New Artical

ငယ်လွန်းသော ကလေးနှင့် သနပ်ခါး အန္တရာယ်


ငယ်လွန်းသော ကလေးနှင့် သနပ်ခါး အန္တရာယ်

မြန်မာ့ရိုးရာ သနပ်ခါးသနပ်ခါးပင် က ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည်။ မြန်မာအမျိုးသမီးအများစုက သနပ်ခါးကို နှစ်ခြိုက်စွာလိမ်းကြသည်။ ကလေးငယ်များကိုလည်း သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သနပ်ခါးလိမ်းပေးတတ်သည့် ရိုးရာရှိကြပါသည်။

သနပ်ခါးနှင့် အရေပြားကျန်းမာရေး

သနပ်ခါး က ရေနှင့်ရောသွေးထား၍ အရေပြားကို အေးမြစေသောကြောင့် မိတ်ထွက်ချိန်တွင် ယားယံခြင်းကို ယာယီသက်သာစေနိုင်သည်။ မျက်နှာ အဆီပြန်ခြင်း ကို ထိန်းပေး၍ အရေပြားကို ခြောက်သွေ့စေသည်။ နေမလောင်ရန် ကြားခံလွှာတစ်ခုအနေနှင့် ကာကွယ်ပေးသည်။

သနပ်ခါးနှင့် ကလေးငယ်ငယ်

ကမ္ဘာတဝှမ်းမှ ဆေးပညာသုတေသနရှင်များက သနပ်ခါးနှင့် ကလေးအကြောင်း အသေးစိတ် မလေ့လာထား သေးပါ။ မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာဝန်အချို့နှင့် အရေပြားဆရာဝန်အချို့က မွေးကင်းစမှ ၆ လလောက်ထိ ကလေးကို သနပ်ခါးမလိမ်းရန် တိုက်တွန်းသည်။

အရေပြားကျန်းမာရေး ရှုထောင့်မှကြည့် လျှင် ၆ လ မှ တစ်နှစ်ထိ ကလေးများ၏ အရေပြားက လူကြီးများထက် အဆများစွာ ပါးသည်။ ရှလွယ် ပြဲလွယ် လောင်လွယ်သည်။ ၆ လအောက် ကလေး၏အရေပြားမှ သဘာဝအဆီဓာတ်က နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့စေနိုင်သည်။ ကလေး အရေပြား ခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်။ နို့ပွေးက ခြောက်သွေ့သော အရေပြားတွင် အဖြစ်များ၍ နို့ပွေးရှိလျှင် သနပ်ခါးမလိမ်းသင့်ပါ။

အရေပြားခြောက်သွေ့လွန်းခြင်း နှင့် နို့ပွေး ပြဿနာများမရှိသော ကလေးကို မေမေက သနပ်ခါးလိမ်းပေးလျှင် သဘာဝ သနပ်ခါးတုံးသန့်သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့်သန့်နှင့် သွေးလိမ်းပေးပါ။ စိုထိုင်းသော သနပ်ခါးတုံးတွင် မှိုစွဲတတ်၍ သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို ပုံမှန်ဆေးကြောပါ။ အဖုံးပါသော ရေပုလင်း/ဗူးကို သုံးပါ၊ မကြာခဏရေလဲပေးပါ။

အသင့်လိမ်း ဗူးများတွင် ကြာရှည်ခံအောင်ထည့်သော၊ အနံ့မွှေးအောင်သုံးသော ဓာတုဗေဒပစ္စည်းများပါတတ်၍ ကလေးငယ်၏ အရေပြားကို ထိခိုက်နိုင်ပါသည်။

ဓာတ်မတည့်မှုများဖြစ်နိုင်သည်။

သနပ်ခါးလိမ်းပြီး သနပ်ခါးမကျွေးပါနှင့်။ သနပ်ခါးက အာဟာရမပေးပါ။ သနပ်ခါးတုံးနှင့် ရေမှ မမြင်ရသော ပိုးက ငယ်လွန်းသော ကလေးကို ဝမ်းလျှောစေတတ်သည်။

No comments