New Artical
အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ် (Paedophilia) အကြောင်း
Paedophilia ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုဖြစ်ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေး၊ ယောကျာ်းလေးမှန်သမျှကို လိင်ပိုင်းဆိုင်ရာ ထိတွေ့ ကိုင်တွယ်လိုစိတ်၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုစိတ်နဲ့ လိင်ဆက်ဆံမှုပြုချင်စိတ် ပြင်းထန်တဲ့ စိတ်ရောဂါတမျိုး ဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသား လူတဦးက အရွယ် မရောက်သေးတဲ့ လူမမယ် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ တပ်မက်မှုဖြစ်တဲ့ စိတ်မူမမှန်ရောဂါ တမျိုးလည်း ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
ဒီစိတ်ရောဂါဝေဒနာရှင်တွေဟာ အပျို၊ လူပျိုဖော် မဝင်သေးတဲ့ ကလေးငယ်တွေကို လိင်ဆက်ဆံမှု ပြုချင်တဲ့ သဘာဝ ရှိကြပြီး အထူးသဖြင့် ၁၀ နှစ်အောက် ကလေးငယ်တွေအပေါ် အများဆုံး ပြုမူကျူးလွန်လေ့ ရှိကြတယ်လို့ စိတ်ပညာရှင်တွေရဲ့ ဆေးမှတ်တမ်းတွေအရ သိရပါတယ်။
ဒီလို စိတ်ရောဂါဝေဒနာရှင်တွေဟာ မွေးရာပါဗီဇအရ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် စိတ်ပညာရှင်တွေရဲ့ Therapy ကုထုံးတွေနဲ့လည်း ကုသလို့ မရနိုင်သလို ဆေးဝါးတွေရဲ့ ကုသမှုနဲ့လည်း ကုသလို့ မရနိုင်ဘူးလို့ သိရပါတယ်။
Padeophillia စိတ်ရောဂါဝေဒနာရှင်တွေဟာ အရွယ်ရောက်ပြီးသားလူတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုကို စိတ်မဝင်စားကြဘဲ လူမမယ် ကလေးငယ်တွေနဲ့မှ လိင်စိတ် နိုးကြွကြတဲ့ အန္တရာယ်ရှိ စိတ်ရောဂါဝေဒနာသည်တွေပဲ ဖြစ်ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး စိတ်ရောဂါပညာရှင် Petya Schuhmann က“ ဒါဟာ စိတ်ရောဂါတမျိုး ဖြစ်ပေမယ့် တခြားသော စိတ်ရောဂါတွေလိုမျိုး ကုသမှုခံယူလို့ သက်သာသွားနိုင်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။
လူအများနဲ့ ဆန့်ကျင် ကွဲလွဲနေတဲ့ လိင်စိတ်သဘာဝ ရှိသူတွေ ဖြစ်ကြပြီး တခြားသော လိင်စိတ်ကွဲလွဲမှုတွေနဲ့ မတူညီတာက ဒီစိတ်ရောဂါဝေဒနာရှင်တွေဟာ ကလေးသူငယ်တွေအတွက် အင်မတန် အန္တရာယ် ရှိတာကြောင့် ဖြစ်ပါတယ်”
“ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုး မဟုတ်ပေမယ့် စိတ်ပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နည်းတွေကို ဆွေးနွေးနိုင်သလို မိမိရဲ့အခြေအနေကို ကိုယ်တိုင်သိပြီး ထိန်းချုပ်မှုတွေတော့ ပြုလုပ်လို့ရပါတယ်”လို့ ဆိုပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ Padeophillia စိတ်ရောဂါကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နည်း ကုထုံးတွေနဲ့ ကုသကြသလို ဒီစိတ်ရောဂါ ဝေဒနာသည်တွေကိုလည်း ကလေးသူငယ်တွေ အနီးအနားမှာ မရှိရအောင် အထူးဂရုစိုက်ကြပါတယ်။
ကလေးငယ်တွေကိုလည်း လိင်အသိပညာပေးတွေ သင်ကြားပြောပြပေးထားကြသလို Padeophillia စိတ်ဝေဒနာရှင်တွေကိုလည်း ကလေးသူငယ်တွေရှိတဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်ထားကြပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေကြတာလည်း ဖြစ်ပါတယ်။
ဟယ်လ်သင် - ဧရာဝတီ
No comments