New Artical

ပူဒီနာ(ပူစီနံ)၏ကောင်းခြင်းများ

 ပူဒီနာ (ပူစီနံ) ဟာရှေးကျသော ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ် လူသိများပါတယ်။ ကမ်ဘာ ပေါ်တွင်ပူစီနံပင် အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး၊ အပူအေအးမွ်တေသာ ဥရောပနှင့် အာရှတိုက်ဒေသ များတွင်ကောင်းစွာ ဖြစ်ထွန်းကြ၏။ အာရှတိုက်ရှိ ပူစီနံသည် ဥရောပတိုက်ရှိ ပူစီနံထက် အရသာမွာ အနည်းငယ်ပို၍စူးရှပါတယ်။ ပူစီနံပင်သည် ခရမ်း (သို့မဟုတ်) မရန်းနုရောင် ပန်းပွင့်ကလေးများ ဝေ ဝေဆာဆာဖူးပွင့်ကာ သဲဆန်သောမြေတွင် ပိုမိုဖြစ်ထွန်းကြ၏။ ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး၊ မြေပြင်ပေါ်တွင် လျင်လျင်မြန်မြန် အမြစ်တွယ်ဖြန့်ကျက်၍ ပေါက်ရောက်လေ့ရှိကြပါတယ်။

ပူစီနံရွက်ကို မိမိနှစ်သက်ရာ ငါး၊ ပုစွန်နှင့် အသားအမျိုးမျိုးတို့တွင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော် လည်းကောင်း၊ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါးဖြင့် တွဲဖက်၍သော်လည်းကောင်း၊ အသုပ်၊ တို့စရာ အဖြစ်သော်လည်းကောင်း စားသုံးကြပါတယ်။ ထို့ပြင်ရေနွေးဆူဆူတွင် ပူစီနံရွက်ကို အစိမ်းလိုက်ခတ် ထည့်၍သော်လည်းကောင်း၊ သို့မဟုတ် အခြောက်ခံ၍သော်လည်းကောင်း၊ သို့မဟုတ် အရွက်ခြောက် ကိုအမှုန့်ကြိတ်ချေ၍သော်လည်းကောင်း လက်ဖက်ရည်အဖြစ် သောက်သုံးကြပါတယ်။



၎၏ ရှင်းသန့်တဲ့ရနံ့ကြောင့် ရှေးအီဂျစ်နှင့် ရောမလူမျိုးများက နေအိမ်နှင့်ဘုရား ကျောင်းများတွင် ပူစီနံပင်ကို အထူးတလည် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ပူစီနံရွက်ဟာ ရေကိုသန့်စေ တဲ့ အစွမ်းသတိ္တရှိလို့၊ သောက်ရေသန့် လုပ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။ ထူးခြားကောင်းမွန် သောရနံ့နှင့် အရသာတို့ကြောင့် အချို့နိုင်ငံများတွင် ပူစီနံရွက်၏ သတ္တုရည်ကိုအသုံးပြု၍ ပျားရည်၊ သကြားလုံး၊ ဂ်ယ္လီ၊ ပီကေ၊ အချိုရည်နှင့် ရေခဲမုန့်တို့ ပြုလုပ်ကြပါတယ်။


