New Artical

"သာဓုခေါ်သံ နတ်ပြည်ညံ"

May be an image of flower and text that says "သာဓုခေါ်သံ နတ်ပြည်ညံ" 

"သာဓုခေါ်သံ နတ်ပြည်ညံ"

တည်အခြေ ပြည် ရွှေလင်းတွင်မှ၊
ပြုံးမင်းပြူညီအကိုတို့၊
ရွှေဗဟိုရ်အောင်စည်ရွမ်းလို့၊
စိုက်နန်းတည် စံတော်ရာတဲ့၊
မဏ္ဍလာဟံသာနဂရ ငယ်က၊
ဖေဘရွှေငွေပေါသူနှင့်၊ မယ်စောဖူးစာဖက်ပေကြ၊
ကမ္ဘာပျက်ဝေ ရွှေဝစစ်ကိုင်းသို့၊
သူပုန်တွေဒဂုန်က ဝိုင်းလာတော့၊
အရိုင်းကို နှိမ်ကာချနိုင်တဲ့၊ တိုင်းသိင်္ဃ နန်းမြို့သူ။
လှအရွယ် မမယ်ကြီးတဲ့၊
သမီးခြွေအရံငဲ့ပြင်၊
အမွေခံ စေနံ ပွားစေတဲ့ချစ်သားမောင်မောင်စိန်နှင့်၊
ဘုရားမာရဇိန် ရွှေအင်ပင်သို့၊
ငွေတင်ပြင်ဗွေပလ္လင်စံတဲ့၊ နိမ္မိတံ ရုပ်တော်ဖမ်းလို့၊
ဘော်ဆွမ်းဖြူ ကပ်လှူသဘို့၊
ဂန္ဓကုဋီတိုက်ကယ်နှင့် ဤ၌ပင် အာဝါသံဘို့၊
သာလာယံ ဒါနံစရပ်ကို၊ ဇောပြတ်၍လှူ။
ဂေါဝရဂံ ပုသိမ်မှီတဲ့၊
တောတပသသီ ယောဂီဝစရတို့၊
ရညဝါ ခိုလလှုံဘို့၊
နှစ်ထောင်ကုန် နှစ်ဆောင်ကျောင်းငဲ့ပြင်၊
အလောင်းရှင်မြတ်ဘုရား၏၊
တပ်သာတွေဗိုလ်သေနင်တို့၊
ပြေတညင်သည် ပခိုးက၊
သည်ပိုးကာ ရတနာသပိတ်ကိုဖြင့်၊
ပထဗျာဒိပ်၊ မြင်သာဘုရားဟု၊
နှံထား၍တည်တော်မူ၊ ပြည်တော်သူတို့၊ ဥသျှောင်ပန်း။
ကွန်းပြာသာဒ်ကဲပြင်၊
ယွန်းတတ်ထွေ နတ်လှေကားနှင့်၊
ရှေလျားစွာ ဘုရားလာတဲ့ လမ်းတွင်မှ၊
စောင်းတန်းသွယ်ဆန်းကြယ်တဲ့ စမုတ်တွေတို့၊
အတန်တန် ကြံဖန်၍လုပ်ရာက၊
နံချုပ်ကာ ဝညာဉ်လျောရှာနှင့်၊
မယ်စော ကြင်သူမိက၊ ဒုပီကာ၊
ကြာကလပ်ကယ်နှင့်၊
သဒ္ဓါထပ်မံကုသိုလ်ပြုသောကြောင့်၊
ပြာသာဒ်တကာ နတ်ရွာက ရှူပါလို့၊
သာဓုသံခေါ်ကာအံ့ရှာလိမ့်၊ တသောင်းကျော်တန်၊
တန်ဆောင်းအပေါ်က ဖြန့်ပေတဲ့၊ စောင်းတန်းလှေကား။

မောင်းထောင်းဦးကျော်လှ

No comments