New Artical

အင်းဝခေတ်မှာ ထင်ရှားကျော်ကြားတဲ့ ပေလေးပင် ရှင်လေးပါးတို့ရဲ့ အတ္ထုပ္ပတိ

 အင်းဝခေတ်မှာ ထင်ရှားကျော်ကြားတဲ့ ပေလေးပင် ရှင်လေးပါးတို့ရဲ့ အတ္ထုပ္ပတိ


အင်းဝဘုရင်မိုးညှင်းမင်းတရားကြီးလက်ထက်​စကြိုသူမြတ်နှင့်မင်းကျောင်းတောင်းသူမြတ်တို့က ဗသျှုဆိုးမုနိကိန်းနှင့် ကြိုက်ကြုံသဖြင့် သက္ကရာဇ်ဖြိုတော်မူပါ၊ ဟု မိန့်ဆိုတော်မူ ကြသောကြောင့် အင်းဝမိုးညှင်းမင်းတရားကြီးသည် သက္ကရာဇ် ၈ဝဝ-ပြည့်နှစ်တွင် ဖြိုတော်မူ၏။ ထိုနှစ်အတွင်းဝယ် တောင်တွင်းကြီးမြို့၌ ထူးခြားစွာ တဘောင်ပေါ်လာသည်။ ထိုတဘောင်ကား- ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ စမ္မခဏ်သည်၊ သန်တောင်ဖြိုးမြင့် စွင့်စွင့်လေ။ ။ အကိုက်လေးဖော်၊ မြေမှပေါ်သည်၊ သျှင်ကျော်လေးဦး ခူးလိမ့်လေ။ ။ ခူးလည်း ခူးလတ္တံ့။ ကူးလည်း ကူးလတ္တံ့။ စူးလည်း စူးလတ္တံ့။ မြူးလည်း မြူးလတ္တံ့။ ။ ရနံ့ငယ်ကြိုင်လှိုင်၊ မွှေးပျံ့ဆိုင်၊ နှစ်ခိုင်ပွင့်လန်း၊ ပြည်သူ့ပန်း။ဟူသတည်း။ ထိုတဘောင်သီချင်း ကိုတောင်တွင်းကြီးမြို့မြောက်  ရတနာဗိမာန် ကျောင်းတော်၌ သီတင်းသုံးသော ငှက်ပစ်တောင်ဆရာတော်ဟု၎င်း ထူပါရုံဆရာတော်ဟု၎င်း ထင်ရှားသော ဆရာတော် သျှင်သီလာစာရာဘိဓဇကဤသို့ အဓိပ္ပါယ် ဆိုလေ၏။
  ဆရာတော်ဘုရားက ပေဟူသည်ကား စာပေနိမိတ်ဖြစ်သည်၊ ပေတစ်ပင်ပေါ်လျှင် ကျမ်းဂန်တတ် ပုဂ္ဂိုလ်တစ်ဉီးပေါ်မြဲဖြစ်သည်ဟုဆို၏။ တပေါင်ပေါ်ပြီး၍ ၁၅-နှစ်မျှ ရှိသောအခါ သက္ကရာဇ် ၈၁၅-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြောက်ဘက်ရှိ မြို့လုလင်ရွာ၊ သတိုးထမ်းရွာနှင့် မန်ကျည်းယောင်ရွာတို့၌ နိမိတ်အဖြစ်ဖြင့် မြေမှ ပေစို့ကြီး လေးခု ပေါ်ထွက်လာရာ မြို့သူ မြို့သားတို့မှာ ဝမ်းသာအားရ ဖြစ်ကြကုန်၏။ ထိုသက္ကရာဇ်မှာပင် မြို့လုလင်အရှေ့ပိုင်း၌ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီတို့တွင် သျှင်ဥတ္တမကျော်လောင်းလျာ သတိုးသားကို ဖွားမြင်လေသည်။   ငယ်မည်ကို မောင်ဥက္ကာဟု ခေါ်လေသည်။ မြို့လုလင်ရွာ၌ပင် အဖ ဉီးကြည်နှင့်အမိ နတ်ထိန်းကြီးမယ်ဒွေးမှမောင်ညိုကိုမွေးဖွား၏။ရှင်မဟာသီလဝံသအလောင်းလျာပင်ဖြစ်သည်။မောင်ဉက္ကာအောက် မောင်ညိုမှာ၆ရက်ငယ်၏။မောင်ဉက္ကာနှင့် တစ်နေ့တည်းမွေးသူမှာ ရှင်အုန်းညိုဖြစ်ပေသည်။နာရီအရ ရှင်အုန်းညိုကငယ်သည်။ သတိုးထမ်းရွာသားဖြစ်၏။ မိဘများကိုမူမသိရပေ။ ရှင်လေးပါးတွင် အသက်အငယ်ဆုံးမှာ ရှင်ခေမာဖြစ်ပြီးမကျည်းယောင်ရွာသားဖြစ်၏။မိဘများကိုမူမသိရပေ။
