New Artical

ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း ကျေးဇူးပြုခဲ့ဖူးသူများကို အမျှဝေလျှက် ကျေးဇူးဆပ်ပါ….


ဗုဒ္ဓဘာသာ မြန်မာအများစုဖြစ်ကြ
လို့…အလှူ အတန်း ကုသိုလ်ကောင်းမှုဆိုတာ မွေးရာပါဗီဇလို့တောင် ပြောနိုင်ပါတယ်….

ကုသိုလ်ကောင်းမှုပြုပြီးတဲ့နောက်မှာလည်း မိမိပြုသမျှကုသိုလ်အဖို့အစုကို မဟာပထဝီမြေကြီးသက်သေတည်ထားလို့.. ၃၁ဘုံသားအပေါင်း ထပ်တူရကြစေရန် အမျှအတန်းပေးဝေကြတာ ထုံးတမ်းစဥ်လာပါဘဲ

အမျှပေးဝေရခြင်းရဲ့အကြောင်း -သာဓကအနေနဲ့ပြောရရင်…”ဘုရားရှင် လက်ထက်တော်အခါက…
“အဇာတသတ် “ရဲ့ဖခင် “ဗိမ္ဗိသာရမင်းကြီးဟာ –
အလှူကြီးပေးလှူပြီးနောက် အမျှဝေဖို့ရာ မေ့သွားခဲ့တယ်…ညပိုင်းရောက်တဲ့အခါမှာတော့..အတိတ်ဘဝတစ်ခုတုန်းက “ဗိမ္မသာရမင်းကြီးနဲ့… ဆွေမျိုးတော်စပ်ခဲ့ကြဖူးတဲ့ ပြိတ္တာများက “သာဓု”ခေါ်ဆိုခွင့်မရရှိတဲ့အတွက်ကြောင့်.. ထိတ်လန့်ဖွယ်ရာ အဆင်းသဏ္ဌာန် အနံ့တွေနဲ့ ခြောက်လှန့်ပါတော့တယ်။


ဒီအကြောင်းအရာကို ဘုရားရှင်ထံလျှောက်ထားတော်မူလေရာ…..”ဒါယကာမင်းကြီးနဲ့ အတိတ်ဘဝတစ်ခုတွင် ဆွေမျိုးတော်ခဲ့ဖူးသော ပြိတ္တာများသည်
ဒါယကာမင်းကြီး၏ အမျှပေးဝေခြင်းကို စောင့်စားခဲ့ကြရသည်မှာ ကမ္ဘာများစွာပင်ကြာခဲ့ရလေပြီ…

သို့ပါသော်လည်း…”မင်းကြီးသည် အလှူပြုပြီး
သောအခါတွင် ..အမျှပေးဝေမှု မပြုသဖြင့် “သာဓု”
ခေါ်ခွင့်မရ၍ ပြိတ္တာဘဝမှ မလွတ်မြောက်ကြသေးသောကြောင့် –သတိပေးခြောက်လှန့်ကြခြင်းဖြစ်
ကြောင်း”မိန့်တော်မူရာ..-နောက်တဖန် အလှူကြီးပေး၍ ကုသိုလ်၏အဖို့ကိုရည်စူးအမျှပေးဝေသောအခါမှသာ “သာဓု”ခေါ်ဆိုနိုင်ကြရပြီး ပြိတ္တာဘဝမှ လွတ်မြောက်ကြရလေသည်..။

ရည်စူးသော ပုဂ္ဂိုလ်/အမိအဖတို့၏ အမည်ကိုခေါ်ဆို၍ အမျှပေးဝေဖို့လိုလေသည်..

ထို့အတူ-အမိအဖတို့၏မျော်လင့်ချက်((၅)မျိုးထဲမှ နောက်ဆုံးဖြစ်သော “ငါတို့ သေလွန်ကြပြီးသည့် နောက် ငါတို့ရဲ့ သား/သမီးများသည် ကုသိုလ်
ကောင်းမှုများပြုလုပ်ကြကာ အမျှဝေခြင်း ပြုပေးကြရှာလိမ့်မည်”ဟူသော မျော်လင့်ချက်ကိုလည်းဖြည့်ဆည်းပေးရာရောက်ရောက်သလို ကျေးဇူးတုံ့ပြန် ဆပ်ရာလည်း မြောက်တော့၏…။

ဒါကြောင့် အသေးအဖွဲကုသိုလ်လေးကအစ ရည်စူးအမျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။မေတ္တာဖြင့်သာ- 

Ashinkhema caara

No comments