက်များအား သွေးကြောများကို ကျယ်စေ၊ သက်သောင့်သက်သာဖြစ်စေရန် ကူညီပေးတတ်တဲ့ နိုက်ထရစ်အောက်ဆိုက် အဖြစ်သို့ ပြောင်းပေးပါတယ်။
 
လေ့လာချက်အရ ပိုးသန့်ဆေးရည်များက ထိုနိုက်ထရိုက်ထုတ်လုပ်ခြင်းကို ၉၀ % နည်းပါးကျဆင်းစေလို့ သွေးကြောတွေထဲမှာ နိုက်ထရစ် အောက်ဆိုက်ပမာဏ ကျသွားစေပြီး ခံတွင်းထဲက သွေးကြောတွေ ကျယ်အောင်၊ သက်သောင့်သက်သာဖြစ်အောင် မလုပ်ပေးနိုင်တော့ပါဘူး။ 
 
ဒီလိုပြောလို့ Mouth Wash ခံတွင်းသန့်စင်ဆေးရည် မသုံးရဘူးလို့ မဆိုလိုပါဘူးတဲ့။ အကယ်၍ သင့်ခံတွင်းမှာ ပိုးပေါက်တွေနဲ့ သွားဖုံး ရောင်ရမ်းမှုတွေ ရှိနေရင်တော့ သင့်သွားဆရာဝန်နှင့် သုံးသင့်၊ မသုံးသင့် တိုင်ပင်ပါတဲ့။
 
Credit:

No comments