၁။ရှင်ဉတ္တမကျော်
         ပေလေးပင်ရှင်လေးပါး ထဲမှ တစ်ဉီးဖြစ်သောရှင်ဉတ္တမကျော် အလျောင်းလျာ မောင်ဉက္ကာသည် ရနှစ်သားအရွယ်တွင်တောင်တွင်းကြီးမြို့ နတ်မီးလင်းဆရာတော်ထံ၌ မောင်ညိုနှင့်အတူ ပညာသင်ကြားလေသည်။ငယ်စဉ်ကပင်ညာဏ်ပညာထက်မြတ်သူဖြစ်၍ကဗျာများကို လက်တန်း ရေးစပ်နိုင်ပေသည်။ရှင်မဟာသီလဝံသလျောင်းလျာမောင်ညိုနှင့်ညီအကိုအရင်းတမျှခင်မင်ကြလေ၏။ ​​​
သက္ကရာဇ်၈၃၁ခုနစ်၁၅နှစ်အရွယ်တွင်ရှင်သာမဏေအဖြစ်သွတ်သွင်းခြင်းခံရသည်။ဘွဲ့တော်မှာရှင်ဉတ္တမဖြစ်သည်။သက္ကရာဇ်၈၃၅ခုနှစ်တွင် ရဟန်းဘဝကိုခံယူခဲ့သည်။သက္ကရာဇ်၈၅၉တွင် ရတနာပူရအင်းဝနေပြည်တော်သို့ ကြွရောက်ခဲ့လေ၏။ အင်းဝသို့ကြွရာတွင် အသိဖြစ်သူ ရှင်မဟာသီလဝံသအား ရုတ်တရက်ရှာ မတွေ့၍ ဓမ္မာရုံတစ်ခုသို့ဝင်၍တည်းခိုလေ၏။ ထိုအခါစကားတတ်လွန်း၍ ခုံရုံး၅ခုမှပယ်ထားသော ခုံတော်မောင်ကျဘမ်းနှင့်တွေ့ရလေသည်။မောင်ကျဘမ်းသည်ဆရာတော်အား တောထွက်ရဟန်း ကြီးအမှတ်နှင့် ဉီးချဝတ်တွား​ခြ​င်းမပြု မထီမဲ့မြင် နေလေ၏။ဆရာတော်က အခက်အခရှိ၍ ဆွမ်း စားချိန်နီးသဖြင့် ဤအရပ်တွင် ဆွမ်းဖိတ်မည့်သူရနိုင်မည်လားဟုမေးလေသည်။
ခုံတော်မောင်ကျဘမ်းကလည်း မိမိဝါသနာအလျောက် မောက်မာစွာဖြင့်ပင် သာသနာတော် နေလိုလလို ထွန်းပနေသည့် ဤအင်းဝနေပြည်တော်ကြီးမှာ ဆွမ်းတစ်အုပ်စာမျှကို အဘယ့်ကြောင့် မေးနေရသနည်း၊ ဦးပဥ္စင်းကြီး တစ်ပါးစာမျှကို မည်သူ့အိမ်မှာမဆို ပါးရိုက်ပြီး အလှူခံတော့ ရနိုင်သည်၊ ဟု မချေမငံ ပြောမိလေသည်။ ဆရာတော်သည် မောင်ကျဘမ်း၏ လျှောက်ထားချက်အတိုင်း မြို့တွင်းသို့ ကြွ၍ မောင်ကျဘမ်းအိမ်ကို ရှာပြီးလျှင် ဇနီးသည်အား ပါးကိုရိုက်၍ ဆွမ်းဖိတ်လေတော့သည်။ထိုအခါမောင်ကျဘမ်းနှင့်ဆရာတော့ပြဿနာ ဖြစ်လေ၏။နောက်ဆုံးတွင်ဆရာတော်အနိုင်ရ၍ မောင်ကျဘမ်း အမြင်မှန်ရလေ၏။ထိုအခါ အင်းဝနေပြည်တွင် ဆရာတော်၏ နာမည်မှာကျော်ကြားလာလေ၏။ ဆရာတော်၏ ဘွဲ့မည်မှာလည်း သျှင်ဥတ္တမဘွဲ့တွင် ကျော် ပုဒ်ကိုထည့်၍ ' သျှင်ဥတ္တမကျော် ' ဟုထင်ပေါ်ကျော်စောလာလေတော့သည်။