ကမ်ဘာပေါ်တွင် ဆေးဖက်ဝင်အပင်အမျိုးအစားပေါင်း မြောက်မြားစွာရှိနေသည့်အနက် ပူစီနံရွက်သည် လည်းတစ်ခု အပါအဝင်ဖြစ်ကာ အနာရောဂါများကို သူမတူအောင်ကုသနိုင်စွမ်းရှိပါတယ်။ WH Foods မှဆေးသုတေသီများ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁၀၀ ဂရမ်ရှိသော ပူစီနံရွက်လတ်လတ်ဆတ် ဆတ်ထဲတွင် လူသားတို့ကျန်းမာရေးကို အထောက်အကူပြုစေသော ကယ်လိုရီ ၇၀ ၊ အဆီဓာတ် သုည ဒသမ ၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၈ ဂရမ်၊ ဗီတာမင်အေ ၁၄၁ ရာခိုင်နှုန်း၊ ဗီတာ မင်စီ ၅၃ ရာခိုင်နှုန်း၊ ကော့ပါး ၃၆ ရာခိုင်နှုန်း၊ သံဓာတ် ၆၃ ဒသမ ၅ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၂၀ ရာခိုင် နှုန်း၊ မဂ္ဂနီးစ် ၅၁ ရာခိုင်နှုန်း၊ ဇင့် ၁၀ ရာခိုင်နှုန်းတို့ အသီးသီးပါရှိကြပါတယ်။ ဒါ့ပြင် လူတစ်ယောက်အ တွက် တစ်နေ့တာ လိုအပ်သော ဖောလိပ် ၂၈ ရာခိုင်နှုန်းနှင့် ကယ်လ်စီယမ် ၂၄ ရာခိုင်နှုန်းတု့ိကို ပူစီနံ ရွက် ၁၀၀ ဂရမ်ထဲမှ အပြည့်အဝရရှိမှာဖြစ်ပါတယ်။


၁။ ပူစီနံထဲတွင်ပါရှိသော ဗီတာမင်စီနှင့် ဗီတာမင်အေတို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် စွမ်း ဆောင်ပေးပါတယ်။ ဒါ့ပြင် မဂ္ဂနီးစ်ဓာတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေရုံသာ မက၊ ပူစီနံရွက်ဟာ Omega-3 Fatty Acids တို့စုဝေးရာ အရင်းအမြစ်ဖြစ်လို့ ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။ ပူစီနံထဲတွင် Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ်ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင် ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီများက ဆိုပါတယ်။


၂။ ပူစီနံရွက်ဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင် ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။


၃။ ပူစီနံရွက်ထဲမှာ Anti-Spasmodic, Anti-Fungal နှင့် Rosmarinic Acid (ခေါ်) Anti-Inflamma- tory အစွမ်းသတ္တိများပါရှိသဖြင့် သဘာဝပိုးသတ်ဆေးအဖြစ် မှိုပိုးများကိုသေစေနိုင်သော အစွမ်းရှိလို့ ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတုပ်ကွေးနှင့် ချောင်းဆိုးချွဲကျပ်ရောဂါများကို သက်သာစေနိုင်ကြောင်း၊ နားတွင်ရောင်ရမ်းခြင်းနှင့် အနာများကိုကျက်စေနိုင်ကြောင်း အိန္ဒိယဆေးပညာရှင်များက ဆိုပါတယ်။ ထိုအဆိုပြုချက်ကို WHF Foods နှင့် အနောက်ဗာဂျီးနီးယားတက္ကသိုလ်တို့မှလည်း အတည်ပြုထောက် ခံထားကြပါတယ်။


၄။ ပူစီနံရွက်ထဲရှိ သဘာဝဓာတုဓာတ်ပေါင်းစုတို့က ခံတွင်းထဲရှိဗက်တီးရီးယားပိုးများကို သေစေပြီး ခံတွင်းရောဂါအမျိုးမျိုးနှင့် ခံတွင်းရနံ့ဆိုးများကို ပျောက်ကင်းစေပါတယ်။ တစ်ပတ်လျှင်အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပူစီနံကိုမှန်မှန်ဝါးပေးရုံဖြင့် သွားများကိုဖြူဖွေးစေရုံသာမက၊ အသက်ရှူ လမ်းကြောင်းကို ပွင့်စေနိုင်၏။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားသော သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင်ဆေး ရည်များကို လူကြိုက်များရေပန်းစားလျက်ရှိပါတယ်။


၅။ ပူစီနံရွက် ၂၀၀ ဂရမ်ကို ရေ ၃ လီတာဖြင့် ရောစပ်၍အပူချိန် 37.C တွင်ပြုတ်ပါ။ ထိုပြုတ်ရေကို ခပ် နွေးနွေးအနေအထားတွင် ရေချိုးပေးခြင်းဖြင့် အကြောဆွဲခြင်းနှင့် ဒူလာပါဒရက်ရောဂါဝေဒနာများကို သက်သာလာစေနိုင်၏။


