New Artical

3.ရှားစောင်းလက်ပတ်၏အသုံးဝင်ပုံများ

 ရှားစောင်းလက်ပတ်၏အသုံးဝင်ပုံများ(၃)



ရှားစောင်းလက်ပတ်ပင်ဟာ ဘက်တီးရီးယား များကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ် ။ များသောအားဖြင့် ကျန်မာရေး ကောင်းမွန်စေရန် အတွက် ရှားစောင်းလက်ပတ်ကို ခြစ်ယူပြီး သကြားနှင့် ခေါက်ကာ စားသုံးလေ့ရှိကြပါတယ် ။ ဒါ့အပြင်ကို မှ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာလည်း ကုန်ကြမ်းအဖြစ်နှင့် ထည့်သွင်းသုံးစွဲကြပါသေးတယ် ။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ အလှကုန်တွေကိုသုံးစွဲနိုင်တဲ့ အပြင်ကိုမှ ရှားစောင်းလက်ပတ်ကိုခြစ်ယူပြီး မျက်နှာ ကို နှံ့စပ်စွာ လိမ်းပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ အရေးအကြောင်းကင်းစင်ခြင်း ၊ ဝက်ခြံဆိုးရွားစွာဖြစ်ပေါ်ခြင်းကို သက်သာပျောက်ကင်းစေခြင်းတို့ကို ရရှိနိုင်မှာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ်ကို ဘယ်လို အသုံးချလို့ ရနိုင်မလည်း ဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။


၁။ အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းသုံးစွဲထားတာပဲဖြစ်ပါတယ်


မျက်နှာလေးဟာ စိုစိုပြည်ပြည်လေးနှင့် ဝင်းလက်တောက်ပနေဖို့ဆိုရင် အစုဓာတ်ဖြည့် ခရမ်တွေကို မဖြစ်မနေ သုံးစွဲပေးရမှာပဲဖြစ်ပါတယ် ။ အစိုဓာတ်ဖြည့် ခရမ်တွေထဲမှာ ရှားစောင်းလက်ပတ်ကိုပါ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ် ။ ရှားစောင်းလက်ပတ်ဟာ အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်တာကြောင့် အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းပြီးထုတ်လုပ်ကြတာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ် အစိုဓာတ်ဖြည့်ခရမ်အပြင်ကိုမှ ရှားစောင်းလက်ပတ်ကို ဇွန်းနဲ့ သေချာ ခြစ်ယူပြီး မျက်နှာ အနှံ့သေချာ လိမ်းပေးမယ်ဆိုရင်လည်း ရရှိလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိနိုင်မှာပဲဖြစ်ပါတယ် ။


၂။ မျက်နှာသစ်အဖြစ်အသုံးချနိုင်ပါတယ်


နောက်ထပ် တစ်နည်းအနေနှင့်ကတော့ မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင် ရှားစောင်းလက်ပတ်နှင့် မျက်နှာသစ်ပေးနိုင်ပါတယ် ။ ရှားစောင်းလက်ပတ်ကို မျက်နှာ အနှံ့လိုက် ပွတ်ပေးလိုက်ပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ရေပြန်ဆေးချပေးရမှာပါ ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် နေ့စဉ် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ်နော်


၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub


ဝက်ခြံထွက်လွယ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ တော်ရုံတန်ရုံ အလှကုန် ပစ္စည်းတွေကို သုံးစွဲဖို့အတွက် မလွယ်ကူပါဘူး ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub ကို ပြုလုပ်ပြီးတော့ အသုံးပြုနိုင်ပါတယ် ။ ဒီ Scrub ကို ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် ။ သကြားအနည်းငယ်ကို ရှားစောင်းလက်ပတ်နှင့် ရောစပ်ကာမွှေပေးပါ ။ ထို့နောက် မျက်နှာအနှံ့ကို ၂ မိနစ်ခန့်အထိ နူးညံ့ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ပြန်လည်ပြီး မျက်နှာသစ်ပေးရမှာပါ ။ နှစ်ပတ်တစ်ကြိမ်ခန့်သာ အသုံးပြုသင့်ပြီး အသုံးပြုနေစဉ်ကာလအတွင်း မှာ အလွန်အကျွန် အဆီပြန်နေမယ်ဆိုရင်တော့ အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ် ။


၄။ အမွှေးရိတ်ပြီးတဲ့အခါမှာ လိမ်းပေးနိုင်ပါတယ်

အမျိုးသမီးများရော အမျိုးသားများပါ မလိုအပ်တဲ့ အမွှေးများကို ဖယ်ရှားပြီးတဲ့အခါမှာ အရေပြားပေါ်မှာ အနာငယ်လေးများကျန်ရစ်ခဲ့ပြီးနီမြန်းနေခဲ့တတ်ပါတယ် ။ အမွှေးရိတ်ပြီးတဲ့အခါတွေမှာ ရှားစောင်းလက်ပတ်ဂျယ်ကို အရေပြားအနှံ့ လိုက်လံလိမ်းပေးမယ်ဆိုရင် ယောင်းယမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အနာတွေကို ပျောက်ကင်းစေနိုင်ပါတယ် ။


၅။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်အပေါ်မှာ လိမ်းပေးနိုင်ပါတယ်။


ဝက်ခြံထွက်တဲ့အချိန်မှာ အရေပြားယောင်ယမ်းတာတွေ နာကျင်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုအချိန်မှာ ရှားစောင်းလက်ပတ်နှင့် အရေပြားအပေါ်ကို နူးညံ့စွာ ပွတ်ပေးနိုင်ပါတယ် ။ ဝက်ခြံထွက်ပြီးတဲ့နောက်ပိုင်းမှာ ကျန်ရစ်နေခဲ့တတ်တဲ့ အမာရွတ်တွေအပေါ်ကိုလည်း ရှားစောင်းလက်ပတ် လိမ်းပေးနိုင်ပါတယ်။


Credit-MyanmaPlatform

No comments