ဒုတိယဘုရင်မင်းခေါင်လည်း ဆရာတော်၏ စာပေဂုဏ်သတ္တိကို မြတ်နိုးကိုးစားတော်မူသည့်အလျောက် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့ကဲ့သို့ ချီးမြှောက်ပူဇော်လိုရကား ရွှေနန်းတော်သို့ ပင့်ဖိတ်တော်မူပြီး နေပြည်တော်အင်းဝ၌ သီတင်းသုံးတော်မူပါရန် လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က မိမိသည်တော၌ နေရသည်ကိုသာ နှစ်သက်သဖြင့် ရွှေမြို့တော်၌ မနေလိုကြောင်း မိန့်ကြားသည်။ ဘုရင်မင်းခေါင်လည်း မိမိဆန္ဒအတိုင်း မဖြစ်သော အခါတွင် ဆရာတော် တောင်တွင်းကြီးမြို့သို့ ပြန်ကြွသောအခါ များစွာသော ပူဇောသက္တာရတို့ကို ပြုတော်မူ၍ တောင်တွင်းကြီးမြို့ အရောက် ဝတ္ထုကံဆိုင်ရာ လူတစ်ကျိပ်တို့နှင့် ပို့ဆောင်စေလေသည်။
ဆရာတော် သျှင်ဥတ္တမကျော်သည် တောင်တွင်းကြီးမြို့သို့ ပြန်လည် ရောက်ရှိပြီးနောက်မိမိဝါသနာပါရင်းအတိုင်း တောရဆောက်တည်တော်မူလေသည်။
ဆရာတော် ရေးသားသော တောလားလင်္ကာကြီးများမှာ ၉-ပုဒ်မျှ ရှိပေသည်။ ထိုတွင် စက်ဆယ့်နှစ်လီ၊ ဒွါဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ အစချီ လင်္ကာ ၈-ပုဒ်မှာ ကပ္ပိလဝတ်ပြည်ကြွခန်း တောလားများ ဖြစ်ပြီး ကျန်တစ်ပုဒ်မှာကား ဆရာတော်၏ ဆုပန်လင်္ကာ ဖြစ်သည်။
သက္ကရာဇ် ၈၈၂-ခု ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင်လည်း မင်းတရားသည်ဆရာတော်အား ဖူးမြင်ကြည်ညိုလိုသဖြင့် နေပြည်တော်သို့ ပင့်ခေါ်စေလေသည်။ ထိုအချိန်တွင်ဆရာတော်သည် ဟံသာဝတီနယ်စပ်၊ ရိုးမတောင်ပြတ်၊ နွားဝန်တင်စခန်း ကမ္ဘားစောက်ရွာဟုခေါ်သော အိမ်ခြေ ၅ဝ-ခန့်ရှိသည့် ရွာကလေးကို အမှီပြု၍ တောရဆောက်တည်နေလေသည်။ ဆရာတော်သည် ထိုကျောင်းငယ်လေး၌ နေတော်မူစဉ် ဘုရင့်အမှုထမ်းများက လာရောက်ပင့်ဆောင်ကြသဖြင့် အင်းဝနေပြည်တော်သို့ ဒုတိယအကြိမ်မြောက် ကြွရောက်တော်မူရပြန်လေသည်။ ထိုအချိန်တွင် ဆရာတော်သည် သက်တော် ၆၇-နှစ်၊ ဝါတော် ၄၇-ဝါမျှ ရှိနေလေပြီ။ဆရာတော်သည် နေပြည်တော်တွင် မနေနိုင်၍မပျော်ပေ။
ဆရာတော်သည် နေပြည်တော်၌ သုံးလခန့်နေပြီး၍ မိမိနေရပ်ဇာတိဖြစ်သော တောင်တွင်းကြီးမြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့၏။ ရောက်လျှင် မိမိငယ်စဉ်က နေထိုင်ခဲ့သော ငှက်ပစ်တောင်အနီး ရတနာဗိမာန်ကျောင်းတော်၌ နေတော်မူ၏။ ရွှေနန်းကြော့ရှင်ဘုရင် နရပတိကလည်း ထိုကျောင်းတော်ကြီးကို ပြင်ဆင်ခြင်း၊ အသစ်တစ်ဖန် ဆောက်လုပ်ခြင်း စသော ကုသိုလ်တို့ကို အားတက်သရော ပြုလုပ်၍ ပစ္စည်းလေးပါးတို့ကိုလည်း အမြဲမပြတ် ပူဇော်မူလေ၏။
ဆရာ​တော်ပြုစုခဲ့သည် ကျမ်းများမှာ

