New Artical

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့နည်းလမ်း (၇)သွယ်


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့နည်းလမ်း (၇)သွယ်ကို ပျိုမေတို့အတွက် စေတနာဖြင့် ရေးသားတင်ပြ ပေးလိုက်ပါတယ်

(၁) အနံ့ကို ဂရုစိုက်ပါ

အမျိုးသမီးရဲ့ ယောနိအတွင်းကနေ ထွက်လေ့ရှိတဲ့ အနံ့အသက် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးပါ။ ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်နဲ့ အျမန္ဆုံး ပြသပါ။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်မှာ ပုံမှန်မဟုတ်တဲ့ အနံ့အသက်ဟာ ရှေ့ပြေးနိမိတ် အ ဖြစ် နှစ်လ/သုံးလလောက် ကြိုပြီး လာတတ်ပါတယ်။ ဒါကို သိရင် မဖြစ်ခင် ကာကွယ်နိုင်ပါတယ်။

(၂) လိင်ဆက်ဆံဘက် မများပါနဲ့

သားအိမ်ခေါင်းကင်ဆာဟာ AIDS ရောဂါလိုပဲ လိင်ဆက်ဆံဘက် များရင် များသလောက် ဖြစ်နိုင်ချေပိုများပါတယ်။ မိမိ ရဲ့ လင်ခင်ပွန်းက အပျော်အပါးမက်မောသူ-ဟု ပုဂ္ဂိုလ်ရေးအရ သိထားရင်တော့ လိင်ဆက်ဆံတိုင်း အကာအကြယ္သုံး သင့်ပါတယ်။

(၃) ဆေးလိပ်အရက်ဖြတ်ပါ

ဆေးလိပ်အရက်ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ်တွေကို အများကြီးအနှောက်အယှက် ပေးပါတယ်။ ဆေးလိပ်အရက် ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ် အလိုလို တက္လာမွာပါ။

(၄) ပုံမှန်မဟုတ်သော လိင်ကိစ္စကို ရှောင်ပါ/ငြင်းပယ်ပါ

ညစ်ညမ်းဗွီဒီယိုဖိုင်တွေထဲမှာ ပါလေ့ရှိတဲ့ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသားတွေက အသစ်အဆန်းအနေနဲ့ တောင်းဆိုတတ်ပါတယ်။ ဒါဟာ သားအိမ်ကို ဘက်တီးရီးယားတွေ ကူစက်နို်ချေ အများဆုံး အခြေအနေဆိုတာ သတိရပါ။

(၅) အသီးအရွက်ကို များများစားပေးပါ

သဘာဝအသီးအရွက်တွေမှာ ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင်အဲဒီအသီးအရွက်တွေဟာ ခန္တာဗေဒရဲ့ ရောဂါကာကွယ်ရေးစနစ်ကို အရေးပါတဲ့ အကူအညီတွေ အများကြီးပေးနိုင်လို့ အမျိုးသမီးတို့ စွဲစွဲမြဲမြဲ စားသုံးသင့်ပါတယ်။

(၆) ကာကွယ်ဆေးထိုးပါ

HPV vaccination လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ဆေးထိုးပါ။ ဒါဟာ HIV အစရွိတဲ့ အခြားရောဂါဆိုးတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။

(၇) ပညာဉာဏ်နဲ့ ချင့်ချိန်ပါ

ဒီလို ရောဂါဆိုးကြီးတွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင် အသိဉာဏ်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် လိင်နဲ့ပတ် သက်ပြီး ကူးစက်တဲ့ ရောဂါတွေရဲ့ လက္ခဏာအရပ်ရပ်တွေကို စေ့စေ့ငင သိထားလေ မိမိအတွက် ကြိုတင်ကာကွယ်နိုင် လေပါ။ 

ဒါကြောင့် အဲဒီလို စာရွက်စာတမ်းတွေ ဝေတဲ့အခါ ယူဖို့ မရှက်ပါနဲ့။ အွန်လိုင်းပေါ်မှာလဲ လိုင်ပညာပေး ဆောင်းပါးများ တွေ့လျှင် လေ့လာဖတ်ရှု့ကြပါ။ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ရမှာပါ။

Source :auntymay

No comments