၆။ ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြားပါရှိသဖြင့်၊ မကောင်းသော ကိုလက်စထရောနှင့် LDL ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရောနှင့် HDL ကိုမြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင်မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းသိမ်းပေးနိုင်၏။


၇။ သွေးသန့်စေပြီး ကာမအားကို တိုးပွားလာစေပါသည်။


၈။ ပူစီနံရွက်ထဲတွင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကိုသန်စွမ်းစေပါတယ်။ မဂ္ဂနီစီယမ်အစွမ်းကြောင့် သွေးထဲရှိသကြားပမာ ဏကို ထိန်းညှိပေးခြင်း၊ သွေးခုန်နှုန်းကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်အား ဖြည့်ပေးခြင်း၊ ကြွက်သားနှင့်အာရုံခံ အင်္ဂါအဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေခြင်းစသည်ဖြင့် ကောင်းကျိုးပြုပါတယ်။


၉။ လေချုပ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ဝမ်းသွားခြင်း၊ လေထိုး လေအောင့်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ်၊ အူသိမ်၊ အူမနှင့် အူလမ်း ကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို ကောင်းစွာကုသပေးနိုင်ပါတယ်။ ပူစီနံရွက်ခြောက်ကို လက်ဖက် ရည်ကြမ်းခတ်၍ သောက်သုံးခြင်းဖြင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုး မျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။


ပူစီနံရွက်အဆီနှင့် ကျန်းမာရေး


၁။ ပူစီနံရွက်မှ ရရှိသောအဆီသည် လူကိုလန်းဆန်းတက်ကြွစေကာ၊ ခွန်အားဖြစ်စေ၏။ ထို့ကြောင့် စိတ်ပင်ပန်း နွမ်းလျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခေါင်း ကိုက်ဝေဒနာအမျိုးမျိုးတို့အတွက် ပူစီနံရွက်အဆီကို နားထင်နှင့်ဇက်ပိုးများတွင် ပွတ်လိမ်းပေးခြင်းဖြင့် ဝေဒနာများသက်သာကောင်းမွန်လာစေပါတယ်။


၂။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက် ပူစီနံရွက်အဆီ အနည်း ငယ်ကို ရေနွေးဖြင့်ရောစပ်၍ ပလုတ် (အာလုတ်) ကျင်းပေးနိုင်ပါတယ်။


၃။ ပူစီနံရွက်အဆီ ၅ ဂရမ်ကို၊ အရက် ၉၅ ဂရမ်ဖြင့်ရောစပ်၍ လိမ်းကျံပေးခြင်းဖြင့် ဒူလာရောဂါကြောင့် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်လက်ယားယံခြင်းတို့ကိုလည်း သက်သာလာစေနိုင်ပါ တယ်။


၄။ ပူစီနံရွက်အဆီကို Aroma အဖြစ် အရေပြားပေါ်လိမ်းကျံ၍ အသာအယာနှိပ်ပေးရုံမျှဖြင့် အေးမြစေ ကာ ချေွးထွက်လွန်ခြင်းကို သက်သာလာစေနိုင်ပါတယ်။


၅။ အင်းဆက်ပိုးမွှားများ ကိုက်ခံရပါက ပူစီနံရွက်အဆီကို လိမ်းပေးနိုင်ပါတယ်။


၆။ ကြွက်တက်ခြင်း၊ အဆစ်လွဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။


ပူစီနံရွက်နှင့် အသားအရေထိန်းသိမ်းနည်း


၎င်းထူးခြားသောရနံ့နှင့် ကောင်းမွန်သောအစွမ်းသတိ္တများကြောင့် ကရင်(မ်)၊ လိုးရှင်း၊ ခေါင်းလျှော် ရည်၊ မျက်နှာသန့်စင်ဆေးရည်၊ အလွဆီ၊ ဆပ်ပြာစသည့် အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် ရေမွှေးများ ထုတ်လုပ်ရောင်းချလျက် ရှိကြပါတယ်။ ပူစီနံရွက်တွင် Antibacterial အစွမ်းသတိ္တများပါရှိခြင်းတို့ ကြောင့် မျက်နှာပေါ်ရှိ ဝက်ခြံ၊ တင်းတိတ်နှင့် အမည်းစက်များကို သက်သာလာစေနိုင်ပါတယ်။