၁။ တောလားရတု ၉ − ပုဒ်၊
၂။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိသျ၊
၃။ မဟာနိဒ္ဒေသပါဠိတော်နိသျ၊
၄။ ပေဋကောပဒေသပါဠိတော်နိသျ၊
၅။ ဓမ္မသင်္ဂဏီပါဠိတောနိသျ၊
၆။ နိနယသင်္ဂဟအဋ္ဌကထာနိသျ၊
၇။ သစ္စသံခိပ်ဋီကာသစ်နိသျ၊
၈။ ခုဒ်ဒသိက်ခာဋီကာသစျနိသြ၊
၉။ အဘိဓမျမာဝတာရဋီကာသစနြိသွ၊
၁၀။ သဒ်ဒသာရရတ်ထဇာလိနီ စာကိုယျနိသြ၊
၁၁။ ဝဇိရသာရတ္ထသင်္ဂဟ စာကိုယ်နိသျ၊
၁၂။ ကစ္စာယနဘေဒ စာကိုယ်နိသျ၊
၁၃။ ဝါစကောပဒေသ စာကိုယ်နိသျ တို့ဖြစ်သည်။

ဤကဲ့သို့ သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူရင်း သက္ကရာဇ် ၉ဝ၄-ခုနှစ်၊ သက်တော် ၈၉-နှစ်၊ ဝါတော် ၆၉-ဝါအရတွင် တောင်တွင်းကြီးမြို့၌ပင်ပျံလွန်တော်မူလေသည်။
၁၉၅၅ ခုနှစ်၊ မေလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပေလေးပင် ရှင်လေးပါးအပါအဝင် စာဆိုတော်ကြီး ရှင်ဥတ္တမကျော်၏ အရိုးအိုးဂူကို တောင်တွင်းကြီးမြို့ ၊ နတ်မှီတောရရှိ ဗုဒ္ဓတက္ကသိုလ်၏ ကုန်းမြင့် တစ်နေရာ၌ တူးဖော်ရရှိပြီဖြစ်ကြောင်း သတင်းဖော်ပြထားသည်။ ရှင်ဥတ္တမကျော်သည် မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ် ၊ (ခရစ်နှစ် ၁၄၅၃) တွင် ဖွားမြင်ခဲ့ပြီး သက်တော် ၉၇ နှစ် အရောက် (ခရစ်နှစ် ၁၅၅၀) တွင် ပျံလွန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရ၏။ ဆရာတော်၏ အရိုးအိုးဂူမှ နှစ်ပေါင်း ၄ဝဝ ကျော်ကြာပျောက်ဆုံးနေရာမှ နတ်မှီတောရတွင် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ရန် ကုန်းမြေကို ခုတ်ထွင်ရှင်းလင်း ဖြိုဖျက်စဉ် ပြန်လည်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟုဆိုပါသည်။ အရိုးအိုးဂူအတွင်း၌ အရိုးပြာအဖြူနှင့်အနက် နှစ်မျိုးကို အကန့်များနှင့် စနစ်တကျထားရှိသည်ဆို၏။
(မှတ်ချက်-ရှင်မဟာသီလဝံသ၊ရှင်အုန်းညိုနှင့်ရှင်ခေမာတို့အား နောင်လာမည့် သောကြာနေ့တိုင်းတွင်ဆက်လက်တင်ပြ ပေးပါမည်။)

Hnin Wai Hlaing  

wikipedia 

မြန်မာစာပေသမိုင်း(ပါမောက္ခဖေမောင်တင်)

No comments