New Artical

ရုံးပတီသီး၏ကောင်းခြင်းများ

 ရုံးပတီသီးကရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ


ရုံးပသီပင် (အင်္ဂလိပ်Okra) အား အင်္ဂလိပ်စကားပြောသော နိုင်ငံအများစုတွင် ladies' fingers ဟု ခေါ်ဆိုကြပြီး ပန်းပွင့်သော အပင်မျိုးဖြစ်သည်။ ရုံးပသီပင်၏ မူလဒေသများမှာ အနောက်အာဖရိက၊ အီသီယိုပီယားနှင့် တောင်အာရှတို့ ဖြစ်သည်။ ယင်းအပင်သည် ပူနွေးစိုစွတ်သော ရာသီရှိသည့် ကမ္ဘာအနှံ့တွင် ပေါက်ရောက်သည်။ရုံးပတီပင်ကို ရုက္ခဗေဒ အလိုအရ ဟိဗိစကပ် အက်စကူလင်တပ်ဟု ခေါ်သည်။ ရုံးပတီစေ့များကို မိုးမစမီ မေလ၊ သို့မဟုတ် ဇွန်လဆန်းစလောက်တွင် စိုက်ပျိုးသင့်သည်။ အစေ့များကို မစိုက်ပျိုးမီ မြေများကို ဆွ၍ မြေပေါင်ဖြစ်အောင် ပြုပြင်ပေးသင့်သည်။ ထိုမြေပေါင်၏ အကျယ်ကို နှစ်ပေမျှ ထားသင့်၍ မြေဘောင်တစ်ခုနှင့် တစ်ခုကို တစ်ပေစီ ခြားထားသင့်သည်။သို့မဟုတ် ခြောက်လက်မနက်သည့် ကျင်းများကို တူး၍ စိုက်ပျိုးသင့်သည်။ အစေ့များကို ဆွထားသည့် မြေကြီးတွင် တင်ရုံသာသာမျှ ထားရသည်။ တစ်စေ့နှင့် တစ်စေ့ကို နှစ်ပေမျှစီ ခြား၍ စိုက်သင့်သည်။ ထိုနောက် အစေ့များပေါ်တွင် မြေဆီလွှာ၊ သို့မဟုတ် နွားချေး မြေ0x100သဇာဖြင့်ဖုံး၍ ရေလောင်းပေးရသည်။ ထိုနောက်တွင် ရေကို ရက်သတ္တပတ်အတွင်းနှစ်ကြိမ်၊ သို့မဟုတ်သုံးကြိမ်မျှသာ လောင်းပေးရလေသည်။ ရုံးပတီသီး ၁ဝဝ ရှိ အစေ့များကို မြေဧက တစ်ဧကတွင် စိုက်ပျိုးနိုင်လေသည်။ အပင်ကလေးများ သုံးလက်မခန့် ကြီးမြင့်လာသောအခါ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့် ကွာ၍ ပေါက်နိုင်စေရန်နှင့် သန်စွမ်းကြီးထားသော အပင်များသာ ကျန်ခဲ့စေရန် အပင်များကို ပါးပေးရသည်။ ရုံးပတီပင်ကလေးများ ရှစ်လက်မခန့် မြင့်လာကြသောအခါတွင် အပင်ကလေးများ၏ အခြေတွင် ပြာများဖြစ်စေ၊ နွားချေးများ ဖြစ်စေ၊ ထိုနှစ်မျိုး ရောထားသည်ကို ဖြစ်စေ ဖြူးသိပ်၍ ပေးရသည်။ အပင်ကလေးများ နှစ်ပေမျှ မြင့်လာကြသောအခါတွင် အပင်ကလေးများ၏ ခေါင်ညွန့်များကို နှိမ်ပေးရသည်။ အပွင့်များ ပွင့်လာသောအခါတွင် ရေများများ လောင်းပေးရသည်။ သို့မဟုတ်လျှင် ပိုးကောင်များ ကျရောက်လာတတ်သည်။ ပိုးကောင်များ ကျရောက်လာသည်ကို တွေ့လျှင် ပြာများဖြင့် ဖြူးပေးလျှင် အပင်များ ကောင်းလာသည်ကို တွေ့နိုင်ပေသည်။ ငှက်စာသော်ဖြစ်သော လက်ဦးသီးများသည် စိုက်ပြီးနောက် သုံးလခန့် ကြာသည်တွင် ခူးယူစားသုံးနိုင်လောက်အောင် ကြီးထွားလာကြသည်။

