New Artical

အတက်ရောဂါ သောက်ကြည့်ပါ

 #အတက်ရောဂါ_အတွက်_ဆေးနည်းလေး_မျှဝေပါတယ်

အတက်ရောဂါ သောက်ကြည့်ပါ



စိတ်ပျက်ဖွယ်လည်းကောင်း၏။ ထိတ်လန့်ကြောက်ရွံ့ဖွယ်လည်းဖြစ်ပြန်သည်။မိသားစုဆွေမျိုးအသိုင်းအဝိုင်းထဲတွင် တက်တတ်သူပါလျှင် အလွန်စိတ်ညစ်ရသည်။


အကြောင်းမှာ အချိန်မရွေး တက်ခြင်းကြောင့်ပင်။တက်ပါပြီဆိုလျင် တက်သူရော နှိပ်နယ်ရသူမှာပင်ပန်းဆင်းရဲရပြီ အသက်အန္တရာယ်လည်း များလှ၏။


ညီငယ်တစ်ဦးအတက်ရောဂါဖြစ်ဖူး၏ ။ညီလေးသည် ဆေးလည်းအတော်စုံလှသူဖြစ်နေလေပြီ ။


တက်ပါပြီဆိုလျင်အမြှုပ်များထွက်လျက်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်း၍တက်တော့သည် ။


အချို့ကယောကျာ်းအင်္ဂါပင် အတွင်းသို့တိုဝင်သွားတတ်ပြန်သည်။


အတက်ရောဂါနှင့်ပတ်သက်ပြီး သမားတော်ကြီးဦးကြွယ်ထံမှအလွန်အစွမ်းထက်သော ဆေးနည်းရ၍ ညီငယ်လေးမှာသက်သာရာမှ အပြီးတိုင် ပျောက်ကင်းခဲ့သည်။


ဆေးနည်း


အုန်းစိမ်းရည် ၄ပုလင်း


သံပုရာရည် ၁ပုလင်း


ပျားရည်စစ်စစ် ၁ပုလင်း


စပါးကြီးသည်းခြေ လက်ဖက်စားဇွန်း ၁ဇွန်း


ဆား ၃ပဲ သား


ထို ၅ မယ်အားရောစပ်ပြီး နံက်ည လက်ဖက်ရည် အကြမ်းပန်းကန် ၁ခွက်စီ သောက်ခြင်းဖြစ်ပါသည်။


အတက်ရောဂါဝေဒနာရှင်များမှာ လွန်စွာသနားစရာဖြစ်ပါသည်


အကြောင်းမှာ အတက်ကျချိန်တွင် အင်အားနုံးချိသွားကာဖြူဖက်ဖြူလျော်ကျန်ခဲ့ရသည့်အပြင် စိတ်စွဲလန်းစိတ်ဖြင့်တက်မည့်အချိန်ကို ကြို၍ ကြောက်နေရခြင်းဖြစ်လေသည်။


ထိုဆေးဖြင့် အတက်ရောဂါစွဲနေသူပျောက်ကင်းဖူးပါ၍ လိုသူတို့ စမ်းသုံးနိုင်ပါရန် တင်ပြမိပါသည်

Credit:

ရဲမျိုးသူ(ဗောဓိမြိုင်)

No comments