New Artical

ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရားက ကမ္ဘာ့သိပ္ပံပညာ ပထမအစ၊ ဗုဒ္ဓ မြတ်စွားဘုရားက


ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရားက ကမ္ဘာ့သိပ္ပံပညာ ပထမအစ၊ ဗုဒ္ဓ မြတ်စွားဘုရားက


            ဗုဒ္ဓ မြတ်စွာဘုရား ၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆို ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရား က' ဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု ထိုစဉ်ကအများက သက်မှတ်ထားသော ဂရိ နိုင်ငံ တွင် ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊ ကမ္ဘာ့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) ၊ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)၊နှင့် မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ တို့ မမွေးသေးပါ။ 
 
            ဗုဒ္ဓ သည် ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ဒဿန ဆရာကြီးကွန်ဖြူးရှပ် (ဘီစီ ၅⁠၅၁-၄၇၉) မမွေးသေးပါ။ ကမ္ဘာ့ရူပဗေဒပညာရှင် သင်္ချာပညာရှင် နယူတန်(၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) ၊ အဲလ်ဘတ် အိုင်းစတိုင်း( ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်-၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် ) တို့ မမွေးသေးပါ။ ခရစ်ယာန်ဘာသာမှ ထာဝရဘုရားသခင် ၏ သားတော် ခရစ်တော်၊ ယေရှု(Jesus Christ BC 5-AD 30) နှင့် အစ္စလမ်ဘာသာ တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) တို့ မပေါ်သေးပါ။
 
           ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း (၂၆၀ဝ) ကျော်ကတည်းက ဗုဒ္ဓ မြတ်စွာဘုရား က မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓာတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။ 
 
          ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။
 
     ခန္ဓာဗေဒ၏ ဖြစ်စဉ်ပျက်စဉ် အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ Anatomy အနတ်တိုမီ (ခေါ် ) ခန္ဓာဗေဒကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။
 
     ဗုဒ္ဓ မြတ်စွာဘုရား က ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ် (Atom) အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူ စသည်ဖြင့် ဟောပြတော်မူခဲ့သည်။ 
 
        မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒ စသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။
 
Source: wikipedia

No comments