New Artical

သင်္ဘောအဖိုပင်ရဲ့ ဆေးဘက်ဝင် အသုံးဝင်ပုံများ


အသည်းရောင်သူ ဖောရောင်သူ ချောင်းဆိုးရင်ကြပ်အမြစ်မပြတ်နိုင် သူဝေဒနာရှင်များနှင့် ကင်ဆာသမားများ သင်္ဘောဖိုပင် အရွက်သတ္တုရည် ပုံမှန်သောက်သုံးခြင်းကြောင့် သက်သာ ပျောက်ကင်းခြင်းများ ကြုံဖူးပါသည်။ ထိုဝေဒနာရှင်များထဲတွင် ကျန်းမာရေးအသိကြီးစွာ စနစ်တကျဆေးရုံဆေးခန်းပြသကြပြီး သက်သာပျောက် ကင်းသွားကြသူများနှင့်အတူ မသက်သာတော့သည့်အဆုံး မိမိဌာနေ မွေးရပ်မြေတွင် ခေါင်းချမည်ဆိုသော အတွေးဖြင့် ပြန်လာကြသူများလည်းရှိ၏။ ထိုသူတို့မှာ ကြားဖူးနားဝ မြန်မာဆေးမြီးတိုလေးများဖြင့် ဇွဲစိတ်သန်ကာ ကုသရင်း အရှင်း သက်သာခြင်းတို့လည်း ရှိနေတတ်ကြပါသည်။ 

ကမ္ဘာမြေပေါ်ရှိ သက်ရှိလူသားများ နှင့် နေ့စဉ်တိုက်ပွဲဖြစ်နေသည့် ကင်ဆာရောဂါအတွက် ကင်ဆာဆေးများ ဖေါ်စပ်ရာ ပင်မအရင်းအမြစ်သည် သစ်ပင်များဖြစ်လေသည်။ ယခုခေတ်တွင် ကင်ဆာရောဂါ လုံးဝပျောက်ကင်းစေသော ဆေးဝါးများ မပေါ်သေးပါသော်လည်း အတော်အတန်သက်သာ၍ သက်တမ်းရှည်စွာ နေထိုင်နိုင်သွားကြပေပြီ။ထိုကင်ဆာဆေးများကိုဆေးဖက်ဝင်အပင်များမှရရှိခြင်းဖြစ်၏။ 

ထိုကြောင့်ဆေးသိပ္ပံ၏မူလအရင်းအမြစ် ကင်ဆာဆေးမှာ ရုက္ခဆေးပင်သာဖြစ်၏။ ထိုထဲတွင်နတ်ဆေးသမျှ ထင်ရှားလာ သည်က သင်္ဘောဖိုပင်လည်းပါနိုင်ပေမည်။ အချို့သောဝေဒနာရှင်တို့ အမျိုးမျိုးသော ရောဂါများအတွက် – သိပ္ပံဆေးဝါးဖြင့် ကုသနိုင်သူရော မကုသနိုင်သူများပါ သင်္ဘောပင်၏အရွက်သတ္တုရည်ကို အားကိုးတကြီး စနစ်တကျနေ့စဉ်သောက်သုံးရာက အချို့ရောဂါတို့ သက်သာပျောက်ကင်းခြင်းအမှန်ကြုံနေရ ပါသည်။ 

ဆီးကျိတ်ကင်ဆာ မိတ်ဆွေတစ်ဦးဆုံဖူးသည် ဆေးရုံ ၃ ကြိမ်မြောက်တက်အပြီး ဆေးရုံထပ်မတက် ပေကပ်ကပ်ဖြင့် သင်္ဘောဖိုပင်အရွက်စိမ်းကို သောက်ရင်း မူလပုံမှန်အတိုင်း အလုပ်တာဝန်များ လုပ်ကိုင်နေနိုင်သည်လည်း ရှိပါသည်။ 

ထိုကြောင့် သင်္ဘောဖိုပင်တွင် ထူးခြားသော ဆေးစွမ်းအင်များ ရှိနေပေလိမ့်မည်။ အရွက် ရိုးတံ အပွင့်နှင့်ပတ်သက်ပြီး ဆေးအအဖြစ်အသုံးဝင်ပုံတွေကတော့ – 

သင်္ဘောဖိုပင်ရဲ့သင်္ဘောရိုးအစေး

(၁) ငါးမျက်စိ အသားမာ အသားပို မှဲ့အပါးများကို တစ်ကြိမ်၁၀မိနစ်မျှ နေစဉ်တိုက်ပေးပါ။ ၄/၅ရက် အတွင်းသက်သာပျောက်ကင်းစေသည်။

(၂) ခါးနာခါးကိုက်ပါလျှင် သင်္ဘောဖိုပင်မှအရွက် ၃/၄ရွက်ခူး၍ခါးနှင့် ဝမ်းဗိုက်ပတ်အိပ်ပေးပါ ခင်းအိပ်ပေးပါ ခါးနာခါးကိုက် သက်သာပျောက်ကင်းစေပါသည်။

(၃) သွားပိုးထိုးပြီး ရေစီးကမ်းပြို ဖြစ်ပါလျှင် သင်္ဘောဖိုပင်အရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြု၍ သွားတိုက်ပါက သက်သာပျောက်ကင်းစေပါသည်။

(၄) အစာအိမ်သမားများအတွက် သင်္ဘောဖိုအရွက်စိမ်းကို သန့်စင်စွာသတ္တုရည်ညှစ်ပြီး စတီးဇွန်း၃ ဇွန်းမျှ တစ်နေ့နှစ်ကြိမ် သောက်ပေးပါ ခွဲစိတ်ရန်မလို သက်သာပျောက်ကင်းစေနိုင်ပါသည်။

(၅) လိပ်ခေါင်းရောဂါရှင်များ သင်္ဘောဖိုအရိုးအရွက်ကို ထုထောင်း၍ ရသော အရည်ဖြင့် လိပ်ခေါင်းတွင် လိမ်းပေးပါ ထိုပြင်သင်္ဘောဖိုအပွင့်ကို သုပ်စားပေးပါက ဝေဒနာ သက်သာ ပျောက်ကင်းစေပါသည်။

(၆) အရေပြားထူးအန်း၍ အဖုအထစ်ဖြစ်သည့်် သွေးဖေါက်ပြန်ခြင်း ဖြစ်ပါက အဖိုရွက်နှင့်ရိုးတံကို ကြိတ်ချေပြီး ကြပ်ထုပ်ထိုးပေးက အရေပြားထူခြင်း ပျောက်ကင်းစေနိုင်သည်။

(၇) ရင်ဘတ်နာပါက အဖိုပွင့်ကို သံပုရာရည်ညှစ်ပြီး အသုပ်လုပ်စား ပေးရပါသည်။

 

No comments