New Artical

မျက်နှာပေါ်မှာ အဆီပိုတွေနဲ့ ဖောင်းမနေအောင်

 


ဝိတ်တက်လာတာက စတာမလို့ ဝိတ်ပြန်ချဖို့ လိုပါတယ်။ ကိုယ်အလေးချိန် ဆက်ထိန်းထားတယ်ဆိုရင် မျက်နှာပေါ်က အဆီတွေပါ လျော့လာမှာပါ။

ခန္ဓာကိုယ် အလေးချိန်တက်လာပြီဆိုတာနဲ့ မျက်နှာလည်း ဖောင်းလာပြီး အဆီပိုတွေ ရှိနေတတ်ပါတယ်။ ပါးဖောင်းလာတာတွေနဲ့ မေးနှစ်ထပ် ဖြစ်လာတာတွေက မျက်နှာ ဖောင်းပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးစေတယ်လေ။ ဒီတော့မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားဖို့ လိုတာပေါ့။

လှုပ်လှုပ်ရှားရှားနေပါ

မျက်နှာပေါ်က အဆီတွေ တက်လာတဲ့ အကြောင်းအရင်းက ဝိတ်တက်လာတာက စတာမလို့ ဝိတ်ပြန်ချဖို့ လိုပါတယ်။ ကိုယ်အလေးချိန် ဆက်ထိန်းထားတယ်ဆိုရင် မျက်နှာပေါ်က အဆီတွေပါ လျော့လာမှာပါ။ ဒါ့ကြောင့် ဂျင်ဆော့ပါ၊ အက ကတာမျိုး လုပ်ပေးပါ။ လှုပ်ရှားလေ အဆီကျလေပါပဲ။

အစားအသောက်

ချစ်တို့ နောက်ထပ် လုပ်လို့ရတဲ့ အချက်တစ်ချက်ကတော့ အငံလျှော့စားတာ ဆားလျှော့စားတာပါပဲ။ ဆားမှာ ပါဝင်တဲ့ ဆိုဒီယမ်က မျက်နှာယောင်ရမ်းတာ ဖောင်းအစ်တာမျိုး ဖြစ်စေတာကြောင့်ပါ။ မျက်နှာ အဆီတွေ ပိုတက်လာစေတာလည်းဖြစ်စေတာမို့ အငံလျှော့စားပါ။

ရေများများသောက်ပါ

မျက်နှာမှာ အဆီပိုတက်တာတွေ နည်းဖို့အတွက် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဝိတ်ကျဖို့အတွက် ရေသောက်ကြသလိုပဲ အဆီပိုတွေ ဖယ်ရှားဖို့လည်း ရေဓါတ်လိုပါတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ် တက်ကြွဖို့ အားပေးတာမလို့ တစ်နေ့ကို (၂ )လီတာလောက်တော့ အနည်းဆုံး သောက်ပါ။

အရက်သေစာရှောင်ပါ

ဘီယာ အရက်သောက်တာက ဝိတ်တက်စေပြီး မျက်နှာမှာ အဆီတွေ စုမိအောင်လည်း တွန်းပို့နေတတ်ပါတယ်။ နောက်ပြီး မျက်နှာယောင်ရမ်းတာလို၊ အမ်းတာမျိုးလည်း ဖြစ်တာမလို့ သောက်တာတွေ လျှော့ဖို့ လိုပါတယ်။

လိုအပ်တဲ့လေ့ကျင့်ခန်း

 မျက်နှာ သွယ်သွယ်လျလျလေး ဖြစ်ပြီး မျက်နှာ အဆီပိုတွေ မရှိချင်ဘူးဆိုရင် မျက်နှာလေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ ပါးရိုးမေးရိုးတစ်လျောက် အဆီတွေနဲ့ မေးအောက်က အဆီတွေ ကျဖို့အတွက် မျက်နှာအတွက် သီးသန့် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ရှိတာမလို့ ချစ်တို့ ကြိုးစားကြည့်ပါနော်။
 
Marry

No comments