ရုံးပတီသီးကို မီးကင်၍၎င်း၊ ရေနွေးဖျော၍၎င်း ငါးပိရည်နှင့် တို့စားကြ၏။ သနပ်လုပ်၍လည်း စားကြ၏။ ကြော်ချက် ချက်၍လည်း စားကြ၏။ထိုပြင် ဟင်းချိုချက်၍၎င်း၊ ခရမ်းသီး၊ အာလူး၊ ပဲသီး စသည်တို့နှင့် ရောနှောကာ ချဉ်ရေဟင်းချက်၍၎င်း စားကြသည်။

မြန်မာဆေးကျမ်းအလိုအားဖြင့် ရုံးပတီသီးသည် ကျိချွဲ၏။ လေ၊ သလိပ်ကို ပျက်စေတတ်၏။အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်၏ဟု ဆိုလေသည်။ 

ရခိုင်လို ချောတောက်သီးဟု ခေါ်သည်။

ရုံပတီသီး ကို အမျိုးမျိုးလုပ်စားရတာ ကြိုက်တဲ့သူတွေရှိမှာပါ

အရသာလည်း မဆိုးတာကြောင့် ဟင်းချက်တဲ့ အခါမှာလည်းဟင်းကောင်းတစ်ခွက်ကိုရစေပါသေးတယ်

ရုံးပတီသီးကနေ အံမခန်းဘယ်လိုအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်လည်းဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦး


၁ - ရုံးပတီသီးမှာပါဝင်တဲ့ Carotenoids ဓာတ်ဟာ မျက်လုံးအားကို ကောင်းမွန်စေပါတယ်


၂ - Carotenoids ဓာတ်ကပဲ အသားအရေပြန်လည်ပြုပြင်တဲ့ လုပ်ငန်းတွေမှာ အားပေးကူညီပေးပါတယ် - နေလောင်တာတွေနဲ့ အရွယ်တင်နိုပျိုမှုလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုမှာပါ


၃ - သွေးနီဥလျော့နည်းခြင်းကို ပြန်လည်ဖြည့်တင်းပေးပါတယ်


၄ - ဗီတာမင် စီ ပါဝင်တဲ့အတွက်ကြောင့် 

anti-oxidant ပေါကြွယ်ဝတဲ့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်


၅ - ရုံးပတေသီးမှာပါဝင်တဲ့ Okra ဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းကို အထောက်အကူပြုပါတယ်


၆ - Bhindi ဟာ ဆီးချိုဖြစ်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်


၇ - Bhindi ရဲ့ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ဝမ်းချုပ်ခြင်းကို မဖြစ်စေတာပါပဲ


၈ - ဖိုက်ဘာဓာတ်ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကိုလက်စရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ် အထူးသဖြင့် အသည်းထဲဝင်ရောက်မယ့် ကိုလက်စရောတွေကိုပေါ့


၉ -  Pectin ဓာတ်ဟာလည်း နှလုံးကျန်းမာရေးကို

အထောက်အကူဖြစ်စေပါတယ်


၁၀ - ရုန်းပတေသီးရဲ့နောက်ထပ်ကောင်းကျိုး

တစ်ခုကတော့ အူလမ်းကြောင်းကို သူ့ရဲ့ သဘာဝ

ချွဲကျိကျိအနှစ်တွေနဲ့ရှင်းလင်းပေးသွားတဲ့အတွက်

အူမကြီးကင်ဆာမှ ကာကွယ်ပေးနိုင်တာပါပဲ



No comments