ပူစီနံရွက်ဖြင့် ငွေကုန်ကြေးကျမများဘဲ လွယ်လင့်တကူ အောက်ပါနည်းလမ်းတို့ဖြင့် အသားအရေထိန်း သိမ်းနိုင်ပါတယ်။


(၁) သဘာဝအသားအရေပိုင်ရှင်များအတွက် ကြိတ်ချေထားသော ပူစီနံရွက်တစ်ခွက်၊ သုံးခွက်၊ သဘာဝဆား စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို မိမိသုံးနေကျ Facial Cleanser ထဲထည့်ရောမွှေကာ မျက် နှာအနှံ့စက်ဝိုင်းပုံသဏ္ဌာန် လိမ်းကျံပေးပြီးနောက် ရေနွေးနွေးဖြင့် သစ်ပေးနိုင်ပါတယ်။


(၂) မကြာခဏ ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များသည် ကြိတ်ချေထားသော ပူစီနံရွက်ကို အုတ်ဂျုံဖြင့်ရောနယ်လိမ်းပေးကာ မိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့် သန့်စင်ဆေးကြောပေးနိုင်ပါ တယ်။


(၃) မျက်နှာပေါ်တွင် အမည်းအစက်ပြောက်ရှိသူများအတွက် ပူစီနံရွက်ခြောက်ကို မန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်များပေါ်သို့ လိမ်းကျံပေးနိုင်ပါ တယ်။


(၄) ခန္ဓာကိုယ်အသားအရေ ညက်ညောလိုသူများသည် ပူစီနံရွက်နှင့် ဗာဒံစေ့တို့ကို ကြိတ်ချေကာ ရေနွေးနည်းနည်းရော၍ ရရှိလာသောအနှစ်ဖြင့် တစ်ကိုယ်လုံးကို လိမ်းကျံပြီးခြောက်သွားသောအခါ ရေနွေးဖြင့် ရေချိုးသန့်စင်ပေးနိုင်ပါတယ်။


(၅) ပူစီနံရွက်ပြုတ်ဖြင့် ရေချိုးပေးခြင်းဖြင့် အသားအရေခြောက်သွေ့ခြင်းမှ ကင်းဝေးကာစိုပြည်လှပ လာပါလိမ့်မယ်။


(က) ပူစီနံရွက်အဆီသည် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များ အတွက် မသင့်လျော်ပါ။


(ခ) အဆီကို သောက်သုံး၍မရပါ။ (External Use အတွက်သာဖြစ်ပါသည်။)


(ဂ) Aroma Oil Cream အဖြစ် အရေပြားကို လိမ်းကျံရာတွင် အစက် ၃၀ ထက်ပို၍ မသုံးသင့်ပါ။


ပူစီနံရွက်သည် သဘာဝဆေးစွမ်းသတိ္တများစွာ စုဝေးရာအရင်းအမြစ်ဖြစ်သောကြောင့် လူသားတို့ကျန်း မာရေးကိုများစွာ အထာက်အကူပြုစေပါတယ်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ကောင်းမွန်သော သဘာဝ ဆေးဖက်ဝင်ပူစီနံရွက်ကို လက်လွှတ်မခံဘဲ အလေ့အကျင့်ကောင်းတစ်ခုလုပ်ယူကာ၊ စားသုံးပေးကြပါ ရန်တိုက်တွန်းအပ်ပါသည်။


Source :ကြေးမုံသတင်းစာ / Wikipedia

        

No comments