New Artical

ဗီတာမင် ထမင်းထုပ်

 

ဗီတာမင် ထမင်းထုပ်

          ဒီထမင်းထုပ်လေးက ဖက်၊ ငှက်ပျောရွက်တို့နှင့် ထုပ်ထားတာမဟုတ်ဘဲ မုန်ညင်း ဖြူရွက်နှင့် ထုပ်ထားပြီး အဆာပလာမျိုးစုံပါဝင်တာကြောင့် တစ်နပ်ထဲနှင့် ဗီတာမင်ပေါင်း စုံရရှိနိုင်လို့ အထူးဟင်းလျာအနေနှင့် တင်ဆက်ပေးလိုက်ပါသည်။ ပါဝင်တဲ့ အသီးအရွက်တွေကို တစ်ညကြိုပြီး လှီးဖြတ်ထားနိုင်လို့ မနက်ရုံးသွားခါနီး အချိန်တိုတိုနှင့် ပြင်ဆင်သွားနိုင်မှာပါ။

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်   –   ၁၀ ကျပ်သား

    (ကျောခွဲ၊ ချေးကြောင်းထုတ်)

♦   ထမင်း (ဆန်လုံးညို)   –   ၁၅၀ ဂရမ်

    (၉ ဇွန်းစာ)

♦   မုန်လာဥနီ   –   ၁ လုံး

    (လေးထောင့်ပုံ သေးသေးလှီးထားပါ)

♦   ဂေါ်ရခါးသီး   –   ၁ လုံး

♦   မုန်ညင်းဖြူရွက်   –   ၅ ရွက်

♦   ပဲပင်ပေါက်   –   ၁ဝဝ ဂရမ်

♦   ငရုတ်သီးစိမ်း   –   ၅ တောင့်

♦   ပဲငံပြာရည်   –   စားပွဲဇွန်း ၅ ဇွန်း

♦   ကြက်သွန်ဖြူ   –   ၃ တက်

    (နုပ်နုပ်စဉ်းထားပါ)

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ဆီ   –   စားပွဲဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဂေါ်ရခါးသီးနှင့် မုန်လာဥကို အခွံခွာပြီး လက်မဝက်ခန့် အတုံးငယ်များ တုံးထားပါ။

၂။      ထမင်းကို တစ်ညကျိုချက်လျှင် ပိုကောင်းပါသည်။

၃။      မုန်ညင်းဖြူရွက်များကို ရေဆူဆူတွင် ၂ မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ကာ ရေခဲရေဖြင့် ခေတ္တစိမ်ပြီး ရေစစ်ပေး ထားပါ။

၄။     ထမင်းစကြော်ပါမည်။

၅။     ဆီကို အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။

၆။     မွှေးလာရင် မုန်လာဥနီနှင့် ဂေါ်ရခါးသီးထည့်ကြော်ပါ။

၇။     အသီးအရွက်များ နူးလာလျှင် ပုစွန်ထည့်ကြော်ပါ။ ငရုတ်သီးထည့်ပါ။

၈။     ပုစွန်ကွေးလာရင် ထမင်းထည့်ပြီး သမအောင်ရောမွှေပေးပါ။ ဆားဖြူး၊ ပဲငံပြာရည်ထည့်မွှေပါ။

၉။     ထမင်းကြော်ကျက်ခါနီးရင် ပဲပင်ပေါက်များကို ရောထည့်ပေးပြီး ငရုတ်ကောင်းဖြူးပြီး အဆုံးသတ်ပေးပါ။

၁၀။    ထမင်းထုတ်ဖို့ ပြင်ဆင်ပါမည်။

၁၁။    ရေနွေးဖျောထားသည့် မုန်ညင်းဖြူရွက်ပေါ်တွင် ကြော်ထားပြီးသား ထမင်းကိုတင်ပြီး အစတစ်ဖက်ကို ဆွဲလိပ်ကာ သွားကြားထိုးတံဖြင့် ထိန်းပြီးလျှင် ဗီတာမင် ထမင်းထုပ်ကို ရရှိပါပြီ။

►   အာဟာရပါဝင်မှုတန်ဖိုးများမှာ ဤဟင်းလျာတစ်ပွဲလုံးအတွက်

♦   ကယ်လိုရီ   –   ၄၁၈ ဂရမ်

♦   ကာဗွန်ဟိုက်ဒရိုက်   –   ၁၅၀ ဂရမ်

♦   ပရိုတင်း   –   ၃၈ ဂရမ်

♦   အဆီ   –   ၆ ဂရမ်

♦   အမျှင်ဓာတ်   –   ၁၂.၇ ဂရမ်

♦   ကိုလက်ထရောဓာတ်   –   ၁၈၉ ဂရမ်

Davy

No comments