New Artical

တန်ဖိုးနားမလည်ကြသူများ (ပုံပြင်)


တန်ဖိုးနားမလည်ကြသူများ (ပုံပြင်)


အဘိုးအိုတစ်ယောက်ဟာ တောင်ခြေမှာနေတယ်။ ခရီးသွားတွေကတောင်ကို တက်ကြတယ်။ တောင်ပေါ်မှာ ရှိတဲ့ ဘုရားကို သွားဖူးကြတယ်။ တောင်ခြေမှာရှိတဲ့ အဘိုးအိုဟာ တောင်ကြောပေါ်တက်တဲ့ လမ်းခရီးအလယ်လောက်မှာ ရေချမ်းစင်တစ်ခု သွားဆောက် ထားတယ်။ တောင်ကြောပေါ်တက်တဲ့ လမ်းမှာ ရေမရှိဘူး၊ အဘိုးအို ဆောက်ထားတဲ့ ရေချမ်းစင်မှာ လူတွေက ရေအေးအေးလေး တစ်ခွက်လောက် သောက်ပြီး အပန်းဖြေကာတောင်ပေါ်ဆက်တက်ကြရတယ်။

လူတွေက ရေကို လိုသလောက် ခပ်သောက်တာမဟုတ်ဘူး၊ တစ်ခွက်ခပ်ပြီး တစ်ဝက်သွန်လိုက် ကြတာများပါတယ်။ အဘိုးအိုက တောင်ပေါ်မှာ ရှိတဲ့ ရချမ်းစင်ကို မနက်တစ်ခေါက်၊နေ့လယ်တစ်ခေါက် ဆိုင်းထမ်းလေးနဲ့ ရေအေးအေးလေးတွေ လာဖြည့်ပေးနေတာ နှစ်အတော်ကြာပါပြီ။

တောင်တက်တဲ့ သူတွေက အဘိုးအိုရေထမ်းလာတာကိုကြည့်ပြီး
"မြန်မြန်ရေသွားဖြည့်ပါ ရေကုန်နေရင် ဘယ်လိုလုပ်မလဲ"
"ဘယ့်နှဲ့... အဘိုး ခင်ဗျား ရေက သန့်ရဲ့လား"
"သောက်ရေ ထည့်ရင်ရေစစ်နဲ့ ထည့်နော်"
"သောက်ရေ မဖြည့်ခင် အိုးတွေကို ပြောင်အောင်ရောဆေးရဲ့လား"
"ရေအိုးစင်က နဲနဲ မြင့်နေတယ် ကျူပ်တို့လို အရပ် ပုတဲ့ သူတွေအတွက် အဆင်မပြေဘူး" "တကယ်ဆိုရင် တောင်ခြေကနေ ရေပိုက်နဲ့ အမြဲရေရအောင် ပိုက်လိုင်းသွယ်ထားရင် ပြီးတဲ့ ဟာ"

အဘိုးအို ကတစ်ခွန်းမှ မပြာပါဘူး၊ ဆိုင်းထမ်လေးနဲ့ မြေအိုးကို တစ်ဖက်တစ်လုံးဆီ ထမ်းလာပြီး ရေအပြည့်နှစ်လုံးကိုတင်ပြီးတိုင်း၊ အလွတ်နှစ်လုံးကို ပြန်ပြီး တေ၊င်ခြေပြန်ထမ်းသွားတက်တယ်။ အဘိုးအို က သူလုပ်နေကြအလုပ်ကို တာဝန်တစ်ခုလိုကုသိုလ်ပြာနေတာပဲ။  တစ်နေ့ကို မနက်စောစောတစ်ခေါက်၊ နေ့လယ်တစ်ခေါက် ရေပို့ပေးပါတယ်။

နှစ်တွေ ကြာလာတော့ အားအင်တွေ ကုန်ခမ်းလာတဲ့ အဘိုးအိုဟာ ရေတွေကို အိုးအပြည့် မသယ်နိုင် တော့ပါဘူး။ ဒါပေမဲ့ တစ်မနက်ကို တစ်ခေါက်တက်တဲ့ နေရာမှာ နှစ်ခေါက်တက်တယ်။ထက်ဝက်ဆီ နှစ်ကြိမလသယ်လာတဲ့ သဘောပေါ့ ။ အသက်တွေ ကြီးပြီလေ။

"အဘိုးကြီး မြန်မြန်လုပ်ပါ ရေဆာလှပြီ"
"ရေအိုးစင်ကလဲ ဆေးလေးဘာလေးသုတ်ပါအုံး" ကျက်သရေမရှိဘူး။
"ရေပြက်နေပြီဗျိူ့ မြန်မြန်လေးလာပါ။
"ရေအိုး စင်မှာ သဲလေးခင်း စကားပင်ငယ်လေးတွေ စိုက်" စိမ်းစိမ်းစိုစိုနဲ့ ဆိုပိုကောင်းတာပေါ့

အဘိုးအိုက နောက်ပိုင်းတစ်နေမှာ တစ်ခေါက် တစ်ခေါက်ကို  အိုးနှစ်လူံးမှာ ထက်ဝက် မနက်တစ်အိုး နေ့လယ်တစ်အိုး သူ ဒါပဲ ပို့နိုင်တော့တယ်။ တစ်နေ့တော့ အဘိုးအို အိပ်ရာက မထနိုင်ဘူး။ တောင်ပေယ်က ရေအိုးစင်မှာ လူတွေ စုနေကြပြီ
"ရေ.. ရေ ဘယ်မှာလဲ "
ဘာကြောင့်ရေကို ပုံမှန်မထည့် ထားရတာလည်း အလကားအသုံးမကျဘူး  လူတွေက. စိတ်ဆိုးပြီး ရေအိုးစင်ကို ခြေနဲ့ ကန်ကြတယ်။
အမိုးကို ဆွဲဖျတ်ကြတယ် ရေမရှိတော့တဲ့ သောက်ရေအိုးကို ရိုက်ခွဲပစ်ကြတော့လေရဲ့ .....

No comments